Kevin Mitnick |
RangonNewsDaily:: July 31, 2013
Mitnick ရဲ့ ဟက်ကာသမားဘ၀ဟာ စိတ်ဝင်စားမူတွေများစွာနဲ့ပြည့်နှက်နေပြီး
အမေရိကန်ရဲ့ ထိပ်တန်းအလိုရှိဆုံး ကွန်ပျူတာဟက်ကာ သမားအဖြစ်ရပ်တည်ခဲ့သူ့ပါ။ သူ့အကြောင်းကို ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့တဲ့အထိ လူအများရဲ့စိတ်ဝင်စားမူကိုရရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်တည်းက Los Angeles ရဲ့ Bus system ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး Bus ကား အလကားစီးခဲ့ပါတယ်။
အသက် ၁၆နှစ်အရွယ်ရောက်လာခဲ့တဲ့အချိန်မှာတော့
Digital Equipment Corporation (DEC) ရဲ့ Network ထဲကိုဝင်ရောက်ခဲ့ပြီး Software များကို Hack ခဲ့ပါတယ်။ အဲဒီအပြစ်အတွက်ကြောင့်ပဲ ထောင်ဒဏ် ၁နှစ်နှင့်အတူ ခံဝန်ကတိနဲ့ ၃နှစ် စတဲ့အပြစ်ဒဏ်များကိုကျခံခဲ့ရပါတယ်။ ခံဝန်ကတိနဲ့ ၃နှစ်ကိုကျခံနေပြီး အပြစ်ဒဏ်ပြည့်ခံနီးမှာပဲ
Pacific Bell ဆိုတဲ့ တယ်လီဖုန်း Service ကုမ္ပဏီတစ်ခုကို ထပ်မံဖောက်ထွင်းခဲ့တဲ့အတွက်ဝရမ်းပြေးအဖြစ် သတ်မှတ်ခံခဲ့ရပြန်ပါတယ်။
ဒီလိုနဲ့ပဲ ထောင်ကျလိုက် ခံဝန်ကတိနဲ့နေလိုက်ဖြင့် သံသရာလည်နေခဲ့ပေမယ့် Mitnick ဟာနောက်ပိုင်းမှာတော့သူများကို ဖောက်ထွင်းဝန်ရောက်ဖို့ထက် "Mitnick Security Consulting" ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး
ကုမ္ပဏီပေါင်းများစွာရဲ့ လုံခြုံရေးအားနည်းချက်များကို ရှာဖွေဖော်ထုတ်ပေးပြီး Hacker များ၏ရန်မှကာကွယ်နိုင်ရန်ကြိုးစားခဲ့ပါတယ်။ Mitnick ဟာအခုဆိုရင် အသက် ငါးဆယ်အရွယ်ရှိနေပြီး Black မှ White Hacker သို့ပြောင်းလဲသွားခဲ့ပါတယ်။
IT4M

RangonNewsDaily
kolatt (Pabedan): 31.7.2013
kolatt (Pabedan): 31.7.2013
No comments:
Post a Comment