Pages

Pages - Menu

Friday, July 19, 2013

DKBA ရဲ့ မူလတန်းကျောင်း

Photo: DKBA ရဲ့ မူလတန်းကျောင်း
Thursday, July 18, 2013

ကလို့ထူးဘော(DKBA)အဖွဲ့က ၎င်းတို့၏ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတခု ဖွင့်ပွဲကို ဌာနချုပ်တည်ရှိရာ မြ၀တီမြို့နယ်ဆုံဆည်းမြိုင်ရွာတွင် ယနေ့ကျင်းပခဲ့သည်။

ကလေးငယ် ၁၀၀ ခန့်ပညာသင်ကြားနေသည့်ကျောင်းတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်စဉ်   ကလို့ထူးဘော(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်က တိုင်းပြည်၏အနာဂတ်သည်  ပညာရေးတွင်မူတည်ကြောင်း ပြောသည်။

၎င်းက "ကျွန်တော်တို့တိုင်းပြည်မှာ အဓိကလိုအပ်နေတာက ပညာရေးပဲ။ ပညာရေးစနစ်ကောင်းမှ ပညာတတ်တွေရှိမှ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ပြီး တိုင်းပြည်တက်တက်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ကလေးငယ်တွေ ပညာတတ်မြောက်ဘို့အတွက်ကို ဦးစားပေး လုပ်ဆောင်တာဖြစ်တယ်" ဟု ပြောသည်။ 

ကျောင်းဆောင်သစ်ကို ယနေ့တွင်ကျရောက်သည့် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ၅၁ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်ဖွဲ့လှစ်ခြင်းဖြစ်သည်ဟုလည်း မွေးနေ့ရှင်ကပြောသည်။

ကျောင်းတွင် ဒေသခန့် ဆရာဆရာမ ၄ ဦးက အစိုးရ ပညာရေးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးလျက်ရှိသည်။

ကလေးငယ်တို့၏ မိဘများမှာ အနယ်နယ် အရပ်ရပ်မှ လာရောက်အခြေချသူများဖြစ်ပြီး ဒေသတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် အဓိက လုပ်ကိုင်နေကြသူများဖြစ်သည်။

 ကလို့ထူးဘော(DKBA)အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင်  ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း နှင့်လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု အဖွဲ့၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။

ဧရာဝတီ

Thursday, July 19, 2013

ကလို့ထူးဘော(DKBA)အဖွဲ့က ၎င်းတို့၏ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတခု ဖွင့်ပွဲကို ဌာနချုပ်တည်ရှိ
ရာ မြ၀တီမြို့နယ်ဆုံဆည်းမြိုင်ရွာတွင် ယနေ့ကျင်းပခဲ့သည်။ ကလေးငယ် ၁၀၀ ခန့်ပညာသင်ကြားနေသည့်ကျောင်းတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်စဉ် ကလို့ထူးဘော(
DKBA)စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလားပွယ်ကတိုင်းပြည်၏အနာဂတ်သည် ပညာရေးတွင်မူတည်ကြောင်း
 ပြောသည်။

၎င်းက "ကျွန်တော်တို့တိုင်းပြည်မှာအဓိကလိုအပ်နေတာကပညာရေးပဲ။ပညာရေးစနစ်ကောင်းမှပညာတတ်
တွေရှိမှ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ပြီး တိုင်းပြည်တက်တက်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ကလေးငယ်တွေ ပညာတတ်မြောက်ဘို့အတွက်ကို ဦးစားပေး လုပ်ဆောင်တာဖြစ်တယ်" ဟု ပြောသည်။

ကျောင်းဆောင်သစ်ကို ယနေ့တွင်ကျရောက်သည့် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ၅၁ မြောက် မွေးနေ့ အ
ထိမ်းအမှတ်အဖြစ် ဖွင့်ဖွဲ့လှစ်ခြင်းဖြစ်သည်ဟုလည်း မွေးနေ့ရှင်ကပြောသည်။

ကျောင်းတွင် ဒေသခန့်ဆရာဆရာမ၄ ဦးကအစိုးရ ပညာရေးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြား
aပးလျက်ရှိသည်။

ကလေးငယ်တို့၏ မိဘများမှာ အနယ်နယ် အရပ်ရပ်မှ လာရောက်အခြေချသူများဖြစ်ပြီး ဒေသတွင်းရှိ စိုက်
ပျိုးရေး လုပ်ငန်းခွင်များတွင် အဓိက လုပ်ကိုင်နေကြသူများဖြစ်သည်။

ကလို့ထူးဘော(DKBA)အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင် ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း နှင့်
လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု အဖွဲ့၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။

ဧရာဝတီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၉.၇.၂၀၁၃

No comments:

Post a Comment