Pages

Pages - Menu

Tuesday, July 9, 2013

မွန်ပြည်နယ် မြို့နယ်များအတွင်း တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးသွင်းလာသည့် ဇိမ်ခံကားမျိုး ၁၅၆ စီး ဖမ်းဆီးရမိ

Tuesday: kml :9.7.2013
တစ်ဖက်နိုင်ငံမှ တရားမဝင် အကောက်ခွန်မဲ့ ခိုးသွင်းလာသည့် ဇိမ်ခံကားများကို ဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူ၍ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ မော်
လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး၊ သထုံခရိုင် တပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက်အရ မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မြို့နယ်
အသီးသီးတွင် အကောက်ခွန်မဲ့ ဇိမ်ခံကားများကို ဖမ်းဆီးအရေးယူလျက် ရှိသည်။
မြို့နယ်အသီးသီးရှိ တပ်ဖွဲ့များသည် တစ်ဖက်နိုင်ငံမှ နည်းမျိုးစုံဖြင့်မွန်ပြည်နယ်အတွင်းသို့ခိုးသွင်းလာသော
ဇိမ်ခံကားများ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ဇူလိုင် ၆ ရက်အထိ ကားအစီးရေ ၁၅၆ စီး၊ အမှု ၁၅၆ မှု၊ တရားခံ ၆၉ ဦး ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ကားများကို ဖမ်းဆီးပြီး မြို့နယ်အသီးသီး
တွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) အရ အမှုဖွင့် အရေးယူထားသည်။ 

ဇိမ်ခံကားများသည် မော်လမြိုင်မြို့နယ်နှင့် အခြားမြို့နယ် များအတွင်း မောင်းနှင်သွားလာရာတွင် နေ့နံပါတ်
တစ်မျိုး၊ညနံပါတ်တစ်မျိုးဖြင့် မောင်းနှင်လျက်ရှိကြပြီးယာဉ်တိုက်မှုများ ဖြစ်ခြင်း၊လိုင်စင်ရှိသကဲ့သို့ မောင်းနှင်
နေခြင်းများအပေါ်သက်ဆိုင်ရာကဇိမ်ခံကားများကိုအချိန်မီ အရေးယူ တားဆီးခြင်း ဖြစ်သည်ဟု သိရသည်။ 

ဆက်လက်၍ တစ်ဖက်နိုင်ငံမှ နည်းအမျိုးမျိုးဖြင့် တင်သွင်းလာသည့် ဇိမ်ခံကားများကို နေ့စဉ်အဝင်အထွက် လမ်းဆုံများ၌ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဖမ်းဆီး အရေးယူသွားမည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဇူ
လိုင် ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်,  ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၉.၇.၂၀၁၃

No comments:

Post a Comment