Pages

Pages - Menu

Saturday, July 27, 2013

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်ဝင်လာသည့် ယခင်မြန်မာ နိုင်ငံသားအား ဥပဒေအရ အရေးယူပြီး၍ ပြည်နှင်ဒဏ်ပေး

27.7.2013

ထိုင်းနိုင်ငံသားအဖြစ် ခံယူထားပြီး တရားမ၀င် ပြန်လည်ဝင်လာသည့် Somchai Rakyodying (ခ)စိုင်းဆုတ် (ယခင်မြန်မာနိုင်ငံသား) အား လ၀က ဥပဒေအရ အရေးယူပြီးပြီ ဖြစ်၍ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်အရ အက်ဥပဒေ ပုဒ်မ ၇/၁ဖြင့် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူ Somchai Rakyodying (ခ)စိုင်းဆုတ်သည် မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပြန်လည်ဝင်ရောက် လာခဲ့ပြီး ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ သြဂုတ်အတွင်းက ရွှေဂုံတိုင်ဟိုတယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်သည် ယခင်က မြန်မာနိုင်ငံသားဖြစ်ပြီး ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ယင်းနောက် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရင်း ထိုင်းနိုင်ငံသားအဖြစ် ခံယူခဲ့ကြောင်း ရန်ကုန်မူးယစ် အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင်သိန်းက ပြောကြားသည်။
အဆိုပါ စိုင်းဆုတ် မြန်မာနိုင်ငံအတွင်း ပြန်ဝင်လာခြင်းနှင့် ပတ်သက်၍ ''သူက ထိုင်းမှာရှိတဲ့ ဂိုဒေါင်တစ်ခုမှာ အလုပ်လုပ်တယ်။ အဲဒီဂိုဒေါင်က စိတ်ကြွဆေးပြား လုပ်ရာမှာသုံးတဲ့ ဆူဖာဖက်ဒရင်း အတောင့်တွေကို ချွတ်ပြီးတော့ အမှုန့်လုပ်တယ်။
အမှုန့်လုပ်ပြီးတော့ စိတ်ကြွဆေးပြား ချက်တဲ့နေရာတွေကို ပို့တယ်။ ပို့တာတော့ အတိအကျ မသိဘူး။ သူ့ရဲ့တာဝန်က အဝေးပြေး ဂိတ်တွေကနေ သွားယူတယ်။ ယူပြီးရင် ချင်းမိုင်မှာရှိတဲ့ သူတို့ငှားထားတဲ့ အိမ်တစ်အိမ်မှာ သိမ်းထားတယ်။ လာသယ်တဲ့ အခါကျရင် သူကသော့ဖွင့်ပေးတယ်။ သူက အဲဒီ အလုပ်ကိုပဲ လုပ်ပေးရတယ်'' ဟု ရန်ကုန် မူးယစ်အထူးအဖွဲ့ (အနောက်ပိုင်း) ကြီးကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင်သိန်းက ပြောကြားသည်။

''တစ်နေ့မှာ သူတို့အိမ်ကို ရဲက ၀င်စီးတယ်။ အဲဒီမှာ ဆူဖာဖက်ဒရင်းတွေ အများကြီးတွေ့တယ်။ တွေ့တော့ စစ်လိုက်တော့ သူပါတယ်ဆိုတာ သိတယ်။ အဲဒီအချိန်မှာ သူ့ကို အစ်ကိုတို့ဆီမှာ သတင်းပေးထားတယ်။ ထိုင်းနိုင်ငံသား မြန်မာနိုင်ငံကို ထွက်ပြေးလာတယ်။ သူ့ကို ရွှေဂုံတိုင် ဟိုတယ်မှာ ဖမ်းမိတယ်'' ဟု ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ပြန်ဝင်လာသူ စိုင်းဆုတ်အား လ၀ကဥပဒေအရ အရေးယူကာ ဗဟန်းတရားရုံးမှ ထောင်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

''သူက ကျိုင်းတုံ ရပ်ကွက်(၂)မှာနေခဲ့တာ အဲဒီကလူတိုင်း သိပါတယ်။ သူ ၁၅ နှစ်လောက်မှာ ထိုင်းကိုသွားပြီး အလုပ်လုပ်တယ်။ ထိုင်းကို လူတိုင်းသွားပြီးတော့ အလုပ်လုပ် နေကြတာပဲ။ သူပြန်လာတော့ ထောင်တစ်နှစ်ချခံရတယ်'' ဟု စိုင်းဆုတ်၏ အစ်ကိုဝမ်းကွဲ ဖြစ်သူက ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံသားဖြစ်သူ စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်အဖွဲ့ (ONCB)မှ လက်ထောက် ညွှန်ကြားရေးမှူး Mr Sithisak Kallayanapradit နှင့် တာဝန်ရှိသူများထံသို့ မူးယစ်ပြတိုက်မှ ဒုတိယ ညွှန်ကြားရေးမှူး ဒုရဲမှူးကြီး မြင့်အောင်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းတွင် မူးယစ်ပြတိုက်၌ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
စိုင်းဆုတ်အား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးအပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
EMG , RangonNewsDaily
kolatt (Pabedan): 26.7.2013



No comments:

Post a Comment