Pages

Pages - Menu

Sunday, July 28, 2013

ဆွာရက်ဇ်ကို ပေါင် ၄၂.၅ သန်းဖြင့် အာဆင်နယ်က ကမ်းလှမ်းမည်ဟုဆို

RangonNewsDaily:: July 28, 2013

လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်အား လာမည့်သီတင်းပတ်ကုန် စနေနေ့တွင် အပြီးသတ် ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်ဂါးက ဆန္ဒရှိနေသည်။ အာဆင်နယ်၏ ရာသီကြိုပွဲစဉ် အိမ်းမရိတ်ဖလား ပြိုင်ပွဲအမီ ဆွာရက်ဇ်အား ဝင်းဂါးက စာချုပ်ခေါ်ယူ လိုခြင်းဖြစ်သည်။

အာဆင်နယ်သည် ဆွာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် စတာလင်၄၂.၅ သန်းဖြင့် တတိယအကြိမ် ကမ်းလှမ်းသွားမည်ဟု ဆိုသည်။ အမ်းမရိတ်ဖလား ပြိုင်ပွဲကို သြဂုတ်လ ၃ ရက်တွင် စတင်ယှဉ်ပြိုင် မည်ဖြစ်သည်။

အစောပိုင်းက ဆွာရက်ဇ်အား ပေါင်စတာလင် သန်း ၄၀ အပြင် ငွေသား ၁ ပေါင်ဖြင့် အာဆင်နယ်၏ ကမ်းလှမ်းမှုကို လီဗာပူးလ်က ပယ်ချထားခဲ့ပြီး ဖြစ်သည်။ သို့သော် လာမည့် သီတင်းပတ်ကုန်တွင် ကျင်းပမည့် အမ်းမရိတ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်ကစားသမားဖြစ် ဆွာရက်ဇ် ပါဝင်လာရန် လုပ်ဆောင်နိုင်မည်ဟု ဝင်းဂါးက မျှော်လင့်နေဆဲဖြစ်သည်။

အသက် ၂၆ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးလ်မှ ထွက်ခွာလိုကြောင်း ဖွင့်ဟထားပြီးဖြစ်သည်။ လီဗာပူးလ် မန်နေဂျာ ရော့ဂျာကမူ အာဆင်နယ်သို့ ပြောင်းရွှေ့ပါက အမှားကြီး မှားလိမ့်မည်ဟု ဆွာရက်ဇ်အား သတိပေးထားသည်။

ဆွာရက်ဇ်နှင့် လီဗာပူးလ်အသက်း ချုပ်ဆိုထားသော စာချုပ်အရ ပေါင်စတာလင် သန်း ၄၀ နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါအသင်းနှင့် ဆွေးနွေး ခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထားသည်။ အာဆင်နယ်က ထိုအချက်ကို အခွင့်ကောင်းယူကာ ပေါင်စတာလင် သန်း ၄၀ ထက်ပိုသော ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းခြင်းဖြစ်သည်။ 


လီဗာပူးလ်အနေဖြင့် အာဆင်နယ်၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း ကစားသမားကိုယ်တိုင်က အသင်းပြောင်းခွင့် တောင်းဆိုလာလျှင် စာချုပ်သတ်မှတ်ချက်အရ အကျုံးဝင်မည်ဖြစ်ပြီး လီဗာပူးလ်အတွက် ဆွာရက်ဇ်ကိုထိန်းထားနိုင်ရန် ခက်ခဲသွားမည်ဖြစ်သည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 28.7.2013

No comments:

Post a Comment