Pages

Pages - Menu

Saturday, July 6, 2013

တောင်ငူတွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ

Photo: တောင်ငူတွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ
Saturday, 06 July 2013

တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘုရင့်နောင်ဈေးရှိ Mobile House ဟန်းဆက် အရောင်းဆိုင်တွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဟန်းဆက်များ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား ခဲ့ကြောင်း တောင်ငူမြို့
နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဟန်းဆက်ဆိုင်တွင် ဇူလိုင် လ ၅ ရက်နေ့ နံနက်ပိုင်းက ဆိုင်ခန်း ဖွင့်လှစ်ရာ မှန်အရောင်းကောင်တာ အတွင်းရှိ HUAWEI ဟန်းဆက်များ အပါအဝင် ဟန်းဆက် ၁၄ လုံး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း Mobile House ဟန်းဆက် အရောင်းဆိုင်ရှင် ဒေါ်နီလာကျော်က ရှင်းပြသည်။

ဟန်းဆက်များ ဖောက်ထွင်းခံရမှုကို ဆိုင်ပိုင်ရှင်ဘက်မှ အမှုဖွင့်လှစ်ထားခြင်း မရှိသော်လည်း အမှတ် (၁) ရဲစခန်းက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခံရမှုသည် တောင်ငူမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မေလ နောက်ဆုံးပတ်တွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ နာရီများ ဖောက်ထွင်းခံရကြောင်း တောင်ငူမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

Saturday, 06 July 2013

တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘုရင့်နောင်ဈေးရှိ Mobile House ဟန်းဆက် အရောင်းဆိုင်
တွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဟန်းဆက်များ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား ခဲ့ကြောင်း
 တောင်ငူမြို့နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ဟန်းဆက်ဆိုင်တွင် ဇူလိုင် လ ၅ ရက်နေ့ နံနက်ပိုင်းက ဆိုင်ခန်း ဖွင့်လှစ်ရာ မှန်အရောင်းကောင်တာ အတွင်းရှိ HUAWEI ဟန်းဆက်များ အပါအဝင် ဟန်းဆက် ၁၄ လုံး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း Mobile House ဟန်းဆက် အရောင်းဆိုင်ရှင် ဒေါ်နီလာကျော်က ရှင်းပြသည်။

ဟန်းဆက်များ ဖောက်ထွင်းခံရမှုကို ဆိုင်ပိုင်ရှင်ဘက်မှ အမှုဖွင့်လှစ်ထားခြင်း မရှိသော်လည်း အမှတ် (၁) ရဲ
စခန်းက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခံရမှုသည် တောင်ငူမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မေလ
နောက်ဆုံးပတ်တွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ နာရီများ ဖောက်ထွင်းခံရကြောင်း တောင်ငူမြို့နယ် ရဲစ
ခန်းထံမှ သိရှိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 6.7.2013

No comments:

Post a Comment