Pages

Pages - Menu

Wednesday, July 17, 2013

ရာဇာမင်း ခရီးသည်တင်ယာဉ်အား လုယက်၍ လူသတ်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး

Photo: ရာဇာမင်း ခရီးသည်တင်ယာဉ်အား လုယက်၍ လူသတ်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး


၈-၆-၂၀၁၃ ရက်နေ့ ၂၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းအကွေ့တွင် ကျိုက္ခမီ-ရန်ကုန် ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/××××အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာ သည့် ခရီးသည်များအနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည်မသိလူ(၅)ဦးတို့မှ ယာဉ်အား အနီးရှိတော်ထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွှေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး(၄၈၈၇၀၀၀ိ/)ခန့်အား ယူဆောင်သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း(ပ)၉၀/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ် နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြစ်မှုကျူးလွန်သူများရောက်ရှိ ခိုအောင်းနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သတင်းစုံစမ်းရေးအဖွဲ့များ စေလွှတ်၍ စုံစမ်းခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေး ခြင်း နှင့် ယာဉ်အ၀င်/အထွက်သွားလာမှုများအား ပိုက်စိပ်တိုက်စစ်ဆေးဆောင်ရွက်ခဲ့သည်။

စုံစမ်းချက်များအရ ၉-၆-၂၀၁၃ ရက်နေ့ ၁၉၀၀အချိန်တွင် သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးရှိ ရာဘာခြံ လုပ်သားများအား အမည်မသိလူများမှခေါ်ယူ၍ လမ်းပြခိုင်းကြောင်း သတင်းအရ ညောင်ချောင်းကျေးရွာသို့ သွားရောက်စုံစမ်းခဲ့ရာ ၉-၆-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် အမည်မသိလူ(၄)ဦးေ၇ာက်ရှိလာပြီး လမ်းပြ ပေးရန် လာခေါ်ခဲ့ကြောင်း၊ 

အဆိုပါလူ(၄)ဦးတွင် ၀င်းဗိုလ်ဆိုသူပါဝင်ကြောင်း၊ ၀င်းဗိုလ်(၃၅)နှစ်မှာ အလုပ် အကိုင် အတည်တကျမရှိဘဲ မိန်းမ(၃/၄)ဦးခန့် ယူထားကြောင်း၊ ၀င်းဗိုလ်မှာ လွန်ခဲ့သော(၂)နှစ်ခန့်က ဘုန်းကြီး ၀တ်ဖြင့်ပင် မြ၀တီဘက်သို့ထွက်ခွာ သွားခဲ့ရာ ပြန်လာခဲ့ခြင်းမရှိကြောင်း၊ 

ဝင်းဗိုလ်တို့(၄)ဦးအား လိုက်ပို့စဉ် ကျန်လူများမှာ ခပ်လှမ်းလှမ်းမှလိုက်ပါခဲ့ကြောင်း၊ ၄င်းနောက် ဖားပိုင်ကုန်းကျေးရွာသို့သွားသည့် လမ်းအတိုင်း ဆက်လက် ထွက်ခွာသွားကြောင်းသိရှိ၇သည်။

စစ်ဆေးရေးအဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရသူ ၀င်းဗိုလ်၏ဓာတ်ပုံအား ဆက်စပ်နယ်မြေ ရဲစခန်းများသို့ ပေးပို့စုံစမ်းခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ဓာတ်ပုံ ပြသ၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးခြင်းများ၊ ၄င်းသွားလာတတ်သော ညောင်ချောင်းစခန်းကြီးများ၊ ထန်းပင်ကုန်းရွာ၊ တောင်ကြားရွာများတွင် ၀င်းဗိုလ်၏သတင်းရရှိရေးအတွက်
စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

သတင်းဘုရင်

၈-၆-၂၀၁၃ ရက်နေ့ ၂၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ရန်ကုန်
-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းအကွေ့တွင် ကျိုက္ခမီ-ရန်ကုန် ရာဇာ
မင်း ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/××××အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့်ခရီးသည်များအနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည်
မသိလူ(၅)ဦးတို့မှ ယာဉ်အား အနီးရှိတော်ထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်
ပေါ်ပါ ခရီးသည်များထံမှ ရွှေ၊ ငွေပစ္စည်းများစုစုပေါင်းတန်ဘိုး(၄၈၈၇၀၀၀ိ/)ခန့်အား ယူဆောင်သွားပြီး ယာဉ်
နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့သ
ဖြင့် သထုံမြို့မရဲစခန်း(ပ)၉၀/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ
တပ် နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြစ်မှုကျူးလွန်သူများရောက်ရှိ ခိုအောင်းနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သတင်းစုံစမ်းရေးအဖွဲ့များ စေလွှတ်၍ စုံစမ်းခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေး ခြင်း နှင့် ယာဉ်အ၀င်/အထွက်သွားလာမှုများအား ပိုက်စိပ်တိုက်စစ်ဆေးဆောင်ရွက်ခဲ့သည်။

စုံစမ်းချက်များအရ ၉-၆-၂၀၁၃ ရက်နေ့ ၁၉၀၀အချိန်တွင် သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးရှိ ရာ
ဘာခြံ လုပ်သားများအား အမည်မသိလူများမှခေါ်ယူ၍ လမ်းပြခိုင်းကြောင်း သတင်းအရ ညောင်ချောင်းကျေး
ရွာသို့ သွားရောက်စုံစမ်းခဲ့ရာ ၉-၆-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် အမည်မသိလူ(၄)ဦးေ၇ာက်ရှိလာ
ပြီး လမ်းပြ ပေးရန် လာခေါ်ခဲ့ကြောင်း၊

အဆိုပါလူ(၄)ဦးတွင် ၀င်းဗိုလ်ဆိုသူပါဝင်ကြောင်း၊ ၀င်းဗိုလ်(၃၅)နှစ်မှာ အလုပ် အကိုင် အတည်တကျမရှိဘဲ မိန်းမ(၃/၄)ဦးခန့် ယူထားကြောင်း၊ ၀င်းဗိုလ်မှာ လွန်ခဲ့သော(၂)နှစ်ခန့်က ဘုန်းကြီး ၀တ်ဖြင့်ပင် မြ၀တီဘက်
သို့ထွက်ခွာ သွားခဲ့ရာ ပြန်လာခဲ့ခြင်းမရှိကြောင်း၊

ဝင်းဗိုလ်တို့(၄)ဦးအား လိုက်ပို့စဉ် ကျန်လူများမှာ ခပ်လှမ်းလှမ်းမှလိုက်ပါခဲ့ကြောင်း၊ ၄င်းနောက် ဖားပိုင်ကုန်း
ကျေးရွာသို့သွားသည့် လမ်းအတိုင်း ဆက်လက် ထွက်ခွာသွားကြောင်းသိရှိ၇သည်။

စစ်ဆေးရေးအဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည်ဟုယူဆရသူဝင်းဗိုလ်၏ဓာတ်ပုံအားဆက်စပ်နယ်
မြေရဲစခန်းများသို့ ပေးပို့စုံစမ်းခြင်း၊အခင်းဖြစ်စဉ်ကယာဉ်ပေါ်တွင်လိုက်ပါလာသည့်ခရီးသည်များအားဓာတ်
ပုံ ပြသ၍ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူဟုတ်/မဟုတ်တိုက်ဆိုင်စစ်ဆေးခြင်းများ၊၄င်းသွားလာတတ်သော
 ညောင်ချောင်းစခန်းကြီးများ၊ ထန်းပင်ကုန်းရွာ၊ တောင်ကြားရွာများတွင် ၀င်းဗိုလ်၏သတင်းရရှိရေးအတွက်
စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

RangonNewsDaily
kolatt (Pabedan): 17.7.2013

No comments:

Post a Comment