Pages

Pages - Menu

Friday, July 19, 2013

ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်

Photo: ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှ သက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ်လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future  က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိ ရသည်။

ထိုလုပ်ငန်း ၏ ဦးဆောင် ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စင်ကာပူတို့၌ လုပ် ငန်းများကို လာမည့်နှစ်တွင် တိုး ချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းက ထိုင်းလူမျိုးများ ကဲ့သို့ပင် အာဆီယံနိုင်ငံသားများ သည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြောသည်။ ''မြန်မာပြည်ကသူတွေဟာ အိမ်မှာ ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေ ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ကြ တယ်။ အဲဒါကြောင့် သူ တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော်တို့ ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။

''ရွှေဈေးနှုန်းဟာ အမေရိ ကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လို ထားသလဲဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့် မှန်း သည်။ ''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ်လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိက ကတော့ သူတို့ဆီမှာရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာက များတယ်။ လက်ရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော် ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။

Yangon Media Group
ညီလတ်
ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်။
ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှ သက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ်လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိ ရသည်။ ထိုလုပ်ငန်း ၏ ဦးဆောင် ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စင်ကာပူတို့၌ လုပ် ငန်းများကို လာမည့်နှစ်တွင် တိုး ချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းက ထိုင်းလူမျိုးများ ကဲ့သို့ပင် အာဆီယံနိုင်ငံသားများ သည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြောသည်။
 
 ''မြန်မာပြည်ကသူတွေဟာ အိမ်မှာ ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေ ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ကြ တယ်။ အဲဒါကြောင့် သူ တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော်တို့ ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။

''ရွှေဈေးနှုန်းဟာ အမေရိ ကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လို ထားသလဲဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့် မှန်း သည်။ 
 
''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ်လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ 
 
အဓိက ကတော့ သူတို့ဆီမှာရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာက များတယ်။ လက်ရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော် ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။

Yangon Media Group
ညီလတ် , RangonNewsDaily
kolatt (Pabedan): 19.7.2013

No comments:

Post a Comment