Pages

Pages - Menu

Tuesday, July 9, 2013

"ဂျပန်တွင် အပူဒဏ်ကြောင့် လူ ၃ ဦးသေဆုံးကာ ထောင်နှင့်ချီ၍ ဆေးရုံသို့ တင်ပို့ရ"

Tuesday, July 09, 2013

ဂျပန်နိုင်ငံတွင် အပူဒဏ်ကြောင့် တစ်ပတ်အတွင်း လူ ၃ ဦးသေဆုံးပြီး အခြား လူပေါင်း ၂,၅၀၀ ကို ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း အစိုးရက ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်ပြန်ပြောကြားသည်။ ယာမာနာရှီတွင် ယနေ့ အပူချိန်မှာ ၃၅ ဒီဂရီ ဆဲလ်စီယပ်စ် အထိ မြင့်တက်ခဲ့ပြီး အခြားနေရာများတွင်လည်း အပူချိန်မှာ ၃၅ ဒီဂရီ

ဆဲလ်စီယပ်စ်အထိ မြင့်တက်ခဲ့သည်။
ဇူလိုင်လ ပထမပတ်အတွင်း အပူဒဏ်ခံစားရမှုကြောင့် လူပေါင်း၂,၅၉၄ ဦးအား ဆေးရုံသို့တင်ပို့ခဲ့ရပြီး ယင်း
တို့အနက်မှ ၃ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အပူဒဏ်ကြောင့် သေဆုံးသူများနှင့် ဆေးရုံသို့တင်ပို့လိုက်ရသူများ၏၄၂ ရာခိုင်နှုန်းမှာအသက်
၆၅ နှစ်နှင့်

အထက်ရှိသူများဖြစ်ကြောင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီက ပြောကြားသည်။ ဂျပန်တွင်
ယခုသီတင်းများအတွင်း အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပေါ်နေသဖြင့် အစိုးရက အပူဒဏ်ကာကွယ်ရေး သတိပေး
ချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်။

Planet Myanmar Network , RangonNewsDaily
kolatt(PBDN): 9.7.2013

No comments:

Post a Comment