Pages

Pages - Menu

Monday, July 8, 2013

ရဲတပ်ဖွဲ့နှင့် သာကေတမြို့နယ် အနော်မာအရှေ့(၇)လမ်း လူထုထိပ်တိုက်တွေ့ပြီ

ဇူလိုင် ၇၊ ၂၀၁၃။ (ည ၁၁ နာရီဝန်းကျင်)

ရန်ကုန်မြို့၊ သာကေတမြို့နယ် အနော်မာအရှေ့(၇) လမ်းတွင် နေထိုင်သော လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနှင့်အတူ ဖမ်းဆီးပြီး ဖမ်းဆီးခေါ်ဆောင်စဉ် ယင်း အနော်မာအရှေ့(၇) လမ်း ရပ်ကွက်သူ ရပ်ကွက်သားများက ရဲတပ်ဖွဲ့ဝင်များအား ဘိန်းပစ်ပြီး မတရားဖမ်းဆီးသည်ဟု စွပ်ဆွဲပြောဆို၍ တုတ်၊ ဓါးများကိုင်ဆောင်ကာ လမ်းများကိုပိတ်ဆို့ထားကြောင်းသတင်းရရှိပါသည်။ ရဲတပ်ဖွဲ့မှ အသံချဲ့စက်ဖြင့် ဥပဒေအတိုင်းဖြေရှင်းကြရန် ထိုကဲ့သို့ ဥပဒေမဲ့ မလုပ်ဆောင်ကြရန် သတိပေး
ပြောဆိုနေတယ်လို့ သိရပါတယ်။ 
သို့သော လူအုပ်စုမှာ လူစုခွဲခြင်းမရှိဘဲ ဆက်လက်၍ ပိတ်ဆို့ ထားသောကြောင့် ယခုအခါ လုံထိန်း တပ်ဖွဲ့ဝင်များမှ လူအုပ်အား ဖြိုခွဲနေကြောင်း နောက်ဆုံးသိရှိရပါတယ်။

Myanmar Muslim Media , RangonNewsDaily
kolatt(PBDN): 7.7.2013

No comments:

Post a Comment