သျှမ်းရွာထဲ ၀င်စစ်သည့် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ ပစ္စည်းခိုးယူမှုများရှိ
၎ ၊၇ ၊ ၂၀၁၃
မြန်မာစစ်တပ်နှင့်ပန်းဆေးပြည်သူ့စစ်
ပူးပေါင်းအဖွဲ့များ ယခုလ ၁ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း)
နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာအတွင်း ၀င်ရောက်စစ်ဆေးခဲ့စဉ်
ရွာသားများပိုင် ဆိုင်ကယ်နှင့်အသုံးအဆောင် ပစ္စည်းများ ခိုးယူမှုများ
ရှိခဲ့ကြောင်း သိရသည် ။
သျှမ်းစစ်သားများ ရွာအတွင်း ခိုအောင်းနေသည်ဟု ယူဆ၍ ၄င်းနေ့ နေ့လည်ပိုင်းက
တစ်အိမ်တက်ဆင်း မွေနှောက် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး တံခါးပိတ်ထားသည့်
အိမ်များကို ဖေါက်ထွင်းဝင်ရောက်ကာ အသုံးအဆောင်ပစ္စည်းများ ကို
ယူဆောင်သွားကြောင်း ၄င်းရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“သျှမ်းစစ်သားတွေရှိတယ်ဆိုပြီး ဟိုပန်ရွာမှာ တစ်အိမ်တက်ဆင်းလိုက်စစ်တယ်
ဘာမှမတွေ့ပါဘူး။ တချို့လူတွေက တောထဲ မီးသွေးသွားဖုတ်တော့
အိမ်တံခါးပိတ်ထားတာပေါ့။ အဲဒါ တံခါးတွေသော့တွေဖျက်ပြီး အိမ်ထဲဝင်တယ်။ အိုက်
လျံရဲ့ အိမ်က ၁၂၅ ဆိုင်ကယ် အသစ်တစ်စီးနဲ့ ဓါတ်မြေသြဇာ ၂ အိတ် ယူသွားတယ်။
အိုက်စိုင်းရဲ့အိမ်ကတော့ ဘက် ထရီ အိုးတစ်လုံးယူသွားတယ် ။
နောက်တစ်အိမ်မှာကျတော့ ဆိုင်ကယ်အဟောင်းတစ်စီးကို ဖျက်ဆီးသွားကြတယ်။
ရွာဥက္ကဋ္ဌလည်းဘာမှ ၀င်မပြောရဲဘူး ။ သူတို့လုပ်သမျှခံနေရတာပဲ” ဟု သူက ပြောသည် ။
ခလရ ၄၅ တပ်ရင်းနှင့် ဦးကျော်လှိုင် ဦးဆောင်သည့်
ပန်ဆေးပြည်သူ့စစ်အဖွဲ့များက ရွာအတွင်း ၀င်ရောက် စစ်ဆေး ခြင်း ဖြစ်ပြီး
အဆိုပါအဖွဲ့များ စားသောက်စားရိတ်အတွက် တစ်အိမ်လျှင် ငွေကျပ်တစ်ထောင်စီ
ကောက်ယူခဲ့သေး ကြောင်းလည်း သိရသည် ။
သျှမ်းသံတော်ဆင့် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၄.၇.၂၀၁၃
No comments:
Post a Comment