Pages

Pages - Menu

Monday, July 22, 2013

ဦးဝီရသူ တရားပွဲ ဗုံးခွဲခံရမှုအပေါ် ဟင်္သာကိုးသောင်းစာရေးဆရာ၏အမြင်

 ၂၂.၇.၂၀၁၃
 ဦးဝီရသူကို ကြိုးကိုင်ထားတဲ့ ၉၆၉ အဖွဲ့ဝင်တွေရဲ့လက်ချက်ဘဲ ဖြစ်ရမယ်။ ဦးဝီရသူဟာ နဂိုကထဲက ၉၆၉ အဖွဲ့ဝင်တွေရဲ့ထိန်းချုပ်မှုအောက်မှာသူတို့ကြိုးဆွဲရာ က နေရတဲ့ နယ်ရုပ်ကလေးတစ်ရုပ် ဖြစ်တယ်။ ၉၆၉ အဖွဲ့က လက်ခံစီစဉ်ပေးထားတဲ့ တရားပွဲ တွေမှာ တရားဟောရတယ်။ တရားမဟောခင်မှာ ဦးဝီရသူကို အနီးကပ်စောင့်ရှောက်(ကြီးကြပ်) နေတဲ့သူတွေ စီမံပေးတဲ့ဖျော်ရည်(မူးယစ်ဆေးခပ်ထားတာဖြစ်နိုင်)ကို သောက်ရပါတယ်။ ဆေးက အမြဲခပ်နေတာတော့မဟုတ်ပါ။ လိုအပ်ရင် လိုအပ်သလိုခပ်ပုံရပါတယ်။ ဦးဝီရသူကိုယ်တိုင်က ဆေးသုံးခြင်း၊ကွမ်းစားခြင်း၊ဆေးလိပ်သောက်ခြင်း လုံးဝ မလုပ်ပါ။

ဦးဝီရသူဧ။် အချို့တရားခွေများတွင် ဆေးမူးနေခြင်းမှာ အမှန်ဖြစ်ပါသည်ဆေးခပ်၍ တရားဟောစေခြင်း ဖြစ် ပါသည်။

ဦးဝီရသူသည် စာသင်သားများအား စာဝါချခြင်း(ထိုသို့စာဝါချနိုင်ရန်အ တွက်-စာဖတ်ရခြင်း)-တရားပွဲများ (၉၆၉ အဖွဲ့မှစီစဉ်ပေးသည့်အတိုင်း)နယ်အနှံ့လိုက်ဟောရခြင်းကြောင့် အပြင်ထွက်ချိန်မရှိပါ။

အနယ်နယ်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်သောမှုခင်းသတင်းများ ဦးဝီရသူထံ ရောက်ရှိနေခြင်းမှာ ဦးဝီရသူအားအနီးကပ်ကြီးကြပ်လမ်းညွှန်မှုပေးနေသော ၉၆၉အဖွဲ့ဝင်များနှင့်ဦးဝီရသူကျောင်းတွင် ညအိပ်ညနေ အမြဲနေထိုင်ကြသော ရဲအထူးသတင်းတပ်ဖွဲ့(SB)-၃ဦးမှစုဆောင်းပြီး-မဟုတ်မမှန်လုပ်ကြံထားသောအချက်များ ဖြည့်စွက်တင်ပြထားခြင်းဖြစ်ပါသည်။

၎င်းတို့သည် ဦးဝီရသူဧ။် ပင်ကိုယ်အစ္စလာမ်မုန်းတီးသည့်စိတ်ကို
ပိုမိုဆိုးယွားလာစေရန်လုပ်ကြံနေကြခြင်းဖြစ်ပါသည်။

ကျွန်ုပ် မန္တလေးတွင်ရှိနေစဉ်ကဦးဝီရသူဧ။် အနီးကပ် သတင်းမှားပေးသူများဖြစ်ကြသည့် ၉၆၉ အဖွဲ့ မှ ဒေါ်မြင့်မြင့်ကြည်-ဗုဒ္ဓဘာသာ သာသနနုဂ္ဂဟအသင်းမှဆိုသူဦးမြင့်သူ တို့ဧ။် မဟုတ်မမှန်လုပ်ကြံ လီဆည်ပြီး ဦးဝီရသူသို့ တင်ပြတိုင်တန်းထားသည့်ပြသနာများကို ဦးဝီရသူထံတိုက်ရိုက်ရှင်းပြပြီး ဖြေရှင်းခဲ့ရပါသည်။

အဖြစ်မှန်ကို နားဝင်အောင်မှန်မှန်ကန်ကန်ရှင်းလင်းတင်ပြသည်ကိုဦးဝီရသူ လက်ခံခဲ့သည့်သာဓက များရှိပါသည်။

ထိုသို့အဖြစ်မှန်ရှင်းလင်းပေးနိင်ခဲ့သည်ကို မကျေနပ်၍ ၉၆၉ အဖွဲ့များက ကျွန်ုပ်အပေါ် ရန်ငြိုးထားခဲ့ကြပါသည်။

ဦးဝီရသူအားလည်း ကျွန်ုပ်နှင့်အဆက်အဆံမပြုရန် အယုံအကြည်မထားရန် တိုက်ရိုက်
ကန့်ကွက်သလို facebook မှလဲပြစ်တင်ဝေဖန်ခြင်းများပြုလုပ်ခဲ့ကြပါသည်။

လားရှိုးပြသနာကို ဦးဆောင်လုပ်ခဲ့သူတစ်ဦးဖြစ်သော သံဃာငယ်အရှင်အင်္ကုရ ကဆိုလျှင် "ဦးဝီရသူ အကြောင်းလာမပြောနဲ့-၀ီရသူက အခုနောက်ပိုင်း ကုလားတွေနဲ့ပေါင်းနေလို့-ကျုပ်တို့ ကသိပ်လက်ခံတာမဟုတ်ဘူး-ကျုပ် တို့က မစိုးရိမ်တိုက်ဟောင်းက ဦီက္ကုန္ဒာစက္က ပြောတာဘဲနားထောင် တာ-သူခိုင်းတာဘဲလုပ်တာ-ကျုပ် တို့က ၀ီရသူ့နောက်လိုက် မဟုတ် ဘူး-ဦးက္ကုန္ဒာစက္ကနောက်လိုက် "ဟု တိတိကျကျပြောဆိုခဲ့ဘူးပါသည်။

ဦးဝီရသူသည် ၉၆၉ အဖွဲ့ဝင်များဧ။်သဘောတူညီမှုမရဘဲ-ခွင့်ပြုချက်မရဘဲ ဘယ်နေရာသို့မျှ သွားလို့ မရပါ။

ဦးဝီရသူဧ။် facebook မှာလဲဦးဝီရသူလက်ထဲတွင်မရှိပါ။၉၆၉အဖွဲ့ဧ။် ထိန်းချုပ်မှုအောက်တွင်ရှိနေပါသည်။

ဦးဝီရသူ နှုတ်တိုက်ချပေးသောအရာများကို ၉၆၉အဖွဲ့ဝင်များက
စာရိုက်ခြင်းတင်ပေးခြင်းများ ရှိသ လို-ကွန်ပျူတာကိုင်သူက တင်ချင် ရာတင်မှုများလည်းရှိပါသည်။

စောပိုင်းရက်များက ကွန်ပျူတာကိုင်တွယ်ပြီး status တင်ပေးရန်တစ်လလျှင် လစာငွေ ၂သိန်း
ကျပ်ပေး၍ ငှားရမ်းခဲ့ဘူးပါသည်။ ထိုအခြေအနေများကိုထောက်ရှု့ ၍ယခု ဗုန်းဖောက်ခွဲခြင်းဖြင့် ၉၆၉ အဖွဲ့က ဦးဝီရသူကို လုံခြုံရေး အကြောင်းပြ၍ ပိုမိုတင်းကျပ်စွာချုပ်ကိုင်သွားနိုင်ရေးအတွက်-

၉၆၉ အဖွဲ့မှ ဦးဝီရသူထိတ်လန့် သွားအောင် ရည်ရွယ်၍ ခွဲခြင်း ဖြစ်မည်ဟု သုံးသပ်မိပါသည်။

Maungmaung Skw
RangonNewsDaily
kolatt (Pabedan): 22.7.2013

No comments:

Post a Comment