Pages

Pages - Menu

Monday, July 1, 2013

မန်ယူခေတ်သစ်ကို စတင်ပုံဖော်တော့မည့် မိုယက်စ်ကို ဗြိတိန်မီဒီယာများ စိတ်ဝင်တစားစောင့်ကြည့်

Photo: မန်ယူခေတ်သစ်ကို စတင်ပုံဖော်တော့မည့် မိုယက်စ်ကို ဗြိတိန်မီဒီယာများ စိတ်ဝင်တစားစောင့်ကြည့်
Monday, July 01, 2013

မန်ယူအသင်း ကို ၂၇ နှစ်တာပဲ့ကိုင်ကာ အင်္ဂလန် ပရီးမီးယားလိဂ်တွင်သာမက ကမ္ဘာ့ ချန်ပီယံဖလား၊ ဥရောပချန်ပီယံ ဖလားများရရှိစေခဲ့သည့် နည်းပြ ကြီးဖာဂူဆန်နေရာကို ဆက်ခံ မည့် ဒေးဗစ် မိုယက်စ် ၏ မန်ယူ ခေတ်သစ်နေ့ရက်မှာ ယနေ့(ဇူလိုင် ၁ရက်)က စတင်ပြီဖြစ်သည်။ ပရီးမီးယားလိဂ်ဘောလုံး လောက၏ အောင်မြင်မှုအရှိဆုံး ဂုဏ်ပုဒ်ကို ဖာဂူဆန်ရယူပေးခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် မန်ယူပုံရိပ်ကို ဖြန့် ကြက်နိုင်ခဲ့ရာ ၎င်းနေရာ ကို ဆက်ခံမည့် ဒေးဗစ်မိုယက်စ်၏ မန်ယူ ပထမဆုံးနေ့ရက်မှစတင် ကာ ဗြိတိန်မီဒီယာများစောင့်ကြည့် မေးခွန်းထုတ်လာခဲ့ပြီဖြစ်သည်။

ပရီးမီးယားလိဂ်တွငှ်စန- ခငေူ ဥညနဟု ခေါ်ဝေါ်နိုင်ခဲ့သည့် မော်ရင်ဟိုက ချဲလ်ဆီးနှင့် တစ် ကျော့ပြန်လာကာ ပရီးမီးယား လိဂ်နှင့် ချန်ပီယံလိဂ်ကိုပစ်မှတ် ထားလာခြင်း၊ မြို့ခံပြိုင်ဘက်ကြီး မန်စီးတီးက မာလာဂါ၊ ဗီလာရီး ရဲလ်တို့နှင့် ချန်ပီယံလိဂ်တွင်စွမ်း ဆောင်ရည်ကောင်းမွန်မှုကို ပြ သခဲ့သည့် နည်းပြပယ်လီဂရီနီကို ခန့်အပ်ခဲ့သလို အပြောင်းအရွှေ့ ဈေးကွက်တွင်လည်း ထိပ်တန်း အရည်အသွေးရှိ ကစားသမား ကို ခေါ်နိုင်ခဲ့ခြင်း၊ ဖာဂူဆန်၏ပြိုင်ဘက်ဟောင်းကြီး အာစင် ဝင်းဂါးက ပရီးမီးယားလိဂ်တွင် ဖလားရည်မှန်းချက်ကို အကောင် အထည်ပြန်ဖော်လာခဲ့ရာ ဒေးဗစ် မိုယက်စ်ကို စိန်ခေါ်စရာများပြည့် နှက်နေခြင်းပင်ဖြစ်သည်။

ဒေးဗစ်မိုယက်စ်၏ မန်ယူ ခေတ်သစ်နှင့်ပတ်သက်၍ွှ့နှကည သတင်းစာ အားကစားသုံး သပ်သူ ဟာရီရက်ဒ်နပ်က ပရီးမီး ယားလိဂ်ဖလားကို ရည်မှန်းလာ သည့် ငါးသင်းထဲမှ နည်းပြသစ် သုံးဦး၏အသင်းများမှာ ဖလား ရရေး စိန်ခေါ်မှု က အလွန်ကြီးမား လိမ့်မည်ဖြစ်ကြောင်း၊ အထူးသ ဖြင့် မြို့ခံပြိုင်ဘက်မန်စီးတီး၏ ယမန်နှစ်အငြှိုးက မန်ယူကို ဘော လုံးရာသီသစ်တွင် အခက်ကြုံလာ နိုင်စရာရှိကြောင်း၊ ချဲလ်ဆီးနှင့် မန်စီးတီးအသင်းများက ထိပ်တန်း အရည်အသွေးရှိကစားသမားများ ဖြင့် အင်အားသွေးသစ်လောင်း နေသော်လည်း အပြောင်းအရွှေ့ ဈေးကွက်တွင် ခြေငြိမ်နေသည့် မန်ယူအနေဖြင့် နာမည်ကြီးကစား သမားများကိုခေါ်ပြီး ပရီးမီးယား လိဂ်ချန်ပီ ယံကို ကာကွယ် ရန် ပြင်ဆင်သင့်ကြောင်း သုံးသပ်ခဲ့သည်။

ထို့အပြင် မန်ချက်စတာ ညနေခင်းသတင်းစာက ရူနီနှင့် ရှေ့ဆက် မည်သို့လုပ်ဆောင်မည် နည်း၊ ရီးရဲလ်အနာဂတ် မရေမရာ ဖြစ်လာသည့် စီရော်နယ်ဒိုနှင့် ပြန် လည်ပေါင်းထုတ်ရေးဇာတ်လမ်း၊ ထွက်ခွာသွားခဲ့သည့် လက်ထောက် နည်းပြများ၊ ပထမအသင်းနည်း ပြများနေရာကို အစားထိုးသူများ က မန်ယူအသင်းသားများနှင့် အထိုင်ကျစေရန် မည်သို့ဆောင် ရွက်သွားမည်နည်း၊ ရာသီအစပွဲ ကျပ်များကို မည်သို့ဖြေရှင်းသွား နိုင်မည်ကို မေးခွန်း ထုတ် ခဲ့သည်။

မင်းသန့်

YMG

Monday, July 01, 2013

မန်ယူအသင်း ကို ၂၇ နှစ်တာပဲ့ကိုင်ကာ အင်္ဂလန် ပရီးမီးယားလိဂ်တွင်သာမက ကမ္ဘာ့ ချန်ပီယံဖလား၊ ဥရော
ပချန်ပီယံ ဖလားများရရှိစေခဲ့သည့် နည်းပြ ကြီးဖာဂူဆန်နေရာကို ဆက်ခံ မည့် ဒေးဗစ် မိုယက်စ် ၏ မန်ယူ
ခေတ်သစ်နေ့ရက်မှာ ယနေ့(ဇူလိုင် ၁ရက်)က စတင်ပြီဖြစ်သည်။ ပရီးမီးယားလိဂ်ဘောလုံး လောက၏ အောင်မြင်မှုအရှိဆုံး ဂုဏ်ပုဒ်ကို ဖာဂူဆန်ရယူပေးခဲ့ပြီး ကမ္ဘာတစ်ဝန်း
တွင် မန်ယူပုံရိပ်ကို ဖြန့် ကြက်နိုင်ခဲ့ရာ ၎င်းနေရာ ကို ဆက်ခံမည့် ဒေးဗစ်မိုယက်စ်၏ မန်ယူ ပထမဆုံးနေ့
ရက်မှစတင် ကာ ဗြိတိန်မီဒီယာများစောင့်ကြည့် မေးခွန်းထုတ်လာခဲ့ပြီဖြစ်သည်။

ပရီးမီးယားလိဂ်တွငှ်စန- ခငေူ ဥညနဟု ခေါ်ဝေါ်နိုင်ခဲ့သည့် မော်ရင်ဟိုက ချဲလ်ဆီးနှင့် တစ် ကျော့ပြန်လာ
ကာ ပရီးမီးယား လိဂ်နှင့် ချန်ပီယံလိဂ်ကိုပစ်မှတ် ထားလာခြင်း၊ မြို့ခံပြိုင်ဘက်ကြီး မန်စီးတီးက မာလာဂါ၊ ဗီ
လာရီး ရဲလ်တို့နှင့် ချန်ပီယံလိဂ်တွင်စွမ်း ဆောင်ရည်ကောင်းမွန်မှုကို ပြ သခဲ့သည့် နည်းပြပယ်လီဂရီနီကို ခန့်
အပ်ခဲ့သလိုအပြောင်းအရွှေ့ ဈေးကွက်တွင်လည်းထိပ်တန်းအရည်အသွေးရှိ ကစားသမားကို ခေါ်နိုင်ခဲ့ခြင်း
၊ ဖာဂူဆန်၏ပြိုင်ဘက်ဟောင်းကြီး အာစင် ဝင်းဂါးက ပရီးမီးယားလိဂ်တွင် ဖလားရည်မှန်းချက်ကို အကောင် အထည်ပြန်ဖော်လာခဲ့ရာ ဒေးဗစ် မိုယက်စ်ကို စိန်ခေါ်စရာများပြည့် နှက်နေခြင်းပင်ဖြစ်သည်။

ဒေးဗစ်မိုယက်စ်၏ မန်ယူ ခေတ်သစ်နှင့်ပတ်သက်၍ွှ့နှကည သတင်းစာအားကစားသုံး သပ်သူဟာရီရက်ဒ်
နပ်က ပရီးမီး ယားလိဂ်ဖလားကို ရည်မှန်းလာ သည့် ငါးသင်းထဲမှ နည်းပြသစ် သုံးဦး၏အသင်းများမှာ ဖလား
ရရေး စိန်ခေါ်မှု က အလွန်ကြီးမား လိမ့်မည်ဖြစ်ကြောင်း၊ အထူးသ ဖြင့် မြို့ခံပြိုင်ဘက်မန်စီးတီး၏ ယမန်နှစ်
အငြှိုးက မန်ယူကို ဘော လုံးရာသီသစ်တွင် အခက်ကြုံလာ နိုင်စရာရှိကြောင်း၊ ချဲလ်ဆီးနှင့် မန်စီးတီးအသင်း
များကထိပ်တန်းအရည်အသွေးရှိကစားသမားများ ဖြင့် အင်အားသွေးသစ်လောင်း နေသော်လည်း အပြောင်း
အရွှေ့ ဈေးကွက်တွင် ခြေငြိမ်နေသည့် မန်ယူအနေဖြင့် နာမည်ကြီးကစား သမားများကိုခေါ်ပြီး ပရီးမီးယား လိဂ်ချန်ပီ ယံကို ကာကွယ် ရန် ပြင်ဆင်သင့်ကြောင်း သုံးသပ်ခဲ့သည်။

ထို့အပြင် မန်ချက်စတာ ညနေခင်းသတင်းစာက ရူနီနှင့် ရှေ့ဆက် မည်သို့လုပ်ဆောင်မည် နည်း၊ ရီးရဲလ်အ
နာဂတ် မရေမရာ ဖြစ်လာသည့် စီရော်နယ်ဒိုနှင့် ပြန် လည်ပေါင်းထုတ်ရေးဇာတ်လမ်း၊ ထွက်ခွာသွားခဲ့သည့် လက်ထောက် နည်းပြများ၊ ပထမအသင်းနည်း ပြများနေရာကို အစားထိုးသူများ က မန်ယူအသင်းသားများ
နှင့် အထိုင်ကျစေရန် မည်သို့ဆောင် ရွက်သွားမည်နည်း၊ ရာသီအစပွဲ ကျပ်များကို မည်သို့ဖြေရှင်းသွား နိုင်
မည်ကို မေးခွန်း ထုတ် ခဲ့သည်။

မင်းသန့်
YMG , RangonNewsDaily
kolatt(PBDN): 1.7.2013

No comments:

Post a Comment