Pages

Pages - Menu

Monday, July 8, 2013

"အသင်းကို အင်အားဖြည့်မည်ဟု မန်ယူမန်နေဂျာ မိုယက်စ် ကတိပြု"

Photo: "အသင်းကို အင်အားဖြည့်မည်ဟု မန်ယူမန်နေဂျာ မိုယက်စ် ကတိပြု"
Monday, July 08, 2013

မန်ချက်စတာ ယူနိုက်တက် အသင်းပရိသတ်များအား မိမိတို့ အနေဖြင့် အသင်းအင်အား ဖြည့်တင်းရန်အတွက် လုပ်ဆောင်မည် ဖြစ်ကြောင်း မန်နေဂျာ ဒေးဗစ် မိုယက်စ်က ကတိပြု ပြောကြားလိုက်သည်။ 

ယူနိုက်တက်သည် ဆာအဲလက်စ် ဖာဂူဆန် ခေတ်လွန် မိုယက်စ် တာဝန်ယူချိန်တွင် အဓိက ကစားသမား အားဖြည့်ဝယ်ယူမှုမျိုး မလုပ်ဆောင်နိုင်သေးဘဲ ဥရုဂွေး လူငယ် ကစားသမားလေး ဂူလာမို ဗာရဲလားကိုသာ ပေါင်စတာလင် (၁)သန်းဖြင့် ဝယ်ယူထားသေးသည်။ 

ယူနိုက်တက်သည် ဘာစီလိုနာ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်ထရာကို ပေါင်စတာလင် (၁၇)သန်းဖြင့် ခေါ်ယူမည်ဟု သတင်းကြီးနေသော်လည်း လက်တွေ့ ဖြစ်မြောက် မလာသေးချေ။ မိုယက်စ်သည် MUTVနှင့် အင်တာဗျူးတွင် သီယာဂို ကိစ္စကို တိတိ
ကျကျ ပြောဆိုခြင်း မရှိသော်လည်း အသင်းအတွက် အားဖြည့်မှု
များ ပြုလုပ်မည်ဟုမူ အတည်ပြုသွားခဲ့သည်။

စကော့သား မန်နေဂျာက "ယူနိုက်တက်ဟာ ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ အမြဲလိုလို အနီးစပ်ဆုံး ရှိနေမှာပါ။ ပရိ
သတ်တွေကို ကျွန်တော် စွမ်းသလောက် လုပ်ဆောင်နေမယ် 
ဆိုတာကို အာမခံချင်ပါတယ်။ တချို့ကိစ္စတွေက ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ဆန်ဆန် လုပ်ဆောင်ရပါတယ်။ ဒါပေမဲ့ လက်ရှိ 
အင်္ဂလန် ချန်ပီယံ အသင်းကို ပိုတောင့်တင်း၊ ပိုအားကောင်း
လာအောင် ကျွန်တော် လုပ်ဆောင်နိုင်စွမ်း ရှိသမျှ အားလုံးကို
ပုံအောပြီး လုပ်ဆောင်ပေးသွားမယ်လို့ ပြောချင်ပါတယ်"ဟု ဆက်လက် ပြောဆိုသွားသည်။

ယူနိုက်တက်သည် ဗုဒ္ဓဟူးနေ့တွင် ရာသီကြို လေ့ကျင့်ရေး ခရီးစဉ် စတင်မည်ဖြစ်ပြီး သီယာဂို ကိစ္စကို ယင်းမတိုင်မီ အပြီးသတ်ရန်မှာမူ ခက်ခဲဖွယ် ရှိနေသည်။ ယူနိုက်တက်၏ လေ့ကျင့်ရေး ခရီးစဉ်တွင် အက်ရှ်လေယန်း၊ လူးဝစ်နာနီနှင့် ခရစ်စမောလင်းတို့ လိုက်ပါရန် မသေချာသော်လည်း အရန်အသင်းမှ ကွင်းလယ် ကစားသမားလေး အက်ဒ်နန် ဂျနူဇက်ဂ်ျကို နေရာပေးရန် မိုယက်စ်က စီစဉ်နေကြောင်း သိရှိရသည်။ 

Planet Myanmar Network

Monday, July 08, 2013

မန်ချက်စတာ ယူနိုက်တက်အသင်းပရိသတ်များအားမိမိတို့ အနေဖြင့်အသင်းအင်အား ဖြည့်တင်းရန်အတွက်
လုပ်ဆောင်မည် ဖြစ်ကြောင်း မန်နေဂျာ ဒေးဗစ် မိုယက်စ်က ကတိပြု ပြောကြားလိုက်သည်။ ယူနိုက်တက်သည်ဆာအဲလက်စ်ဖာဂူဆန် ခေတ်လွန်မိုယက်စ်တာဝန်ယူချိန်တွင် အဓိက ကစားသမား အား
ဖည့်ဝယ်ယူမှုမျိုး မလုပ်ဆောင်နိုင်သေးဘဲ ဥရုဂွေး လူငယ် ကစားသမားလေး ဂူလာမို ဗာရဲလားကိုသာ ပေါင်
စတာလင် (၁)သန်းဖြင့် ဝယ်ယူထားသေးသည်။

ယူနိုက်တက်သည်ဘာစီလိုနာကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်ထရာကို ပေါင်စတာလင် (၁၇)
သန်းဖြင့် ခေါ်ယူမည်ဟု သတင်းကြီးနေသော်လည်း လက်တွေ့ ဖြစ်မြောက် မလာသေးချေ။ မိုယက်စ်သည် MUTVနှင့် အင်တာဗျူးတွင် သီယာဂို ကိစ္စကို တိတိကျကျ ပြောဆိုခြင်းမရှိသော်လည်းအသင်းအတွက် အား
ဖြည့်မှုများ ပြုလုပ်မည်ဟုမူ အတည်ပြုသွားခဲ့သည်။

စကော့သား မန်နေဂျာက "ယူနိုက်တက်ဟာ ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ အမြဲလိုလို အနီးစပ်ဆုံး ရှိ
နေမှာပါ။ ပရိသတ်တွေကို ကျွန်တော် စွမ်းသလောက် လုပ်ဆောင်နေမယ် ဆိုတာကို အာမခံချင်ပါတယ်။ တ
ချို့ကိစ္စတွေက ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ဆန်ဆန် လုပ်ဆောင်ရပါတယ်။ ဒါပေမဲ့ လက်ရှိ အင်္ဂလန် ချန်ပီယံအ
သင်းကိုပိုတောင့်တင်း၊ပိုအားကောင်းလာအောင်ကျွန်တော်လုပ်ဆောင်နိုင်စွမ်း ရှိသမျှ အားလုံးကိုပုံအောပြီး
 လုပ်ဆောင်ပေးသွားမယ်လို့ ပြောချင်ပါတယ်"ဟု ဆက်လက် ပြောဆိုသွားသည်။

ယူနိုက်တက်သည် ဗုဒ္ဓဟူးနေ့တွင် ရာသီကြို လေ့ကျင့်ရေး ခရီးစဉ် စတင်မည်ဖြစ်ပြီး သီယာဂို ကိစ္စကို ယင်း
မတိုင်မီ အပြီးသတ်ရန်မှာမူ ခက်ခဲဖွယ် ရှိနေသည်။ ယူနိုက်တက်၏ လေ့ကျင့်ရေး ခရီးစဉ်တွင် အက်ရှ်လေ
ယန်း၊လူးဝစ်နာနီနှင့်ခရစ်စမောလင်းတို့ လိုက်ပါရန် မသေချာသော်လည်း အရန်အသင်းမှ ကွင်းလယ် ကစား
သမားလေး အက်ဒ်နန် ဂျနူဇက်ဂ်ျကို နေရာပေးရန် မိုယက်စ်က စီစဉ်နေကြောင်း သိရှိရသည်။

Planet Myanmar Network , RangonNewsDaily
kolatt(PBDN): 8.7.2013

No comments:

Post a Comment