Pages

Pages - Menu

Monday, July 1, 2013

မော်တော်ယာဉ် နံပါတ်ပြားများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အမှတ်တံဆိပ်များ ကပ်မည်

မော်တော်ယာဉ် နံပါတ်ပြားများတွင် ကနဦး ယာဉ်မှတ်ပုံတင် စတင်ပြုလုပ် သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အမည် အင်္ဂလိပ် အက္ခရာ အတိုကောက် စာလုံး စတစ်ကာ ကပ်ခြင်းများကို ဇူလိုင်လ ၈ ရက်မှစ၍ စတင်ပြုလုပ်တော့ မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၏ လက်ထောက် ညွန်ကြားရေးမှူး ဦးသိန်းထွဋ်က The Voice သို့ ပြောကြား သည်။ တစ်နိုင်ငံလုံးရှိ ကနဦး ယာဉ်မှတ်ပုံတင် ပြုလုပ်သည့် နေရာများ၌ ယာဉ် မှတ်ပုံတင် လာရောက် ပြုလုပ်သည့် မော်တော်ယာဉ် အားလုံးကို အဆိုပါ စတစ်ကာများကို ကပ်ပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။

ကနဦး ယာဉ်မှတ်ပုံတင် စတင်ပြုလုပ်သည့် တိုင်းဒေသကြီး ပြည်နယ်များကို အလွယ်တကူ သိရှိရန်နှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများက ၎င်းတို့ ဒေသအတွင်းရှိ မော်တော်ယာဉ် အစီးရေကို သိရှိနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

"ယာဉ်နံပါတ်ပြားရဲ့ မျဉ်းစောင်း အပေါ်လောက်မှာ သုံးစင်တီမီတာလောက် ရှိတဲ့ အဖြူရောင် စာလုံး သုံးလုံးလောက်ပဲ ကပ်မှာပါ" ဟု ဦးသိန်းထွဋ်က ဆိုသည်။

အဆိုပါ စတစ်ကာ ကပ်ခြင်းအတွက် ကျပ်တစ်ရာ ကျသင့်မည်ဖြစ်ပြီး တပ်ဆင်ပြီးမှ ပြန်လည်ခွာပါကလည်း အရေးယူမည်မဟုတ်ကြောင်း၊ မိမိ အစီအစဉ်ဖြင့် ပြင်ပတွင် ကပ်နိုင်ကာ ယခုသို့ပြုလုပ်ခြင်း အောင်မြင် ပါက ဖောင်းကြွ စာလုံးများနှင့် ပြုလုပ်သွားရန် စဉ်းစားထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းသို့ပြုလုပ်ခြင်းကို ကြိုက်နှစ်သက်ပြီး ယာဉ် မတော်တဆမှုများ ဖြစ်ပွား လျှင် စုံစမ်းမှုများ ပြုလုပ်ရာ၌ လွယ်ကူလာမည်ဖြစ်ပြီး စတစ်ကာစနစ်မှာ အလွယ်တကူ ကပ်နိုင်ခွာနိုင်သောကြောင့် ဖောင်းကြွစ
နစ်ဖြင့်သာ စတင် သင့်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် ဦးသန်းမြင့်က ဆိုသည်။

The Voice Weekly, RangonNewsDaily
kolatt(PBDN): 1.7.2013

No comments:

Post a Comment