Thursday, 11 July 2013
တရုတ်နိုင်ငံတွင် မိုးသည်းထန်စွရွာသွန်းရာမှ မြေပြိုမှုများ ဖြစ်ပေါ်ရာလူ(၉)ဦး သေဆုံးပြီး (၆၂)ဦးမျှ ပျောက်
နကြောင်း သိရှိရသည်။
ဗုဒ္ဓဟူးနေ့မှစကာ နိုင်ငံ အနောက်တောင်ပိုင်း ဒေသများရှိ ကျေး ရွာအချို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အိမ်နှင့် တံတားအချို့ ပြိုကျ ပျက်စီးခဲ့သည်။
ထို့အပြင်လမ်းပမ်းဆက်သွယ်ရေးများပိတ်ဆို့ပြီးဒါဇင်ပေါင်း များစွာသော ကျေးရွာများနှင့် အဆက်အသွယ်
ထို့အပြင်လမ်းပမ်းဆက်သွယ်ရေးများပိတ်ဆို့ပြီးဒါဇင်ပေါင်း များစွာသော ကျေးရွာများနှင့် အဆက်အသွယ်
ပြတ်နေကြောင်း သတင်းများက ဆိုသည်။ တနင်္လာနေ့မှ
စတင်ကာ ဆီချွမ်တွင် မိုးသက်လေပြင်း တိုက်ခတ်
မှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၁.၄၅) သန်းကျော်သည် ဆိုးရွားသော ရာသီဥတုဒဏ်ကို ခံစားခဲ့ကြရသည်။
ဆီချွမ်ကဲ့သို့ တောင်ထူထပ်သော နေရာများတွင်ရာသီဥတုဆိုးရွားမှု၏ နောက်ဆက်တွဲအဖြစ် မြေပြိုမှုများ
ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက ဇိုဇင်းမြို့နယ်တွင် မြေပြိုမှုများ ဖြစ်
ပွားရာ
(၉)ဦး သေဆုံးပြီး (၂၁) ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ပြော ကြားခဲ့သည်။ CCTV သတင်း
ဌာနက အရှိန်အဟုန်နှင့် စီးဆင်းနေသော ရွှံ့ရည်များ ဖြတ်သန်းနေသော
အပျက်အစီးများကို ပြသခဲ့သည်။
ဗုဒ္ဓဟူးနေ့က နောက်ထပ် မြေပြိုမှုတစ်ခု ဖြစ်ပွားရာ လူ(၂၀၀၀)မျှသည် ဥမင်တစ်ခုထဲတွင် ပိတ်မိနေခဲ့သေး
သည်။ လတ်တလောတွင် ဘီချွန်းခရိုင်ရှိ အဓိက
လမ်းပိုင်းကို ရှင်းလင်းမှုများ အရေးပေါ် လုပ်ဆောင်နေရ
သည်။ ယင်းသည်
ကျေးရွာပေါင်း (၄၀)ကျော်ကို ဆက်သွယ်ပေးသည့် လမ်းလည်းဖြစ်သည်။ လတ်တလော
တွင်မုန်တိုင်းများကြောင့်ဆီချွမ်မှ လူပေါင်း (၁၁၀၀၀၀)ကျော်ကို
နေရာပြောင်းရွှေ့ ပေးထားရကြောင်းလည်း
သိရှိရသည်။
Planet Myanmar Network , RangonNewsDaily
kolatt(PBDN): 10.7.2013
Planet Myanmar Network , RangonNewsDaily
kolatt(PBDN): 10.7.2013
No comments:
Post a Comment