Pages

Pages - Menu

Wednesday, July 3, 2013

သရုပ်ဆောင် ဖူးစုံ၏ လတ်တလော အနုပညာ လှုပ်ရှားမှု

သရုပ်ဆောင် ဖူးစုံ၏ လတ်တလော အနုပညာ လှုပ်ရှားမှု

ပရိသတ်ကြီးရဲ့ အချစ်တော် ဖူးစုံတစ်ယောက် အခုလတ်တလောမှာ ဘာတွေ လုပ်ဖြစ်နေလဲ ဆိုတာ ဖူးစုံနဲ့ တွေ့ဆုံခိုက် ယခုလို မေးမြန်း ခဲ့ပါတယ်။

''အခု လတ်တလော ကတော့ နှင်းဆီခရီးသည် အဖွဲ့နဲ့ စင်ကာပူမှာ ဖျော်ဖြေရေး သွားဖို့ ရှိပါတယ်။ အဲဒီ့ အတွက်ကိုလည်း အစ်မ အကတိုက် နေပါတယ်။ အစ်မက နှင်းဆီခရီးသည် ဆိုတဲ့ ခေါင်း စဉ်တေး သီချင်းနဲ့ ကရမှာ။

အငြိမ့်ကတယ် ဆိုတာ အစ်မတို့ အတွက် ရင်ခုန်မှု တစ်ခုပါပဲ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ပရိသတ်တွေနဲ့ Live ထိတွေ့ရတယ်။ အမြဲတမ်း ဂရုစိုက် ရတာပေါ့၊ သူများ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ပရိသတ်တွေ အတွက် ဖူးစုံတို့ရဲ့ အငြိမ့်ကို လာကြည့်ရင်ပဲ ခဏတာ အတွင်း ပျော်ရွှင်မှုတွေ ရမှာပါ။ 

အစ်မကို အားပေးနေတဲ့၊ အစ်မကို ချစ်တဲ့ ပရိသတ်ကြီးကို အများကြီး ကျေးဇူး တင်ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားမှာပါ'' ဖူးစုံချစ်တဲ့ ပရိသတ်ကြီး အတွက် ဖူးစုံရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေးကို တင်ပြပေး လိုက်ပါတယ်။ ။

ကောင်းကင်
Myawaddy News,  RangonNewsDaily
kolatt(PBDN): 3.7.2013

No comments:

Post a Comment