Pages

Pages - Menu

Monday, July 15, 2013

ရခိုင် အနောက်ဘက် နယ်စပ် လုံခြုံရေး ပြည်ထဲရေးက လွှဲပြောင်းယူ

Photo: ရခိုင် အနောက်ဘက် နယ်စပ် လုံခြုံရေး ပြည်ထဲရေးက လွှဲပြောင်းယူ
Monday, July 15, 2013

ယခင်က ကာကွယ်ရေး ၀န်ကြီးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သော ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြုံရေးကို ယခုအခါ ပြည်ထဲရေး ၀န်ကြီးဌာနမှ လွဲပြောင်း ကိုင်တွယ်တော့မည် ဖြစ်ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တစ်ဦးက အခုအခါ မောင်တောမြို့နယ် လုံခြုံရေးကို ထိန်းသိမ်း ကွပ်ကဲရန် အတွက် ရဲမှူးကြီး ဦးကိုကိုဦး ကိုယ်တိုင်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“ အခု ရန်ကုန်တိုင်းက  ရဲမှူကြီး ကိုကိုဦး ကိုယ်တိုင်ရောက်ရှိနေပါပြီ။ တာဝန်တွေကို လွဲပြောင်း ယူလိုက်ပါပြီ။ အခုဆိုရင် နောက်ထပ် ရဲတပ်ရင်း (၂) ခုလည်း လာနေပါပြီ။ ပြည်ထဲရေးက တိုက်ရိုက် ကိုင်သွားမှာပါ” ဟု ဆိုသည်။

ယခင် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လုံခြုံရေးကို ကာကွယ်ရေး ၀န်ကြီးဌာနမှ နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးရေး ကွပ်ကဲမူ ဌာနချုပ် (နစက)ကို အစိုးရ ဌာနဆိုင်ရာ အဖွဲ့ (၄) ဖွဲ့ဖြင့် ဖွဲ့စည်းပြီး ကိုင်တွယ်ခဲ့သည်။ နစကထဲတွင် စစ်တပ်၊ ရဲ၊ လ၀ကနှင့် အကောက်ခွန်ဌာတို့ ပါဝင်သည်။ နစက တပ်ဖွဲ့မှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ပေါက်တောမြို့နယ်တို့တွင် တပ်စွဲခဲ့ပြီး အင်အား ၁၂၀၀ ကျော်ရှိသည်။

“ နစက တပ်ဖွဲ့ကို ဖျက်သိမ်းရတာက တစ်ခြားအကြောင်း မဟုတ်ပါဘူး။ လက်ရှိ နိုင်ငံတော်က သွားနေတဲ့ ပုံစံနဲ့ နစက ဖွဲ့စည်းပုံက မကိုက်ညီတော့တဲ့ အတွက် ဖျက်သိမ်းလိုက်တာပါ” ဟု သူက ဆိုသည်။

နစက တပ်စခန်းများနေရာတွင် ယခုအခါ ရဲ (လုံထိန်းတပ်သား) များဖြင့် အစားထိုးနေပြီ ဖြစ်ကြောင်း သူက ဆိုသည်။ နစက တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သော ၀န်ထမ်းများ အနေဖြင့်လည်း ဌာနဆိုင်ရာ အလိုက် မိခင် အဖွဲ့အစည်းသို့ ပြန်နေကြပြီဟု ဒေသအတွင်းက လာသော သတင်းများတွင် ဖေါ်ပြသည်။

နစကကို ဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီး ပိုမို တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း အမည်မဖေါ်လိုသူ ကျောင်း ဆရာ တစ်ဦးကလည်း ပြောသည်။

“ စိုးရိမ်မူ မရှိပါဘူး။ အထက်အာဏာပိုင်တွေက လုံခြုံရေး သေသေချာချာ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေး အခြေအနေ ရှေ့ကထက် ပိုကောင်းလာမယ်လို့ မြင်ပါတယ်။ ကြားရတာကလည်း တကယ် တိုင်းပြည်ချစ်တဲ့ ပုဂ္ဂိုလ်တွေကိုဘဲ နိုင်ငံတော်က ရွှေးချယ်ခန့်ထားမယ်လို့ ကြားရပါတယ်”ဟု ဆိုသည်။

၎င်းပြင် မောင်တောမြို့နယ်နှင့် တောင်ပြိုမြို့နယ်ခွဲမှာ အစိုးရမှသတ်မှတ်ထားသော ဝေးလံ ခေါင်ဖျား ဒေသတွင် ပါဝင်၍ အစိုးရ ၀န်ထမ်းများအနေဖြင့် လစာ နှစ်ဆ ရရှိကြသဖြင့် လာဘ်ပေး လာဘ်ယူမူများ လျှော့ကျသွားနိုင်ကြောင်း သူက ဆိုသည်။ သို့သော်လည်း အဆိုပါ လစာနှစ်ဆကို ယခင် နစက တပ်ဖွဲ့ဝင်များ ခံစားခွင့်မရရှိခဲ့ကြဟု သိရသည်။

နစကတပ်ဖွဲ့ ကို ဖျက်သိမ်းးပြီးနောက် မောင်တောမြို့နယ် အခြေအနေကို အောင်ဗလ ဆရာတော်ကြီးအား လျှောက်ထားမေးမြန်းရာ အခြေအနေမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိကြောင်း ပြောကြားသည်။

ဆရာတော်ကြီးမှလည်း ယခုအခါ မောင်တောမြို့နယ် လုံခြုံရေးကို ပြည်ထဲရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်မည်ဟု ကြားသိရကြောင်း၊ အခြေအနေများ တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

narinjara

ယခင်က နစက တပ်ဖွဲ့ဝင်များ မောင်တော နယပ်စပ်တွင် ကင်လှည့်နေသည်ကို တွေ့ရစဉ်။
ယခင်က နစက တပ်ဖွဲ့ဝင်များ မောင်တော နယပ်စပ်တွင် ကင်လှည့်နေသည်ကို တွေ့ရစဉ်။
Monday, July 15, 2013

ယခင်က ကာကွယ်ရေး ၀န်ကြီးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သော ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြုံရေးကို ယခုအခါ ပြည်ထဲရေး ၀န်ကြီးဌာနမှ လွဲပြောင်း ကိုင်တွယ်တော့မည် ဖြစ်ကြောင်း သိရသည်။ အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တစ်ဦးက အခုအခါ မောင်တောမြို့နယ် လုံခြုံရေးကိုထိန်းသိမ်းကွပ်ကဲရန် 
အတွက် ရဲမှူးကြီး ဦးကိုကိုဦး ကိုယ်တိုင်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“ အခု ရန်ကုန်တိုင်းက ရဲမှူကြီး ကိုကိုဦး ကိုယ်တိုင်ရောက်ရှိနေပါပြီ။ တာဝန်တွေကို လွဲပြောင်း ယူလိုက်ပါပြီ။ အခုဆိုရင် နောက်ထပ် ရဲတပ်ရင်း (၂) ခုလည်း လာနေပါပြီ။ ပြည်ထဲရေးက တိုက်ရိုက် ကိုင်သွားမှာပါ” ဟု ဆိုသည်။

ယခင် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လုံခြုံရေးကို ကာကွယ်ရေး ၀န်ကြီးဌာနမှ နယ်စပ်ဒေသ လူ
ဝင်မူ စစ်ဆေးရေး ကွပ်ကဲမူ ဌာနချုပ် (နစက)ကို အစိုးရ ဌာနဆိုင်ရာ အဖွဲ့ (၄) ဖွဲ့ဖြင့် ဖွဲ့စည်းပြီး ကိုင်တွယ်ခဲ့
သည်။ နစကထဲတွင် စစ်တပ်၊ ရဲ၊ လ၀ကနှင့် အကောက်ခွန်ဌာတို့ ပါဝင်သည်။ နစက တပ်ဖွဲ့မှာ မောင်တော
၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ပေါက်တောမြို့နယ်တို့တွင် တပ်စွဲခဲ့ပြီး အင်အား ၁၂၀၀ ကျော်ရှိ
သည်။

“ နစက တပ်ဖွဲ့ကို ဖျက်သိမ်းရတာက တစ်ခြားအကြောင်း မဟုတ်ပါဘူး။ လက်ရှိ နိုင်ငံတော်က သွားနေတဲ့ ပုံစံနဲ့ နစက ဖွဲ့စည်းပုံက မကိုက်ညီတော့တဲ့ အတွက် ဖျက်သိမ်းလိုက်တာပါ” ဟု သူက ဆိုသည်။

နစက တပ်စခန်းများနေရာတွင် ယခုအခါ ရဲ (လုံထိန်းတပ်သား) များဖြင့် အစားထိုးနေပြီ ဖြစ်ကြောင်း သူက ဆိုသည်။နစကတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သော ၀န်ထမ်းများ အနေဖြင့်လည်း ဌာနဆိုင်ရာ အလိုက်
 မိခင် အဖွဲ့အစည်းသို့ ပြန်နေကြပြီဟု ဒေသအတွင်းက လာသော သတင်းများတွင် ဖေါ်ပြသည်။

နစကကိုဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီးပိုမိုတိုးတက်
ကောင်းမွန်လာလိမ့်မည်ဟုယုံကြည်ကြောင်းအမည်မဖေါ်လိုသူ ကျောင်း ဆရာ တစ်ဦးကလည်း ပြောသည်။

“ စိုးရိမ်မူ မရှိပါဘူး။အထက်အာဏာပိုင်တွေကလုံခြုံရေး သေသေချာချာ ပြင်ဆင်ထားတာကို တွေ့ရပါတယ်
။ ကျွန်တော်တို့ကတော့ လုံခြုံရေး အခြေအနေ ရှေ့ကထက် ပိုကောင်းလာမယ်လို့ မြင်ပါတယ်။ ကြားရတာ
ကလည်းတကယ်တိုင်းပြည်ချစ်တဲ့ ပုဂ္ဂိုလ်တွေကိုဘဲ နိုင်ငံတော်က ရွှေးချယ်ခန့်ထားမယ်လို့ ကြားရပါတယ်
”ဟု ဆိုသည်။

၎င်းပြင် မောင်တောမြို့နယ်နှင့် တောင်ပြိုမြို့နယ်ခွဲမှာ အစိုးရမှသတ်မှတ်ထားသော ဝေးလံ ခေါင်ဖျား ဒေသ
တွင် ပါဝင်၍ အစိုးရ ၀န်ထမ်းများအနေဖြင့် လစာ နှစ်ဆ ရရှိကြသဖြင့် လာဘ်ပေး လာဘ်ယူမူများ လျှော့ကျ
သွားနိုင်ကြောင်း သူက ဆိုသည်။ သို့သော်လည်း အဆိုပါ လစာနှစ်ဆကို ယခင် နစက တပ်ဖွဲ့ဝင်များ ခံစား
ခွင့်မရရှိခဲ့ကြဟု သိရသည်။

နစကတပ်ဖွဲ့ ကို ဖျက်သိမ်းးပြီးနောက် မောင်တောမြို့နယ် အခြေအနေကို အောင်ဗလ ဆရာတော်ကြီးအား
လျှောက်ထားမေးမြန်းရာအခြေအနေမှာ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ရှိကြောင်း ပြောကြားသည်။

ဆရာတော်ကြီးမှလည်း ယခုအခါ မောင်တောမြို့နယ် လုံခြုံရေးကို ပြည်ထဲရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်
မည်ဟု ကြားသိရကြောင်း၊ အခြေအနေများ တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆို
သည်။

narinjara , RangonNewsDaily
ZawWinNaung(KTDA): 15.7.2013


No comments:

Post a Comment