Pages

Pages - Menu

Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တောင်ကုတ်နှင့် စစ်တွေမြို့တွင် ကျင်းပ

Photo: ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တောင်ကုတ်နှင့် စစ်တွေမြို့တွင် ကျင်းပ
Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တွင် ယနေ့ကျင်းပခဲ့သည်။

တောင်ကုတ်မြို့တွင်  ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ်မှ ဦးဆောင်ပြီး  မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို ဖိတ်ကြားထားသော မြို့မိမြို့ဖများ၊ ကျေးရွာအသီးသီးမှ NLD အဖွဲ့ဝင်များ၊ ကျောင်းသူ ကျောင်းသားများ စုံစုံညီညီ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၈ နာရီတွင် စတင် ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် အလုပ်အမူဆောင် ဥက္ကဌ ဦးတင်သိန်းအောင်က ” အာဇာနည် ခေါင်းဆောင်ကြီးများ  အကြောင်းကို ကလေးများရော လူကြီးတွေပါ မကျန် မသိကြတော့ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည် အတွက် မည်သို့ ကြိုးစား ဆောင်ရွက်ခဲ့ကြသည်ကို အမှတ်မရကြတော့ကြောင်း၊ အမျိုးသားညီညွတ်ရေး အတွက် မည်သို့ အုတ်မြစ်ချခဲ့ကြသည်ကို သတိမရကြတော့ကြောင်း၊  တိုင်းရင်းသားအရေးကို အာဇာနည် ခေါင်းဆောင်ကြီးများ မည်သို့ မျှော်မှန်း တည်ဆောက်ခဲ့ကြသည်ကို  မေ့ပျောက်နေကြပြီ ဖြစ်ကြောင်း သို့အတွက် အာဇာနည်နေ့တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို  ပြန်လည် သတိရ အောက်မေ့ရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ခင်းခဲ့သော အမျိုးသားရေး လမ်းစဉ်ကို ပြန်လည်၍ အမှတ်ရကြစေရန် ရည်ရွယ်၍ ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော ၆၆ နှစ်မြှောက် အာဇာနည်နေ့ကို ကျင်းပရခြင်း ဖြစ်ကြောင်း”   နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ အာဇာနည်တွေအကြောင်းကို မသိကြတာဟာ ကျွန်တော်တို့ တဆက်ကပင် အခု ကလေး တွေထိ အာဇာနည်ဆိုတာ ဘာမှန်းလဲဆိုတာ တိတိကျ မသိကြတော့ဘူး။  တိုင်းပြည် လွတ်လပ်ရေး ရဖို့အတွက် အာဇာတည် ခေါင်းဆောင်တွေ ဘယ်လို လုပ်ကိုင်ခဲ့ကြတယ်ဆို တာကိုလည်း မသိကြတော့ဘူး။  အာဇာနည်နေ့ဆိုတာလည်း ဘယ်နေ့မှန်း မသိကြတော့ဘူး။  ဒီလို တနိုင်ငံလုံး အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို မသိဆိုရင်  နောင်လာမည့် မျိုးဆက်သစ်တွေလည်း သိနိုင်ဖွယ်ရာ မရှိတောူ့း။ ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး” လို့ ဦးတင်သိန်းအောင်က ပြောသည်။

တောင်ကုတ်မြို့ အာဇာနည်နေ့ အခမ်းအနားတွင် NLD တောင်ကုတ်မြို့နယ်မှ ထူထောင်ထားသော အခမဲ့ အမေ့အိမ် ပညာဒါနကျောင်းများမှ ကျောင်းသားများက ကဗျာရွတ်ဖတ်ပြီး ခန်းမမှတဆင့် ကျောင်းသူ ကျောင်းသားများ အပါအ၀င် တက်ရောက်လာသူများက လွတ်လပ်ရေးကျောက်တိုင်ကို သွားရောက်ကာ လွမ်းသူပန်းခွေများ ချကာ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရ၀ ပြုခဲ့ကြသည်။ နေ့လည် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

အလားတူ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦး ဆောင်ပြီး စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမတွင် ကျင်းပခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင် ကျင်းပသည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး စစ်တွေမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစံရွှေထွန်းက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ သံဃာ ၃ ပါးကို ဆွမ်းကျွေးပါတယ်။ သင်္ကန်းကပ်လှူတယ်။ တက်ရောက်လာတဲ့ လူတွေက ဆရာတော်တွေထံမှာ ၅ ပါးသီလယူကြတယ်။ အာဇာနည်နေ့ ပတ်သက်ပြီး အနည်းငယ် ဟောပြော ခဲ့ကြပါ တယ်။ တက်ရောက်လာသူတွေကို မုန့်ဟင်းခါးနဲ့ တည်ခင်းဧည့်ခံပါတယ်” ဟု ဆိုသည်။

စစ်တွေမြို့တွင် ပြုလုပ်သော ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လူပေါင်း ၁၀၀ ကျော်တက်ရောက် ခဲ့ပြီး အခမ်းအနားကို နံနက် ၇ နာရီမှ စတင်ကာ နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

နိရဉ္စရာ

Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တွင် ယနေ့ကျင်းပခဲ့သည်။ တောင်ကုတ်မြို့တွင် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ်မှ ဦးဆောင်ပြီး မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို ဖိတ်ကြားထားသော မြို့မိမြို့ဖများ၊ ကျေးရွာအသီးသီးမှ NLD အဖွဲ့ဝင်များ၊ ကျောင်းသူ ကျောင်းသားများ စုံစုံညီညီ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၈ နာရီတွင် စတင် ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် အလုပ်အမူဆောင် ဥက္ကဌ ဦးတင်သိန်းအောင်က ” အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်းကို ကလေးများရော လူကြီးတွေပါ မကျန် မသိကြတော့ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည် အတွက် မည်သို့ ကြိုးစား ဆောင်ရွက်ခဲ့ကြသည်ကို အမှတ်မရကြတော့ကြောင်း၊ အမျိုးသားညီညွတ်ရေး အတွက် မည်သို့ အုတ်မြစ်ချခဲ့ကြသည်ကို သတိမရကြတော့ကြောင်း၊ တိုင်းရင်းသားအရေးကို အာဇာနည် ခေါင်းဆောင်ကြီးများ မည်သို့ မျှော်မှန်း တည်ဆောက်ခဲ့ကြသည်ကို မေ့ပျောက်နေကြပြီ ဖြစ်ကြောင်း သို့အတွက် အာဇာနည်နေ့တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို ပြန်လည် သတိရ အောက်မေ့ရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ခင်းခဲ့သော အမျိုးသားရေး လမ်းစဉ်ကို ပြန်လည်၍ အမှတ်ရကြစေရန် ရည်ရွယ်၍ ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော ၆၆ နှစ်မြှောက် အာဇာနည်နေ့ကို ကျင်းပရခြင်း ဖြစ်ကြောင်း” နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ အာဇာနည်တွေအကြောင်းကို မသိကြတာဟာ ကျွန်တော်တို့ တဆက်ကပင် အခု ကလေး တွေထိ အာဇာနည်ဆိုတာ ဘာမှန်းလဲဆိုတာ တိတိကျ မသိကြတော့ဘူး။ တိုင်းပြည် လွတ်လပ်ရေး ရဖို့အတွက် အာဇာတည် ခေါင်းဆောင်တွေ ဘယ်လို လုပ်ကိုင်ခဲ့ကြတယ်ဆို တာကိုလည်း မသိကြတော့ဘူး။ အာဇာနည်နေ့ဆိုတာလည်း ဘယ်နေ့မှန်း မသိကြတော့ဘူး။ ဒီလို တနိုင်ငံလုံး အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို မသိဆိုရင် နောင်လာမည့် မျိုးဆက်သစ်တွေလည်း သိနိုင်ဖွယ်ရာ မရှိတောူ့း။ ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး” လို့ ဦးတင်သိန်းအောင်က ပြောသည်။

တောင်ကုတ်မြို့ အာဇာနည်နေ့ အခမ်းအနားတွင် NLD တောင်ကုတ်မြို့နယ်မှ ထူထောင်ထားသော အခမဲ့ အမေ့အိမ် ပညာဒါနကျောင်းများမှ ကျောင်းသားများက ကဗျာရွတ်ဖတ်ပြီး ခန်းမမှတဆင့် ကျောင်းသူ ကျောင်းသားများ အပါအ၀င် တက်ရောက်လာသူများက လွတ်လပ်ရေးကျောက်တိုင်ကို သွားရောက်ကာ လွမ်းသူပန်းခွေများ ချကာ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရ၀ ပြုခဲ့ကြသည်။ နေ့လည် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

အလားတူ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦး ဆောင်ပြီး စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမတွင် ကျင်းပခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင် ကျင်းပသည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး စစ်တွေမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစံရွှေထွန်းက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ သံဃာ ၃ ပါးကို ဆွမ်းကျွေးပါတယ်။ သင်္ကန်းကပ်လှူတယ်။ တက်ရောက်လာတဲ့ လူတွေက ဆရာတော်တွေထံမှာ ၅ ပါးသီလယူကြတယ်။ အာဇာနည်နေ့ ပတ်သက်ပြီး အနည်းငယ် ဟောပြော ခဲ့ကြပါ တယ်။ တက်ရောက်လာသူတွေကို မုန့်ဟင်းခါးနဲ့ တည်ခင်းဧည့်ခံပါတယ်” ဟု ဆိုသည်။

စစ်တွေမြို့တွင် ပြုလုပ်သော ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လူပေါင်း ၁၀၀ ကျော်တက်ရောက် ခဲ့ပြီး အခမ်းအနားကို နံနက် ၇ နာရီမှ စတင်ကာ နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

နိရဉ္စရာ , RangonNewsDaily
kolatt (Pabedan): 19.7.2013

No comments:

Post a Comment