Pages

Pages - Menu

Wednesday, July 17, 2013

သီချင်းသစ်မှာ သူ့ရေမွှေးသစ်ကိုပါ ထည့်ကြော်ငြာတဲ့ ဂျပ်စတင်ဘီဘာ

Wednesday, July 17, 2013

ဂျပ်စတင်ဘီဘာဟာ သူ့ရဲ့မကြာခင်မှာထွက်ရှိမယ့် "Heartbreaker" သီချင်းထဲမှာ သူ့ရဲ့မိန်းကလေးတွေ အ

တွက် ဖန်တီးထုတ်လုပ်ထား တဲ့ ရေမွှေးသစ်ကြော်ငြာကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဂျပ်စတင်ဘီဘာဟာ
သူ့ကိုအားပေးတဲ့ မိန်းကလေးပရိသတ်တွေအတွက် ရေမွှေးတွေ ဖန်တီးထုတ်လုပ်ထားပြီး ယခင်က အမျိုးအ
စားနှစ်မျိုးထုတ်လုပ်ခဲ့ပြီးဖြစ်ကာ ယခုနောက်ဆုံးအဖြစ် "The Key"လို့ အမည်ရတဲ့ ရေမွှေးကိုထပ်မံထုတ်လုပ်
ခဲ့ခြင်းဖြစ်ပါတယ်။
ကြော်ငြာထဲမှာတော့ ဘလေဇာကုတ်အင်္ကျီဝတ်ဆင်ထားတဲ့ ဂျပ်စတင်ဘီဘာ ဟာ တစ်ယောက်တည်း လမ်း
လျှောက်လာရင်းနောက်ဆုံးမှာ ကျွန်တော့် ရဲ့ရေမွှေးသစ်ကတော့ "The Key" ပဲလို့ ပြောဆိုခဲ့ပါတယ်။

ဂျပ်စတင်ဘီဘာထုတ်လုပ်ခဲ့တဲ့ ပထမဆုံးတံဆိပ်က "Someday" လို့ခေါ်ပြီး ထင်ပေါ်ကျော်ကြားသူတွေ ထုတ်

လုပ်တဲ့ရေမွှေးတွေထဲမှာ ရောင်းအား အကောင်းဆုံးဖြစ်လောက်အောင် မိန်းကလေးပရိသတ်တွေက သည်း
သည်းလှုပ်အားပေးခဲ့ကြပါတယ်။
 

ဒုတိယထုတ်လုပ်ခဲ့တဲ့ ရေမွှေးရဲ့နာမည်ကတော့ "Girldfriend" လို့ ခေါ် တွင်ကာ နိုင်ငံပေါင်းများစွာကစတိုး
ဆိုင်တွေပေါ်မှာ နေရာတော်တော်များများယူနေပါပြီ။

မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 17.7.2013

No comments:

Post a Comment