Pages

Pages - Menu

Tuesday, July 9, 2013

"လန်ဒန် စီးကရက် ပြန်လာတော့မည်"

"လန်ဒန် စီးကရက် ပြန်လာတော့မည်"

9-7-2013

မြန်မာနိုင်ငံမှာ လန်ဒန် စီးကရက် ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ BAT ခေါ် ဗြိတိသျှ အမေရိကန် ဆေးရွက်ကြီး ကုမ္ပဏီဟာ မြန်မာပြည်ဈေးကွက်ကို ပြန်လည်ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။ BAT ဟာ မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး၊ လန်ဒန် စီးကရက် လုပ်ငန်း လုပ်နေစဉ် အတွင်း စစ်အစိုးရ နဲ့ အဆက်အသွယ်ရှိနေတယ် ဆိုတဲ့အချက်ကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ က ဖိအားပေးခဲ့ကြပါတယ်။

နောက်ဆုံး အဲဒီအချိန်က ဗြိတိန် ၀န်ကြီးချုပ် တိုနီဘလဲ က BAT ကို စစ်အစိုးရ နဲ့ အလုပ်လုပ်နေတဲ့အပေါ် ဝေဖန်ခဲ့တဲ့အပြင်၊ ဗြိတိန်အစိုးရ ရဲ့ အထူးတောင်းဆိုချက်ကြောင့် ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပါတယ်။

အဲသလို ထွက်ခွာခြဲ့ပီး (၁၀) နှစ်ကြာတဲ့အချိန်၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပြီး၊ နော်ဝေး တယ်လီနာ လို ဥရောပ ကုမ္ပဏီတွေ ဆက်သွယ်ရေးလုပ်ငန်းလုပ်ခွင့်ရနေချိန်မှာ BAT ပြန်လည်ဝင်ရောက်ဖို့ စီစဉ်လာ တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လန်ဒန်စီးကရက် ပြန်ထုတ်ဖို့ အမေရိကန်ဒေါ်လာ သန်း (၅၀) မတည်ပြီး စက်ရုံထောင်မယ်လို့ BAT က ပြောပါတယ်။ BAT အနေနဲ့ ပြည်တွင်းက စိန်ဝတ်မှုန် လုပ်ငန်းအုပ်စု ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ IMU အင်တာပရိုက်စ် နဲ့ အကျိုးတူ ဖက်စပ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

RFA


9-7-2013
မြန်မာနိုင်ငံမှာ လန်ဒန်စီးကရက်ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ BAT ခေါ် ဗြိတိသျှ အမေရိကန် ဆေးရွက်ကြီး ကုမ္ပဏီ

ဟာ မြန်မာပြည်ဈေးကွက်ကို ပြန်လည်ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။ BAT ဟာ မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး၊ လန်ဒန် စီးကရက် လုပ်ငန်း လုပ်နေစဉ် အတွင်း စစ်အစိုးရ နဲ့ အဆက်
အသွယ်ရှိနေတယ်ဆိုတဲ့အချက်ကြောင့်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ က ဖိအားပေး
ခဲ့ကြပါတယ်။
နောက်ဆုံး အဲဒီအချိန်က ဗြိတိန် ၀န်ကြီးချုပ် တိုနီဘလဲ က BAT ကို စစ်အစိုးရ နဲ့ အလုပ်လုပ်နေတဲ့အပေါ်
ဝေဖန်ခဲ့တဲ့အပြင်၊ ဗြိတိန်အစိုးရ ရဲ့ အထူးတောင်းဆိုချက်ကြောင့် ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့
ပါတယ်။

အဲသလို ထွက်ခွာခြဲ့ပီး (၁၀) နှစ်ကြာတဲ့အချိန်၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပြီး၊ နော်ဝေး တယ်လီနာ လို ဥရောပ ကုမ္ပဏီတွေ ဆက်သွယ်ရေးလုပ်ငန်းလုပ်ခွင့်ရနေချိန်မှာ BAT ပြန်လည်ဝင်ရောက်ဖို့ စီစဉ်လာ တာ

 ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လန်ဒန်စီးကရက် ပြန်ထုတ်ဖို့ အမေရိကန်ဒေါ်လာ သန်း (၅၀) မတည်ပြီး စက်ရုံထောင်မယ်

လို့ BAT က ပြောပါတယ်။ BAT အနေနဲ့ ပြည်တွင်းက စိန်ဝတ်မှုန် လုပ်ငန်းအုပ်စု ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ IMU အင်တာပရိုက်စ် နဲ့ အကျိုးတူ ဖက်စပ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

RFA , RangonNewsDaily
kolatt(PBDN): 9.7.2013

No comments:

Post a Comment