Pages

Pages - Menu

Thursday, July 25, 2013

အင်းစိန်ထောင် အနီးရှိ ဆိုင်ခန်းများ ဖယ်ရှားရမည်ကို စိုးရိမ်နေကြ

Thursday, July 25, 2013

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင် အနီးတွင် နှစ်စဉ် အငှားချ၍ ရောင်းချနေသော ဆိုင်ခန်းများကို အာဏာပိုင်များက ဖယ်ရှားခိုင်းသဖြင့် အခက်တွေ့နေရကြောင်း ဆိုင်ခန်းပိုင်ရှင်များက မဇ္ဈိမကို ပြောသည်။

ယင်းနေရာတွင် ဆိုင်ခန်းပေါင်း ၃၃ ခန်း ရှိပြီး ဇွန်လတွင်း နောက်ဆုံးထား ဖျက်သိမ်းပေးရမည် ဆို၍ ဖျက်ပေးလိုက်သည့် ဆိုင်ခန်းပေါင်း ၁၈ ခန်း ရှိပြီး ကျန်ရှိသော ဆိုင်ခန်း ၁၅ ခန်း အနေဖြင့်လည်း ဖျက်ပေးရမည်ကို စိုးရိမ်နေရကြောင်း ဆိုင်ခန်းရှင်များက ပြောသည်။

“သတိပေးစာတွေ ဘာတွေ လုပ်ပြီး ဖျက်သိမ်းခိုင်းတာတော့ မရှိဘူး။ အကျဉ်းဦးစီး ညွှန်ကြားရေးမှူး ဦးကျော်ညွှန့် က အစည်းဝေးခေါ်ပြီး ဇွန်လ နောက်ဆုံးထားပြီး ဖျက်ပေးရမယ်လို့ ပြောခဲ့တယ်။ အဲဒီနောက် ဆိုင်ခန်း နေရာတချို့မှာ စည်းရိုးတွေ ကာလာကြတော့ ဆိုင်ခန်းတချို့ ဖျက်ပေးနေရပြီ” ဟု စားသောက်ဆိုင် ဖွင့်ထားသော ဆိုင်ပိုင်ရှင် ဦးမောင်မောင်လွင် က ပြောသည်။

ယင်းနေရာတွင် ဆိုင်ခန်းပိုင်ရှင်များမှ ငှါးခ ပေး၍ ၁၉၉၅ -၁၉၉၆ ခုနှစ်ခန့်မှ စတင် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ယင်းနေရာသည် ဖုန်းဆိုးမြေများသာ ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ဆိုကြသည်။

“ဆိုင်ခန်းတွေ စပြီးဖွင့်ကတည်းက တလကို ၂,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးရတယ်။ ဆိုင်တွေ ဖွင့်လို့ အသားကျနေမှ ဖျက်ပေးရမယ်၊ ဖယ်ပေးရမယ် ဆိုတော့ ဆိုင်ကို မှိခိုနေတဲ့ နောက်က မိသားစုတွေ အတွက် အခက်ခဲလည်းဖြစ်တာပေါ့။ ဖယ်ခိုင်းမယ် ဆိုရင်တောင် တနှစ် ဖြစ်စေ၊ ခြောက်လဖြစ်စေ ကြိုပြီး သတိပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။

ကြေးအိုးဆိုင် ဖွင့်ထားသော ဒေါ်ဥမ္မာ ကလည်း “ဒီကိစ္စကို ဖြေရှင်းပေးဖို့အတွက် အကျဉ်း ဦးစီးဌာနရယ်၊ အင်းစိန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းမြင့် တို့ကို ပြီးခဲ့တဲ့ ဇွန်လထဲကပဲ စာတင်ခဲ့ပါတယ်။ ဘာမှ မထူးခြားပါဘူး။ ကျန်နေတဲ့ ဆိုင် ၁၅ ဆိုင်ကလည်း ဘယ်တော့ ပြောင်းရွှေ့ဖယ်ရှားပေးရမလဲဆိုပြီး စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အင်းစိန် ညွှန်ကြားရေးမှူး ဦးကျော်ခင်နှင့် ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာန ညွှန်မှူး ဦးမင်းစိုး ထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့ပေ။

ဖိုးစိုးသူ (မဇ္ဈိမ), ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၅.၇.၂၀၁၃

No comments:

Post a Comment