Pages

Pages - Menu

Tuesday, July 30, 2013

သားစိုး၏ “အာလူး၊ သာကူး၊ နှာဘူးနှင့် ဂန်ထူး” စီးရီးစက်တင်ဘာထွက်ရှိမည်

RangonNewsDaily:: July 29, 2013

သားစိုး၏ ယခင်ကထုတ်ဝေခွင့် ပိတ်ပင်ခြင်းခံထားရသည့် တေးသီချင်းများ ပါဝင်သည့် တေးစီးရီးကို စက် တင်ဘာလတွင် ထွက်ရှိတော့မည်ဖြစ်သည်။ ယင်းစီးရီးကို “အာလူး၊ သာကူး၊ နှာဘူးနှင့် ဂန်ထူး”ဟု အမည်ပေးထားပြီး တေးသီချင်း ၂၀ ကျော် ပါဝင်မည်ဖြစ်သည်။

စိန်ပူစီစတူဒီယိုတွင် အသံသွင်းယူထားသည့် အဆိုပါစီးရီးနှင့်ပတ်သက်ပြီး သားစိုးက ဒီအခွေကို “အာလူး၊ သာကူး၊ နှာဘူးနှင့် ဂန်ထူး” ဆိုပြီး နာမည်ပေးထားတယ်။ ၁၉၅၈ခုနှစ်၊ ၁၉၆၀ ခုနှစ်နဲ့ ဦးနုခေတ်တွေမှာ စ တဲ့အပြောင်းအလဲကာလတွေမှာပေါ်လာတဲ့ လူတန်းစားတစ်ရပ်ကို သွားတွေ့ရတယ်။ 

အဲဒီလူတန်းစားကို ပြောချင်တဲ့ဟာလေးတွေ အဓိကပါဝင်ပါတယ်။ အကုန်လုံးလည်း အချောပြီးနေပြီဆိုတော့ စက်တင်ဘာလ ပိုင်းမှာ ထွက်နိုင်အောင်လို့ လုပ်ထားတယ်။ အဲဒီထဲမှာ အပိတ်ခံထားရ တဲ့ တေးသီချင်းတွေပါမှာပါ။ တိုက် ပိတ်ခံသီချင်းများဆိုပြီး အခွေမှာ ကိုရေးထားမှာပါ”ဟု ပြောပြသည်။

ဒါ့အပြင် အဆိုပါစီးရီးတွင် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးစကားများကို ထည့်သွင်းထားသည့် “အာရုံ”ဟု အမည်ပေးထားသည့် တေးသီချင်း လည်းထည့်သွင်းထားကြောင်း၊ လက်ရှိအမေရိကားတွင် ခေတ်စားနေသည့် သီချင်းဒီဇိုင်းများကို မြန်မာ့ဆိုင်းနှင့် ပြန်လည်ရောစပ်ကာ တင်ပြ ထားခြင်းဖြစ်သည်။ ၎င်းကို ပြည်ပ နိုင်ငံများတွင် ဆက်လက်ဖြန့်ချိနိုင်ရန်အတွက် English Version ဖြင့်လည်း ထပ်မံ လုပ်ဆောင်မည်ဖြစ်ကြောင်း သားစိုးက မဇ္ဈိမသို့ပြောကြားသည်။

ပန်းမြတ်ဇော်
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 29.7.2013

No comments:

Post a Comment