Pages

Pages - Menu

Sunday, July 28, 2013

မကွေးတွင် ဆင်းကဒ်လျှောက်သူများပြားသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်


RangonNewsDaily:: July 28, 2013

မကွေးတွင် မြန်မာ့ဆက်သွယ်ရေးမှချထားပေးလျှက်ရှိသောဆင်းကဒ်လျှောက်လွှာများကိုမကွေးမြို့ဗိုလ် ချုပ်

လမ်းမြန်မာ့ဆက်သွယ်ရေးရုံးမှ လက်ခံဆောင်ရွက်ပေးခဲ့ရာ လျှောက် လွှာလာရောက်လျှောက်ထားသော
ပြည် သူများ၏ ဆိုင်ကယ်များဖြင့်လမ်းပိတ်ဆို့မှုအထိပေါ် ပေါက်လာသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး
များမှတစ် ဆင့် ပြန်လည်လက်ခံပေးစေလိုသည်ဟုသတင်းရရှိသည်။
ဆက်သွယ်ရေးရုံးတည်နေရာမှာမကွေးမြို့မိန်းလမ်းမပေါ်တွင်တည်ရှိပြီးတစ်လမ်းသွားအဖြစ် (၂)ပိုင်းခွဲထား
ခြင်းဖြစ်သည်။“နီးကပ်မှ ဆင်းကဒ်လျှောက်လွှာ လက်ခံ ဘို့ ပြောလာတော့ အုပ်ချုပ် ရေးမှူးတွေ အစည်းအ
ဝေးထိုင်ပြီးဆက်သွယ်ရေးကိုပဲလက်ခံဘို့လုပ်လိုက်တာပါ၊ပြဿနာရှိတယ်ဆိုပေမဲ့ ပြောရလောက်အောင်
ဆိုးတာမဟုတ်ပါဘူး၊နဲနဲအကျယ်ချဲတိုင်ကြတောကြတာပါ၊ရပ်ကွက်ကနေပဲလက်ခံပေးလိုက်ရင်ပိုမြန်ဆန်တာ
ပေါ့”ဟုအုပ်ချုပ်ရေးမှူးတစ်ဦးမှပြောသည်။

ရရှိပြီးအိမ်ထောင်စုများကလည်း လ၀ကရုံးများသို့သွားရောက်ကာ အိုးအိမ်ခွဲများလျှောက်ထား ပြုလုပ်

လျှောက်ထားလာကြကြောင်း၊လျှောက်ထားသူဦးရေလျော့မသွားပဲပို၍သာများပြားလာခဲ့ပြီးအုပ်ချုပ်ရေးမှူး
များအားတိုင်တန်းခြင်းရှိခဲ့သည်ဟုသိရသည်။

ဆက်သွယ်ရေးမှအချိန်မှီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်သော်လည်း၊ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၏စီမံ
ခန့်

ခွဲမှုဖြင့်ဆောင်ရွက်ရလျှင်ပိုမိုမြန်ဆန် စွာချထားပေးနိုင်မည်ဟုတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ဦးမင်း
Popular Myanmar, RangonNewsDaily
kolatt (Pabedan): 28.7.2013

No comments:

Post a Comment