Thursday, July 19, 2013
လာမယ့် ၂ဝ၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း အဲဒီလိုဖြစ်ဖို့ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရ ဦးရွှေမန်း

အနေနဲ့လည်း တတ်နိုင်သမျှ
ပါဝင်ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်
ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော်ဇဗ္ဗူသီရိခန်းမဆောင်မှာသတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်
က တိုက်တွန်းပြောကြားခဲ့တာပါ။
နိုင်ငံရေးမှာ တံခါးအားလုံးဖွင့်ထားတဲ့ နိုင်ငံရေးကိုသာ ယုံကြည်ကြောင်း အဲဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
"မျှတအောင်လုပ်ပေးရမှာပေါ့၊ ဥက္ကဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင် ရဲတယ်ဆိုလို့ရှိရင် ကျမဝင်ပါနိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥ ပဒေ ပြောင်းလဲရေးကိုလည်း အားသွန်ခွန်စိုက်လုပ်ပေးရမယ်လေ၊ အဲဒီလိုမလုပ်ပေးရင် အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ဒီလိုပဲကျမကသတ်မှတ်ရမှာပဲ၊ ဘယ်သူကသာတယ်နာတယ် ဆိုတာ

ဟာ နိုင်ငံရေးမှာဆိုလို့ရှိရင် လူတစ်ယောက်က
အမြဲပဲသာနေ မှာမဟုတ်ပါဘူး၊
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊
လူတွေရဲ့လိုအပ်ချက်အရ ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အ
ရည်အချင်းလိုအပ်ချက်တွေက
ပြောင်းသွားတတ်ပါတယ်၊ ဒါကြောင့်ဘယ်သူမှ ထာဝရအစဉ်အမြဲ
သာတယ်
ဆိုတာမရှိနိုင်ပါ ဘူး၊ နောက်ဆုံးကျတော့ ပြည်သူလူထုက ရွေးချယ်မှာပါ၊
အဲဒီတော့ နိုင်အောင်လုပ်တယ်ဆို
တာဟာ အလုပ်တစ်ခုကို မှန်မှန်ကန်ကန်နဲ့
ပြတ်ပြတ်သားသားလုပ်လို့ရှိရင် အနိုင်ရမယ်လို့ ကျမတို့ဒီလို
ယုံကြည်ပါတယ်"
ဒါ့အပြင် ၂ဝ၁၅မတိုင်မီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မယ် လို့ မျှော်လင့်ချက်ရှိသလို တကယ်အကောင်

အထည်ဖော်နိုင်အောင်လည်း
ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစု
ကြည်က
ပြောခဲ့ပါတယ်။
သတင်းမီဒီယာသမား အတော်များများနဲ့ ဒီနေ့တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအပြင် ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
RFA , RangonNewsDaily
kolatt (Pabedan): 19.7.2013

No comments:
Post a Comment