Pages

Pages - Menu

Wednesday, July 17, 2013

အိန္ဒိယတွင် အစာအဆိပ်သင့်မှုကြောင့် ကလေး ၂၀ ဦး သေဆုံး

Photo: အိန္ဒိယတွင် အစာအဆိပ်သင့်မှုကြောင့် ကလေး ၂၀ ဦး သေဆုံး
Wednesday, July 17, 2013

နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ကျွေးမွေးသော အစားအသောက်များ အဆိပ်သင့်ရာမှ ဒါဇင် အနည်းငယ်မျှသော ကလေးများ ဆေးရုံတက်ခဲ့ရသည်။ 

အိန္ဒိယ နိုင်ငံတွင် ကျောင်းတစ်ကျောင်း၌ ကျွေးမွေးသည့် အစားအသောက်များ အဆိပ်သင့်ရာမှ ကလေး(၂၀)မျှ သေဆုံးသွားကြောင်း သိရှိရသည်။ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ကျွေးမွေးသော အစားအသောက်များ အဆိပ်သင့်ရာမှ ဒါဇင် အနည်းငယ်မျှသော ကလေးများ ဆေးရုံတက်ခဲ့ရသည်။ ဆာရန်းခရိုင်ရှိ မာရက်ကျေးရွာမှ အစိုးရ ကျောင်းလေး တစ်ခုတွင် ဖြစ်ပွားသော ကိစ္စအတွက် ယခုအခါ စုံစမ်းမှု စတင်နေပြီဖြစ်ပြီး သေဆုံးသွားသော ကလေးတစ်ဦးတိုင်းအတွက် မိသားစုများကို နစ်နာကြေး ရူပီးငွေ နှစ်သိန်းစီ ပေးချေရန်လည်း စီစဉ်ထားကြောင်း သိရသည်။

အိန္ဒိယတွင် ကျောင်းတက်သူ ကလေးအရေအတွက် တိုးမြှင့်ရန်အတွက် နေ့လယ်ပိုင်း အစားအသောက် ကျွေးမွေးသည့် အစီအစဉ်ကို ထည့်သွင်းခဲ့သော်လည်း သန့်ရှင်းမှု အားနည်းချက်မှာ ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေသည်။ အနည်းဆုံး ကလေး(၈)ဦးကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ အင်္ဂါနေ့က ဒါမာဆာတီ ဂန်းမန်း ကျောင်းငယ်လေးမှ ကျောင်းသား (၄၇)ဦးသည် အခမဲ့ ကျွေးမွေးသော အစာအာဟာရကို စားသောက်ပြီးနောက် အော့အန်ဖျားနာမှုများ စတင်ဖြစ်ပေါ်လာသည်။ အစာအဆိပ်သင့်ခြင်းကြောင့် ကလေးအသေအပျောက် အရေအတွက်သည် ယခုထက် တိုးမြင့်လာမည်ကို စိုးရိမ်နေရပြီး အသက်(၁၂)နှစ်အောက် ကလေးငယ်အချို့သည် အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

ဆေးရုံတင်ထားရသည့် ကလေးတစ်ဦး၏ ဖခင်ဖြစ်သူ ရာဂျာယန်းဒက်ဗ်က မိမိ၏သားသည် ကျောင်းမှ ပြန်လာကတည်းက အော့အန်နေပြီးနောက် ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ "ခုကိစ္စက ဆန်နဲ့ ဟင်းသီးဟင်းရွက် တစ်ခုခုမှာ ပိုးသတ်ဆေးကို စင်အောင် မဆေးမိရာက အဆိပ်သင့်တာမျိုး ဖြစ်နိုင်တယ်။ လောလောဆယ်တော့ စုံစမ်းနေဆဲပဲ"ဟု ပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော အမာဂျစ်ဆင်ဟာက မှတ်ချက်ပြုခဲ့သည်။ ကလေးများကို ကုသနေသည့် ဆရာဝန် တစ်ဦးကမူ မသန့်စင်သည့် ဟင်းသီးဟင်းရွက်ဆီမှတစ်ဆင့် အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်သည်ဟု လတ်တလော ယူဆထားကြောင်း ပြောဆိုသွားသည်။ 

Planet.com.mm


Wednesday, July 17, 2013

နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ကျွေးမွေးသော အစားအသောက်များ အဆိပ်
သင့်ရာမှ ဒါဇင် အနည်းငယ်မျှသော ကလေးများ ဆေးရုံတက်ခဲ့ရသည်။
အိန္ဒိယ နိုင်ငံတွင် ကျောင်းတစ်ကျောင်း၌ ကျွေးမွေးသည့် အစားအသောက်များအဆိပ်သင့်ရာမှကလေး(၂၀)
မျှ သေဆုံးသွားကြောင်း သိရှိရသည်။ နိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ကျွေးမွေး
သောအစားအသောက်များအဆိပ်သင့်ရာမှဒါဇင်အနည်းငယ်မျှသောကလေးများ ဆေးရုံတက်ခဲ့ရသည်။ 
ဆာရန်းခရိုင်ရှိ မာရက်ကျေးရွာမှ အစိုးရ ကျောင်းလေး တစ်ခုတွင် ဖြစ်ပွားသော ကိစ္စအတွက် ယခုအခါ စုံ
စမ်းမှု စတင်နေပြီဖြစ်ပြီး သေဆုံးသွားသော ကလေးတစ်ဦးတိုင်းအတွက် မိသားစုများကို နစ်နာကြေး ရူပီး
ငွေ နှစ်သိန်းစီ ပေးချေရန်လည်း စီစဉ်ထားကြောင်း သိရသည်။

အိန္ဒိယတွင် ကျောင်းတက်သူကလေးအရေအတွက်တိုးမြှင့်ရန်အတွက် နေ့လယ်ပိုင်းအစားအသောက် ကျွေး
မွေးသည့် အစီအစဉ်ကို ထည့်သွင်းခဲ့သော်လည်း သန့်ရှင်းမှု အားနည်းချက်မှာ ပြဿနာတစ်ရပ်အဖြစ် တည်
ရှိနေသည်။ အနည်းဆုံး ကလေး(၈)ဦးကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်
များက ဆိုသည်။ 
အင်္ဂါနေ့ကဒါမာဆာတီဂန်းမန်း ကျောင်းငယ်လေးမှ ကျောင်းသား (၄၇)ဦးသည် အခမဲ့ ကျွေးမွေးသော အစာ
အာဟာရကို စားသောက်ပြီးနောက် အော့အန်ဖျားနာမှုများ စတင်ဖြစ်ပေါ်လာသည်။ အစာအဆိပ်သင့်ခြင်း
ကြောင့် ကလေးအသေအပျောက် အရေအတွက်သည် ယခုထက် တိုးမြင့်လာမည်ကို စိုးရိမ်နေရပြီး အသက်
(၁၂)နှစ်အောက် ကလေးငယ်အချို့သည် အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

ဆေးရုံတင်ထားရသည့် ကလေးတစ်ဦး၏ ဖခင်ဖြစ်သူ ရာဂျာယန်းဒက်ဗ်က မိမိ၏သားသည် ကျောင်းမှ ပြန်
လာကတည်းက အော့အန်နေပြီးနောက် ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
 "ခုကိစ္စက ဆန်နဲ့ ဟင်းသီးဟင်းရွက် တစ်ခုခုမှာ ပိုးသတ်ဆေးကို စင်အောင် မဆေးမိရာက အဆိပ်သင့်တာ
မျိုး ဖြစ်နိုင်တယ်။ လောလောဆယ်တော့ စုံစမ်းနေဆဲပဲ"ဟု ပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော အ
မာဂျစ်ဆင်ဟာက မှတ်ချက်ပြုခဲ့သည်။ ကလေးများကို ကုသနေသည့် ဆရာဝန် တစ်ဦးကမူ မသန့်စင်သည့် ဟင်းသီးဟင်းရွက်ဆီမှတစ်ဆင့် အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်သည်ဟု လတ်တလော ယူဆထားကြောင်း
ပြောဆိုသွားသည်။

Planet Myanmar Network, RangonNewsDaily
kolatt (Pabedan): 17.7.2013

No comments:

Post a Comment