Pages

Pages - Menu

Tuesday, July 30, 2013

လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်မှု ၈-လပြည့် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ


RangonNewsDaily:: July 30, 2013
ရန်ကုန် ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲံသော ဒေသခံများနှင့် သံဃာတော်များအား ၂၀၀၉-ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ရာ ယနေ့တွင် ၈-လပြည့်မြောက်ပြီဖြစ်သော်လည်း အကြမ်းဖက် ဖြိုခွင်းသူများအား တာဝန်ရှိသူများက@ ဖော်ထုတ်ပေးမှုမရှိသေးသောကြောင့်
တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ၂၀၁၃-ခု ဇူလိုင်လ (၂၉)ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ "သံဃာတော်များအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခဲ့မှုအပေါ် စစ်ဆေးစုံစမ်းခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အတွက် တစ်ကိုယ်တော်@ဆန္ဒပြရခြင်း ဖြစ်ပါသည်။ ဒါကြောင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ အရေးယူ ဆောင်ရွက်ပေးပါရန် တောင်းဆိုအပ်ပါသည်"ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ Genderation Youths မှ ကိုတင်ထွဋ်ပိုင်က ပြောကြားခဲ့သည်။

"လက်ပံတောင်း အရေးဆန္ဒ ထုတ်ဖော်ခဲ့သည့် အကြိမ်တိုင်း၌ သံဃာတော်များ မီးလောင်းဗုံးဖြင့် ဖြိုခွင်းခံ ရခြင်းကို ဖော်ထုတ်ပေးရန် တောင်းဆို ခဲ့သော်လည်း ယနေ့အချိန်ထိ ဖော်ထုတ်ပေးနိုင်ခြင်းမရှိပဲ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်@၏ အစီရင်ခံစာတွင်လည်း မီးခိုးဗုံးဟုသာ ဖော်ပြထားပြီး လက်ပံတောင်းတောင် စီမံကိန်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုပြီးဖြစ်တာ သိရတဲ့အတွက် အစိုးရဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လေသံတွေကို နားမထောင်ဘူးလို့ ကျွန်တော်မြင်ပါတယ်။

ဒီလို နားမထောင်ဘူးဆိုရင် ဘာကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေတယ်လို့ ပြောနေရတာလဲ။ ဘာကြောင့် အရပ်သားအစိုးရလို့ ကိုယ့်ကိုယ်ကို နာမည်တပ်နေရတာလဲ။ အဲလို မပြောပါနဲ့။ အာဏာရှင်လို့ပဲ ပြောလိုက်ပါ။ အဲဒါဆို ကျွန်တော်တို့အားလုံး လက်ခံမှာပါ"ဟု ယင်းက ထပ်မံပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်နေစဉ်အတွင်း ညနေ ၄-နာရီခန့်တွင် ကျောက်တံတား ရဲစခန်းမှ လာရောက်၍ ကိုတင်ထွဋ်ပိုင်အား လာရောက်ခေါ်ဆောင်ခဲ့သည်။

ယင်းရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် @အမှုဖွင့်ခဲ့ပြီး ညနေ ၅-နာရီတွင် အာမခံဖြင့် ရဲစခန်းမှ ပြန်လည် ထွက်လာခဲ့ကြောင်းသိရသည်။

REF:M-Media

No comments:

Post a Comment