မြ၀တီနယ်စပ်တွင် ကုန်သွယ်နေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း -မြ၀တီ) |
Friday, 12 July 2013
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရန် ထိုင်း
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရန် ထိုင်း
နိုင်ငံ အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောကြားသည်။
''လက်ရှိကာလကတော့ နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ကိစ္စတွေ
နယ်မြေလုံခြုံရေး ကိစ္စတွေ ညှိနှိုင်းနေဆဲ အဆင့်ပဲ ရှိနေပါသေးတယ်။
ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ဖို့လည်း နှစ်နိုင်ငံ
အစိုးရ အဖွဲ့တွေ ဆက်လက်ညှိနှိုင်းမှု ပြုလုပ်ရဦးမှာပါ'' ဟု ဦးဇော်မင်းက
ပြောကြားသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ် မိုင်ပေါင်း၁၃၀၀ ခန့်ထိစပ်နေသည့်ထိုင်းနိုင်ငံအကြားနယ်စပ်ကုန်သွယ်ရေး စခန်း
မြန်မာနိုင်ငံနှင့် နယ်နိမိတ် မိုင်ပေါင်း၁၃၀၀ ခန့်ထိစပ်နေသည့်ထိုင်းနိုင်ငံအကြားနယ်စပ်ကုန်သွယ်ရေး စခန်း
များအဖြစ် မြ၀တီ၊
ကော့သောင်း၊ တာချီလိတ်၊ မြိတ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုအထိ
ရှိနေပြီး ပြီးခဲ့သည့် မေလအတွင်းတနင်္သာရီတိုင်း ဒေသကြီးနှင့်ထိစပ်နေသည့်ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်းနှင့်
မောတောင်နယ်စပ် ကုန်သွယ်ရေး
စခန်းနှစ်ခုအား ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိကာလတွင် ခုနစ်ခုမြောက် စခန်းအဖြစ် ဖွင့်လှစ်နိုင်ရန် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်
လက်ရှိကာလတွင် ခုနစ်ခုမြောက် စခန်းအဖြစ် ဖွင့်လှစ်နိုင်ရန် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်
လှစ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး
ကယားပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မဲစဲ့နယ်စပ် ကုန်သွယ်ရေး
စခန်းအား ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း
သိရသည်။
ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မဲစဲ့နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ နယ်
နိမိတ်ဆိုင်ရာ
ညှိနှိုင်းမှုနှင့် နယ်မြေလုံခြုံရေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း
သိရသည်။
နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန်နှင့် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစေ
နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန်နှင့် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစေ
ရန် ဖွင့်လှစ်ပြီးဖြစ်သည့်
နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ် ၁၀၅ မိုင်၊
လွယ်ဂျယ်၊ လိုင်ဇာ၊ မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်၊ မြ၀တီ၊
ကော့သောင်း၊ မြိတ်၊ မောတောင်၊ ထီး
ခီး၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တောနယ်စပ် ကုန်
သွယ်ရေး
စခန်းများအား ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
EMG , RangonNewsDaily
kolatt(PBDN): 12.7.2013
EMG , RangonNewsDaily
kolatt(PBDN): 12.7.2013
No comments:
Post a Comment