Friday, June 21, 2013
ဒီနေ့ခေတ်နိုင်ငံတကာမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက်ဟာ အရှိန်အဟုန်နဲ့ တိုးပွားနေပါတယ်။
ဒီနေ့ခေတ်နိုင်ငံတကာမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက်ဟာ အရှိန်အဟုန်နဲ့ တိုးပွားနေပါတယ်။
မြန်မာနိုင်ငံမှာလည်း
မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှုဟာ ပျံ့နှံ့စပြုလာပါပြီ။ မိုဘိုင်းလ်ဖုန်းအခြေပြု
စီးပွားရေးလုပ်
ငန်းများလည်း တဖြည်းဖြည်းတွင်ကျယ်လာခဲ့ပါပြီ။
မိုဘိုင်းလ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာ
နဲ့အမျှ ဖုန်းပေါ်မှာ
ပါရှိနေမယ့် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကလည်း ပိုများလာပါတယ်။Smartphone နည်းပညာမြင့်မားလာတဲ့နောက်ပိုင်းမှာ ဖုန်းတစ်လုံးဟာ ကိုယ်ရဲ့
ရွေ့လျားရုံးခန်းတစ်ခုအသွင်
နဲ့အလုပ်များစွာလုပ်ဆောင်ပေးလာနိုင်တဲ့အခြေအနေမျိုးဖြစ်လာပါတော့မယ်ဒီလိုအချိန်မှာမသိမဖြစ်သိထား
သင့်တာကတော့ သင့်မိုဘိုင်းလ်ဖုန်းကို
လုံခြုံမှုရှိအောင် ဘယ်လိုအသုံးပြုမယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်။
အခုအဲ့ဒီအချက်တွေကို လေ့လာကြည့်လိုက်ရအောင်…။
၁) passcode များ အမြဲသုံးပါ
၁) passcode များ အမြဲသုံးပါ
သင့်မှာ Android ဖုန်းပဲရှိရှိ iPhone ပဲရှိရှိ သင့်အနေနဲ့ passcode
ဒါမှမဟုတ် pattern lock တွေသုံးလို့ရပါတယ်။
ရိုးရှင်းတဲ့ဒီလုံခြုံရေးနည်းလမ်းဟာသင့်အတွက်အရေးပါတဲ့အချက်အလက်တွေကိုကာကွယ်ပေးနိုင်ပါတယ်။
သင့်အနေနဲ့ ဒီလုပ်ဆောင်ချက်အတွက် သီးသန့် application
တွေလည်း ဝယ်သုံးလို့ရပါတယ်… home screen passcode တွေဟာ အရေးကြီးပါတယ်…
ဘာကြောင့်လဲဆိုတော့ email အများစုဟာ ဖုန်းကနေကြည့်ဖို့ passcode
ခံမထားကြလို့ပါပဲ…
ဒါကြောင့် သင့်ဖုန်းမှာ file တွေအတွက်လုံခြုံမှုနည်းလမ်းတွေ လုပ်ဆောင်ထားပေမဲ့လည်း passcode မခံထား
ဘူးဆိုရင်
တခြားသူကဖုန်းကိုခဏကောက်ကိုင်ဖို့ အခွင့်အရေးရတာနဲ့
သင့်ကိုယ်ရေးအချက်အလက်တွေပါ
တဲ့ email ကို
အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်… ဒါကြောင့် passcode တွေဟာ
မဖြစ်မနေ
လိုအပ်ပါတယ်…
၂) သင့်ရဲ့ iCloud နဲ့ Google account တွေကို ကာကွယ်ထားပါ
၂) သင့်ရဲ့ iCloud နဲ့ Google account တွေကို ကာကွယ်ထားပါ
ဒုတိယအချက်အနေနဲ့ တစ်စုံတစ်ယောက်က သင့်ဖုန်းကတစ်ဆင့် iCloud ဒါမှမဟုတ်
Google account ထဲကို ဝင်ခွင့်ရသွားပြီဆိုရင်
သင့်ဆီကကိုယ်ရေးအချက်အလက်အများကြီး နှိုက်ထုတ်ယူသွားမှာ သေချာပါတယ်…
ဒါမှမဟုတ်ရင်လည်း သင့်အကောင့်ကို
သူတို့စိတ်ကြိုက်ပြောင်းလဲပုံသွင်းသွားကြပါလိမ့်မယ်…
ဒီအတွက် သင့်အနေနဲ့
ဒီအကောင့်တွေတိုင်းမှာ 2-step verification တွေလုပ်ထားဖို့လိုပါလိမ့်မယ်..
သာမန်
အားဖြင့် သင်က google အကောင့်တစ်ခုဖွင့်ထားရင် အဲ့ဒီကနေ YouTube ၊
Gmail ၊ Google Play ၊ Google Maps ၊ Google Calendar ၊ Picasa ၊ Google+
စသဖြင့် အကုန်လုံးကို တောက်လျှောက်ဝင်သွားလို့ရပါတယ်…
၃) သင့် Smartphone ကို Jailbreak လုပ်တာ ဒါမှမဟုတ် Root လုပ်တာမျိုးက ရှောင်ပါ
၃) သင့် Smartphone ကို Jailbreak လုပ်တာ ဒါမှမဟုတ် Root လုပ်တာမျိုးက ရှောင်ပါ
အကယ်လို့ သင့်ဖုန်းကို အပျော်သဘောနဲ့ Jailbreak လုပ်မယ် root
လုပ်မယ်ဆိုရင် သင့်အနေနဲ့ ကျေနပ်နှစ်
သက်မှုတွေရမှာပါ… ဒါပေမဲ့ ဒီလိုလုပ်တာဟာ
သင့်အတွက် အပျော်ထက်စာရင် သောကတွေကို ပိုယူလာ
မှာသေချာပါတယ်…
နောက်တစ်ချက်ကတော့ သင့်ဖုန်းရဲ့ နောက်ဆုံးထွက်OS version တွေကိုupdate
လုပ်ချင်တယ်ဆိုရင်တောင်
ဒီလိုလုပ်ထားတဲ့အတွက် support
လုပ်ပေးမှာမဟုတ်ပါဘူး… မြန်မာနိုင်ငံမှာတော့ များသောအားဖြင့် root
လုပ်တတ်ကြပါတယ်… ဒါကလည်း ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ရပ်မဟုတ်ဘူးလို့
သတိပြုစေချင်ပါ
တယ်…
၎) Install လုပ်လိုက်တဲ့ Apps များကို သတိထားပါ
၎) Install လုပ်လိုက်တဲ့ Apps များကို သတိထားပါ
ဒီတစ်ချက်ဟာ Android devices များမှာ ပိုအရေးကြီးပါတယ်… Google ဟာ
မကြာသေးမီကပဲ apps ပေါင်း ၅၀၀၀၀ ကျော်ကို ဗိုင်းရပ်စ်တွေပါတယ်လို့
သံသယရှိတဲ့အတွက် ဖယ်ရှားလိုက်ပါတယ်…
သင့်ဖုန်းကိုထိခိုက်နိုင်မယ့်
ဒါမှမဟုတ် သင့်အချက်အလက်တွေခိုးယူနိုင်မယ့် malware တွေ..
ဗိုင်းရပ်စ်တွေနဲ့ တခြားလျှို့ဝှက် software တွေပါဝင်တဲ့ apps
အများအပြားရှိပါတယ်… Apple ရဲ့ application store မှာလည်း
အလားတူပြဿနာမျိုးရင်ဆိုင်နေရပါတယ်… ဒါကြောင့် apps တွေ install
လုပ်မယ်ဆိုရင် သတိထားစေချင်
ပါတယ်…
၅) Browser အစား App ကိုအသုံးပြုပါ
၅) Browser အစား App ကိုအသုံးပြုပါ
အကယ်၍ သင်ဟာ သင့်ဖုန်းကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေလုပ်မယ်…
ငွေအလွှဲအပြောင်းတွေနဲ့ တခြားအရေးပါတဲ့ သတင်းအချက်အလက်တွေကို
ဖုန်းနဲ့အင်တာနက်ကိုချိတ်ဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် ဖုန်းရဲ့ browser ကနေ
site တွေကိုဝင်တာထက် သင်ဝင်လိုတဲ့ site က တရားဝင်ထုတ်ထားတဲ့ app
တွေကိုသုံးတာမျိုးက အကောင်းဆုံးပါပဲ…
အခုနောက်ပိုင်းမှာ ဘဏ်တွေနဲ့
တခြားငွေကြေးဆိုင်ရာ လုပ်ငန်းကြီးတွေတိုင်းမှာကိုယ်ပိုင်apps
တွေအသုံးပြု
လာကြပြီဖြစ်ပါတယ်… အဲ့ဒါတွေကနေသုံးတာက
လုံခြုံမှုအရှိဆုံးဖြစ်ပါတယ်…
၆) App တစ်ခုမှ ရယူနိုင်သည်များကို ထိန်းချုပ်ပါ
၆) App တစ်ခုမှ ရယူနိုင်သည်များကို ထိန်းချုပ်ပါ
Apps တစ်ခုကို install လုပ်တဲ့အခါတိုင်း ဒီလို message မျိုးကို
သင်အမြဲလိုလိုမြင်ဖူးပါလိမ့်မယ်… “……… would like to access your data”
ရှေ့က apps ရဲ့ နာမည်တွေသာပြောင်းသွားပါမယ်… နောက်ကတော့ ဒီအ
တိုင်းလာတာပါပဲ…
ဒီနေရာမှာ data ဆိုတာ သင့်ဖုန်းရဲ့ တည်နေရာ၊
contacts တွေနဲ့
ဓာတ်ပုံတွေအထိ ပါဝင်နေပါတယ်…ဒါကြောင့် အမြဲတမ်း OK ချည်းနှိပ်မနေပါနဲ့… ကောင်း
တာက Don’t allow. ဆိုတာကို ရွေးလိုက်တာပါပဲနောက်ပိုင်း app ကို
သုံးမရဖြစ်နေတယ်ဆိုရင်လည်း manual
နည်းနဲ့ ပြန်သွားပြီး access
ပေးလို့ရပါတယ်…
၇) Data တွေကို back up လုပ်ထားပါ
၇) Data တွေကို back up လုပ်ထားပါ
Back up လုပ်ထားတာဟာ ဖုန်းခိုးခံရတဲ့အခါမျိုးမှသာ အသုံးဝင်တာမဟုတ်ပါဘူး.. ဖုန်းထဲကအချက်အလက်
တွေကို remote နည်းနဲ့ ရှင်းထုတ်ဖို့အတွက်လည်း
သုံးနိုင်ပါတယ်… Apple user တွေအနေနဲ့ Find My iPhone ဆိုတဲ့ app ကို
install လုပ်နိုင်ပါတယ်… ဒီ app ဟာ သင့်ဖုန်းအခိုးခံရပြီလို့သိတာနဲ့
ဖုန်းကို remote နည်းနဲ့ lock ချနိုင်သလို အချက်အလက်တွေကိုလည်း
ရှင်းထုတ်ပစ်နိုင်ပါတယ်…
အကယ်လို့သင်က data backup မလုပ်ထားဘူးဆိုရင်
ဖုန်းအခိုးခံရတဲ့အခါ data တွေဆုံးရှုံးပါလိမ့်မယ်… သင်
က local
အနေနဲ့ပဲဖြစ်ဖြစ် cloud ထဲမှာဖြစ်ဖြစ် backup လုပ်ထားမယ်ဆိုရင်
သင့်ဖုန်းကအချက်အလက်တွေ
ကိုဖျက်ပစ်ပြီး ဖုန်းအသစ်မှာ
ပြန်ထည့်နိုင်ပါလိမ့်မယ်… Android ဖုန်းတွေမှာလည်း built-in backup tool
တစ်
ခုပါပါတယ်… ဒါပေမဲ့ iOS တွေမှာလိုမျိုး ဖုန်းမှာပါသမျှအားလုံးကို backup
လုပ်လို့မရပါဘူး…
၈) ဖုန်းအခိုးခံရရင် Report လုပ်ပါ
၈) ဖုန်းအခိုးခံရရင် Report လုပ်ပါ
ပင်မ wireless carrier တွေကြားမှာ အခိုးခံရတဲ့ဖုန်းတွေအတွက် database
တစ်ခု တည်ဆောက်ထားပါတယ်
… သင့်အနေနဲ့ သင့်ဖုန်းအခိုးခံရတာကို report
လုပ်နိုင်ပါတယ်…
ဒါဆိုရင် အဲ့ဒီဖုန်းတွေကနေ carrier ကိုချိတ်ဆက်ပြီး data
တွေရယူတာကို တားဆီးပေးပါလိမ့်မယ်.. ဖုန်းယူ
သွားတဲ့သူတွေက SIM
ကဒ်ကိုလဲသုံးမယ်ဆိုရင်တောင် ဖုန်းက Serial number ကြောင့် ဘယ် carrier
ဆီမှာမှ သုံးလို့ရမှာမဟုတ်ပါဘူး။
၉) OS ကို update လုပ်ပါ
၉) OS ကို update လုပ်ပါ
သင့် PC မှာMicrosoft Securityကို update လုပ်သလိုပါပဲSmartphone
တွေအတွက် နောက်ဆုံး OS version
ကို update လုပ်ထားတာ အကောင်းဆုံးပါပဲ…
ဘက်ထရီပိုစားတာလိုမျိုး ကိစ္စလေးတွေရှိလာနိုင်ပေမဲ့ update လုပ်တာထက် ဘာကမှ
ပိုအရေးမကြီးပါဘူး… OS ကို update လုပ်သလို install လုပ်ထားတဲ့ apps
တွေကို
လည်း update လုပ်ထားသင့်ပါတယ်…
၁၀) Wireless နှင့် Bluetooth
၁၀) Wireless နှင့် Bluetooth
သင့်အိမ်မှာမဟုတ်ဘူးဆိုရင် wireless နဲ့ Bluetooth ကို disable လုပ်ထားတာအကောင်းဆုံးပါပဲ ဖြစ်နိုင်မယ်
ဆိုရင် သင့်ဖုန်းကအင်တာနက်ကိုပဲသုံးပါ…
မယုံကြည်ရတဲ့ wireless network တစ်ခုခုကို သင်ချိတ်ဆက်
လိုက်တာနဲ့အဲ့ဒီ
network ထဲကhacker တွေရဲ့သားကောင်ဘဝ ရောက်သွားနိုင်ပါတယ်.. Hacker
တစ်ယောက်
ယာက်က သင့်ဖုန်းကိုချိတ်ဆက်ပြီး သင့်အချက်အလက်တွေကို
ခိုးယူသွားနိုင်ပါတယ်Bluetooth ကို ဖွင့်ထား
ပြီး discoverable
လုပ်ထားမယ်ဆိုရင် hacker တွေကို သင့်အချက်အလက်တွေရယူနိုင်မယ့်
လမ်းကြောင်းတစ်
ခု ထပ်ဖွင့်ပေးထားသလိုဖြစ်နေပါလိမ့်မယ်…
Ref: Computer & Mobile (٠ Hacking Tips & Trick ٠)
နှိုင်းရင့်နွေ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၁.၆.၂၀၁၃
နှိုင်းရင့်နွေ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၁.၆.၂၀၁၃
No comments:
Post a Comment