June 4th, 2013
ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ယမန်နေ့က ဝင်ရောက်လာခဲ့သည့် လေဖိအားနည်းဆဲလ်
INVEST 97B သည် ဇွန်လ ၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင်
ရရှိသည့် အချက်အလက်
များအရ မြန်မာနိုင်ငံ လပွတ္တာမြို့ အနောက်တောင်ဘက် ၂၇၅
မိုင်ခန့်၊ ကိုကိုးကျွန်းလေဆိပ် အနောက်ဘက် ၁၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ
ချင်နိုင်းမြို့ အရှေ့ဘက် မိုင် ၇၄ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့
တောင်ဘက် မိုင် ၆၆ဝ ခန့်အကွာ ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး၊
လွန်ခဲ့သည့် ၆ နာရီအတွင်းက အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၎
မိုင်နှုန်းခန့်ဖြင့် ရွေ့
လျားခဲ့ကြောင်းသိရပါသည်။
လေဖိအားနည်းဆဲလ် INVEST 97B
04 Jun 2013 0000Z
Location: 14.2 91.1
Winds: 15 knots
Central Pressure: 1010 hPa
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် မုတ်သုံလေအားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်
ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျ ရောက်ပြီး၊ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါ
သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။
ပုံ(၂) ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ မှ ရရှိသည့် မြေပြင်မိုးလေဝသမြေပုံ ဖြစ်ပါသည်
MM Weather , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၄.၆.၂၀၁၃
June 4th, 2013
ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ယမန်နေ့က ဝင်ရောက်လာခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 97B သည် ဇွန်လ ၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် အချက်အလက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို
ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တိ
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျေ
ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျ ရောက်ပြီး၊ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါ
သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။
MM Weather , RangonNewsDaily
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
ပုံ(၂) ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ မှ ရရှိသည့် မြေပြင်မိုးလေဝသမြေပုံ ဖြစ်ပါသည် |
No comments:
Post a Comment