Pages

Pages - Menu

Saturday, June 29, 2013

အလဲဗင်းမှ အမ်-မီဒီယာအား အစွန်းရောက်ဟု အခြေအမြစ်မဲ့တိုက်ခိုက်မှုအပေါ် အမ်-မီဒီယာ၏ တုန့်ပြန်ချက်

11_2

၂၀၁၃ ဇွန်လ ၂၉ ရက်
၂၇ ရက်ဇွန်လ၊ ၂၀၁၃ ထုတ်အလဲဗင်းမီဒီယာသည် သတင်းစာမျက်နှာဖုံးဆောင်းပါး “Facebook ပေါ်တွင် ဘာသာရေးသွေးထိုး လှုံဆော်မှုများ လုပ်ဆောင်နေသည့် လူထုမောင်ကာဠု၊ We Love True ကဲ့သို့ပင် မွတ်စလင်အစွန်းရောက်များလည်း ရှိနေ” ဟူသော ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်။

ယင်းဆောင်းပါးတွင် အလဲဗင်းက M-Media အား အစွန်းရောက်မွတ်စလင်မီဒီယာအဖြစ် ဖော်ပြခဲ့သည်မှာ အခြေအမြစ်မရှိသော တိုက်ခိုက် ရေးသား မှု သာဖြစ်ကြောင်း အမ်-မီဒီယာအကြီးတန်း တာဝန်ခံများက ဆိုပြီး အလဲဗင်း၏ ကျင့်ဝတ်သိက္ခာနှင့် အစွန်းရောက် (extremist) စကားလုံး အပေါ် သဘောပေါက် နားလည်မှုအား မေးခွန်းထုတ် ဝေဖန်လိုက်သည်

“extremist ဆိုတဲ့နေရာမှာ ဒီစာလုံးကို အသုံးပြုဖို့ အင်မတန်မှ စဉ်းစားသင့်တယ်။ ကိုယ့်ကိုကိုယ် ပရိုမီဒီယာကြီးလို့ ကျွေးကြော်ပြီး Asia News Network က သူတို့သတင်းတင်တာလောက်ကို ကမ္ဘာကပဲ သူတို့ရေးတာ လက်ခံသယောင် အောင်ပွဲခံခဲ့တာမျိုး ရှိတဲ့ အလဲဗင်းက ဒီလိုမျိုး စကားလုံး သုံးတာ ထူးခြားတယ်လို့တော့ မထင်ဘူး။

 ဥပမာပေါ့ဗျာ၊ အမေရိကန်သံအမတ်ကြီးကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီးတော့ လုပ်တဲ့ အင်တာဖိတ် (Interfaith) ဆွေးနွေးပွဲ သတင်းကို အလေးပြုဖော်ပြပြီးတော့ ပြည်သူကို ပညာပေး၊ အသိပေးလုပ်သင့်တဲ့အချိန်မှာပေါ့၊ သူတို့က Father Land နဲ့ ဒေါ်ဝါ၀ါဝင်းရွှေအမှုနဲ့ အလုပ်များနေတယ်။ ဒါမျိုးက hate incitement ဆိုတဲ့ သွယ်ဝိုက်ပြီးတော့ ကိုဝါဒဖြန့်တဲ့ နည်းမျိုး၊ မွတ်စလင်ပိုင် ကုမ္ပဏီတစ်ခုပါဝင်ပတ်သတ်နေတာနဲ့တင် သူတို့အတွက် တခြားအရေးကြီးသတင်းတွေကို လျစ်လျူရှုလိုက်တဲ့ လုပ်ရပ်မျိုးပဲ။

ဒါကြောင့် ဒီလိုမီဒီယာရဲ့ extremist ဆိုပြီး တိုက်ခိုက်ချက်ကို ကျွန်တော်တို့ဘာမှ အလေးပေး ဂရုစိုက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။” ဟု အမ်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလဲဗင်းအနေဖြင့် အင်တာဖိတ်ဆွေးနွေးပွဲသတင်းများကို အရေးတယူလုပ်ဖော်ပြခြင်းမျိုးမရှိသော်လည်း အစ္စလာမ်သာသနာဝင်များပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ၀န်ထမ်းများအကြား မသမာမှုများရှိနေသည်ဟူသည့် သတင်းစသည်များကိုသာ အသားပေး ဖော်ပြလေ့ရှိ သည်။

 ဒေးလီးအလဲဗင်း သတင်းစာ၏ ဇွန်လ ၂၅ ရက်နေ့ထုတ် အယ်ဒီတာအာဘော်တွင် အမှန်တရားပင်ဖြစ်လင့်ကစား လူအများစု၏ သဘောထားကို လိုက်၍ သတင်းတင်ပြရလေ့ ရှိ သည်ဟူသော သဘောကို သွယ်ဝိုက်စွာ ရေးသားဖော်ပြထားပါသေးသည်။ ယင်းနှင့်ပတ်သတ်၍ အမ်မီဒီယာ အကြီးတန်းသတင်းသုံးသပ်သူတစ်ဦး က အောက်ပါအတိုင်း မှတ်ချက်ပေးပါသည်။

M-Media ရဲ့ အင်တာဖိတ် tolerance နဲ့ပတ်သတ်ပြီး တင်တဲ့သတင်းကို ဦးရဲထွဋ်လို နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေကိုယ်တိုင် ရှယ်တဲ့အခြေ အနေ မျိုးမှာ ရှိပါတယ်။ ကျွန်တော်တို့ မီဒီယာရဲ့ အဓိကရည်ရွယ်ရင်းကလည်း ဒါပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ မီဒီယာရဲ့ အင်္ဂလိပ်ပိုင်းကို ဘန်ကောက် အေပီ ဗျူရို ချိဖ် (AP Bureau Chief) ဖြစ်တဲ့ Todd Pitman လို လူမျိုးက like လုပ်ထားတာမျိုးလည်း ရှိပါတယ်။ အလဲဗင်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ကတော့ဗျာ၊ ရှင်းပါတယ်၊

 ဒါမျိုးကို အရင်က အာဏာရှင်အစိုးရလုပ်ခဲ့တာပဲ၊ ဥပဒေတွေ ချပြပြီး ခြိမ်းခြောက်မယ်။ ဥပမာ – အရင် exile media တွေဖြစ်တဲ့ ဧရာဝတီတို့ စတဲ့ မီဒီယာတွေကို အာဏာရှင်စစ်အစိုးရက ဒီလိုပဲ ခြိမ်းခြောက်ပြီး မိစ္ဆာမီဒီယာတွေလို့ သမုတ်ခဲ့တာပဲ။ 

အခု အလဲဗင်းကလည်း အာဏာရှင်ပုံစံဖမ်းပြီး ခြိမ်းခြောက်တာမျိုးပါ။ အမှန်ရေး သတင်းထောက်တွေကိုတောင် ရန်မူနေတဲ့တိုင်းပြည်မှာဗျာ၊ လူများစုနဲ့ ဆန့်ကျင်တဲ့အမှန်ကို တင်ပြရင်တော့ ဒါ အစွန်းရောက်လို့ ပြောခံရမှာပဲ။ သူတို့ကိုယ်သူတို့မှ မသုံးသပ် နိုင်ကြတာကိုး။ ”
UYeHtut

အလဲဗင်းမီဒီယာအနေဖြင့် အမ်-မီဒီယာအား အစွန်းရောက်အဖြစ် တိုက်ခိုက် ရေးသားထားရာ၌ အဓိကအကိုးအကားအဖြစ် “လမ်း ၂၀ ထိပ်တွင် သင်္ကန်း ၀တ်သံဃာတော်တစ်ပါးမှ ရိုက်နှက်ရန်စမှုဖြစ်ပွား” ဟူသည့် မမှန်သတင်းကို အသုံးချထားပါသည်။ ယင်းနှင့်ပတ်သတ်၍ အမ်-မီဒီယာအကြီးတန်း သတင်းထောက်တစ်ဦးက -

“ဒါက သူတို့အဆင့်အတန်း ဘယ်လောက်ရှိသလဲဆိုတာ ဖော်ပြလိုက်တာပေါ့။ အမ်-မီဒီယာမှာ အဲလိုခေါင်းစဉ်နဲ့ ဘယ်တုန်းကမှ သတင်းမတင်ခဲ့ ဘူးဆိုတာ အတည်ပြုပြောချင်တယ်။

 သူတို့မှာ အမ်မီဒီယာကို အစွန်းရောက်လို့ စွပ်စွဲဖို့ကို သက်သေ ဒီလောက်ထိရှားနေ တယ်ဆိုတာ ပေါ်လွင်
နေ တယ်။ မရိုမသားလုပ် တယ်ဆိုတာလည်း ပေါ်လွင်နေတယ်။ အချက်အလက်တွေကို ထင်ရောင်ထင်မှား
ဖြစ်အောင်လိမ်တယ်ဆိုတာ ထင်ရှားနေတယ်။ ဘာကြောင့်လဲဆိုရင် သူတို့  ပြောသလို လမ်း ၂၀ ထိပ်မှာဖြစ်
ခဲ့တာမှ မဟုတ်ဘဲ၊  

ကျနော်တို့ သတင်းက လမ်း ၁၂၀ ထိပ်လို့ အတိအကျ မှန်မှန်ကန်ကန် ကို ရေးထားတာကိုး ဗျ။” ဟု ပြောပြ
ခဲ့ပါသည်။၎င်းကပင် ဆက်လက်၍ “၂၇ ရက်နေ့ထုတ် သတင်းစာမှာတော့အမ်မီဒီယာအစွန်းရောက်ကြောင်း
 လမ်း၂၀သတင်းမှားကို ထောက်ပြီးစွပ်စွဲတယ်။ အဲ – အင်္ဂလိပ်ပိုင်းမှာကျတော့ဗျာ၊ အမ်မီဒီယာအစွန်းရောက်
ကြောင်းစွပ်စွဲပြီးအကြောင်းပြချက်ဖြစ်တဲ့လမ်း၂၀ ကိစ္စ ထည့်မရေးဘူး။ ဒါကို ကျနော်တို့ ဘယ်လိုပြောမလဲ၊ 
ကလေးကလားဆန်တဲ့ လုပ်ရပ်ထက်ကို ဒါကိုက အစွန်းရောက်ခြောက်တွန်းတဲ့ လုပ်ရပ်ဖြစ်နေ ပြီ။ နိုင်ငံတ
ကာကိုကျ တစ်မျိုးလိမ်၊ ပြည်တွင်းကိုကျ တစ်မျိုးလိမ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။” ဟု ဖြည့်စွက်ပြောကြား
ခဲ့သည်။

M11

အလဲဗင်း၏ သတင်းစာတွင် အစွန်းရောက်စွပ်စွဲချက်အား ရေးသားထားပုံ

about true new st 120

အမ်-မီဒီယာမှာ ဇွန် ၁၉ ရက်နေ့စွဲဖြင့် တင်ပြခဲ့သည့် လမ်း ၁၂၀
ထိပ်ဖြစ်ရပ် သတင်းမှန်
ထို့ပြင် အလဲဗင်းမီဒီယာ၏ မီဒီယာမဆန်သောလုပ်ရပ်ကို စင်ကာပူအခြေဆိုက် စီဂျေတစ်ဦးဖြစ်သည့် Chan Myae Khine ကလည်း Facebook ပေါ်တွင် အောက်ပါ အတိုင်း ထောက်ပြထားပါသည်။

ChanMyaeKhineOn11

အမ်-မီဒီယာ၏ ပြည်တွင်းသတင်းဆိုင်ရာအကြီးတန်းအယ်ဒီတာတစ်ဦးကို၂၇ ရက်နေ့ထုတအလဲဗင်းသတင်း
နှင့်ပတ်သတ်၍ဆက်သွယ်မေးမြန်းခဲ့ ရာအောက် ပါအတိုင်း ဖြေကြားခဲ့ပါသည်။“၂၇-ရက်နေ့ အလဲဗင်းကM-
Media ကအစွန်းရောက်လို့သုံးတာကိုဘယ်လိုမြင်သလဲဆိုက ပွင့်ပွင့်လင်းလင်း ပြောရရင် အလဲဗင်းကို ရခိုင်
သီတာထွေးကိစ္စစဖြစ်ကတည်းကအယုံအကြည်မရှိတာဆိုတော့ နိုင်ငံရဲ့နာမည်ကြီးမီဒီယာတစ်ခုကတစ်ခြား
မီဒီယာငယ်တွေကိုအစွန်းရောက်လို့ပြောတာဟာတခြားမီဒီယာ (M-Media)ကို တိုက်ရိုက်တိုက်ခိုက်မှု တစ်ခု
ပါ။ ပြီးတော့ M-Media က အခုထက်ထိ အမှန်တရားတွေ ကိုပဲ တင်ပြနေပါတယ်။ အဲဒါကြောင့် အလဲဗင်းရဲ့ လွဲမှားမှုတွေ၊လိုအပ်ချက်တွေကို ထောက်ပြီးတင်ပြခဲ့တာတွေ ရှိခဲ့လို့ အဲဒီအပေါ် မီဒီယာကျင့်ဝတ်ကို မစောင့်
ထိန်းပဲ အညှိုးအတေးနဲ့ အပုတ်ချတယ်လို့ မြင်ပါတယ်။

ကိုယ့်မီဒီယာကနေအစွန်းရောက်မှုတွေ၊ဘာသာရေးပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်နေတာကို ပြန်လည်
သုံးသပ်ခြင်းမပြုပဲတဘက်မှာအမှန်တရားကို တင်ပြနေတဲ့ မီဒီယာတွေကို အစွန်းရောက်လို့သုံးနှုန်းလိုက်တာ
ဟာ အလဲဗင်းရဲ့ခံယူချက်က ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုတာ ပိုပြီးမြင်သာသွားပါတယ်။

ချေပချင်တယ်ဆိုတာထက်အဖြစ်သင့်ဆုံးတစ်ခုပြောချင်တာကတော့အလဲဗင်းအနေနဲ့ကိုယ့်မီဒီယာက ဘယ်
လိုပုံစံ ဘယ်အခြေအနေရောက်ပြီလဲဆိုတာ သုံးသပ်စေချင်ပါတယ်။ ကိုယ့်စီးပွားအကျိုး အမြတ်ကြောင့်ပဲဖြစ်
ဖြစ်၊ တခြားကနေ ထောက်ပံ့မှုတွေ ရချင်လို့ပဲဖြစ်ဖြစ်၊ နောက်ကွယ်က ကြိုးကိုင်နေသူရှိလို့ ရှေ့ကနေ ကပြအ
သုံးတော်ခံနေတာ ပဲဖြစ်ဖြစ် အဲဒါတွေကနေ ရပ်တန့်သင့်ပြီလို့ ပြောချင်တယ်။  

ကိုယ့်နိုင်ငံကို တကယ်ချစ်မြတ်နိုးပြီး နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ပီသအောင် ရပ်တည်မယ်ဆို ရင် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုပျက်ပြား လောင်ကျွမ်းစေမယ့် လောင်စာတွေထည့်ခြင်း၊မီးမွှေးခြင်းကို မလုပ်ဖို့ အလဲ
ဗင်းကို ပြောချင်တယ်။

တဖန် အမ်-မီဒီယာ၏ အုပ်ချုပ်ရေးနှင့် အတိုင်ပင်ခံဖြစ်သူ တစ်ဦးကမူ -“ကျနော့တစ်ယောက်တည်းအမြင်
အရတော့အလဲဗင်းမီဒီယာဂရုပ်အနေနဲ့သူအပါအဝင် ပြည်တွင်းမီဒီယာတွေကိုM-media ကနေ ထောက်
ပြပြော ဆိုတာလေ့ရှိတာကြောင့် ကိုယ့်အနေအထား ကိုယ့်အမှားတွေကို လူသိမှာစိုးလို့ Localize printed license ကိုသုံးချပြီး လူထုကို စာအဆိပ်သွပ် လိုက်တာလို့ပဲ မြင်ပါတယ်… မီဒီယာအချင်းချင်း စွပ်စွဲမှုအပေါ် ချက်နဲ့လက်နဲ့စွတ်စွဲထောက်ပြတာမျိုးကိုလက်ခံနိုင်ပေမဲ့အချက်အလက်လည်းမမှန် တိကျတဲ့ထောက်ပြ
ဝေဖန်မှုမျိုးမပါပဲ လက်လွတ်စပါယ်စွတ်စွဲပြောဆိုတာကတော့ အလဲဗင်းမီဒီယာဂရုပ်အနေနဲ့ ကိုယ့်မီဒီယာ
ဂရုပ်တစ်ခုလုံးရဲ့ သိက္ခာနဲ့ကျင့်ဝတ် ကို နင်းချပြတာပဲဗျ… မယုံရင် M-media အနေနဲ့လည်း အလဲဗင်းအပါ
အဝင် ပြည်တွင်းကမီဒီယာတွေရဲ့သတင်းတင်ဆက်မှု ဆောင်းပါးတငဆက်မှုအမှားအယွင်းတွေရှိရင် ထောက်
ပြခဲ့တာပဲ… 

ဒါပေမဲ့ မီဒီယာတစ်ခုခုကိုတော့ အစွန်းရောက်လိုမျိုး အကြမ်းဖက်လှုံ့ဆော်မီဒီယာလိုမျိုး စွတ်စွဲပြီး အပုပ်ချ
တာ မျိုး လုပ်တာမရှိခဲ့ဘူး… ပြောရရင်တော့ အဲ့ဒီအပိုင်းမျိုးအထိ လိုရာစွဲပြီး တန်ပြန်ထိုးနှက်မယ်ဆိုရင် လုပ်
လို့ရတာတွေ အလဲဗင်းမီဒီယာဂရုပ်ရဲ့ လုပ်ရပ်တွေ ထဲမှာ အများကြီးထုတ်ပြနိုင်ပေမဲ့ မီဒီယာဆိုတာ အစွန်း
၂ဖက်ကိုရှောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို လူထုကိုချပြရတာမျိုးလို့ပဲ ထင်မြင်ယူဆထားတော့ M-media အနေနဲ့ ထောက်ပြဝေဖန်မှုထက်ပိုပြီး စွတ်စွဲတိုက်ခိုက်တာမျိုးရှောင်ကြဉ်တယ်… ”

အမ်-မီဒီယာ၏ပင်တိုင်ဆောင်းပါးရှင်တစ်ဦးကလည်း သူ့အနေဖြင့် “တစ်ကမ္ဘာလုံးနှင့် ၁၁” ဟူသော ခေါင်း
စဉ်ဖြင့် တစ်ကမ္ဘာလုံးက မြန်မာပြည်တွင် အစွန်းရောက်မှုရှိနေပြီး ယင်းကို မြန်မာပြည်တွင်း မီဒီယာများ ၄င်း
တို့နှင့် ဘာသာတူအစွန်းရောက်လူများစုကြီးကို မျက်ကွယ်ပြု ထောက်ပံ့ပေးနေသည့် အကြောင်း ကမ္ဘာ့မီဒီ
ယာကြီးများ ၏ ထောက်ပြပြောဆိုမှုများကိုအထောက်အထားများဖြင့် ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း၊
ပရိသတ်များ အနေဖြင့် စောင့်မျှော်ဖတ်ရှုစေ လိုကြောင်း မှတ် ချက်ပေး ပြောကြားပါသည်။

အချုပ်ဆိုရပါမူ အမ်-မီဒီယာအနေဖြင့် အလဲဗင်း၏ အစွန်းရောက်ဟူသော အခြေအမြစ်မဲ့စွပ်စွဲချက်အား ပြင်း
ထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ဖော်ပြအပ် ပါသည်။

M-Media ,  RangonNewsDaily
kolatt(PBDN): 29.6.2013

No comments:

Post a Comment