Friday, June 28, 2013
ဈေးနှုန်းမြင့်မားပြီး ဝန်ဆောင်မှု အားနည်းချက်များကြောင့်သုံးစွဲသူများစိတ်ပျက်နေသည့် မြန်မာ့ဆက်သွယ်
ရေး လုပ်ငန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူများနှင့် ပူးပေါင်းကာ အများပိုင်ကုမ္ပဏီ အဖြစ် အသစ်ပြန်
လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
"မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မကြာမီမှာ ကော်ပိုရေးရှင်း ပြောင်းတော့မယ်။ နောက်ဆိုရင် နိုင်ငံတော်
ဘဏ္ဍာ သိပ်မသုံးတော့ဘူး။ဒီတော့ကိုယ့်ဟာကိုယ်ရပ်တည်ရင်အခက်အခဲတွေ ရှိနိုင်တယ်။ ဒါကြောင့် ပြည်
တွင်းပြည်ပကနေ လူ့စွမ်းအား အရင်းအမြစ်၊ ငွေကြေး၊နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုပြုလုပ်မယ့် ပြည်
တွင်း ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်" ဟု ၄င်းကဆိုသည်။
ယခင်က အများနှင့်မသက်ဆိုင်ဘဲ အစိုးရနှင့် ပတ်သက်ဆက်နွယ်မှုများ ရှိသော ရတနာပုံတယ်လီပို့ ကုမ္ပဏီ အနေနှင့်လည်းအများပိုင်ကုမ္ပဏီအဖြစ်အသွင်ပြောင်းတော့မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။"မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်းကို ကျွန်တော်တို့ ပုဂ္ဂလိကပိုင် လုပ်ပါမယ်။ အများနဲ့မသက်ဆိုင်တဲ့ ရတနာပုံတယ်လီပို့ ကို
လည်း အများနှင့်သ က်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲမယ်။ ဒါဆို အော်ပရေတာ လေးခုရှိလာမယ်" ဟု
ဆိုသည်။
ပြည်ပကုမ္ပဏီများ ရွေးချယ်ပြီးဖြစ်၍ အော်ပရေတာလေးခု ရှိလာမည်ဖြစ်ကာ ပြည်သူများ အနေနှင့်လည်း
ဈေးနှုန်းသက်သာ၍ အရည်အသွေး ကောင်းမွန်သောဝန်ဆောင်မှုများ ရရှိလာမည်ဖြစ်ကြောင်း ပြည်သူများ
စိတ်ကြိုက်ရွေးချယ်ခွင့် ရရှိစေမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
"ဒီလိုပြုပြင်ပြောင်းလဲမှု တွေကြောင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာမယ်။ ပြီးတော့ ဒါနဲ့ ဆက်စပ်ကဏ္ဍ
တွေလည်းတိုးတက်လာမယ်။GDPလည်းတိုးတက်လာမယ်"ဟုပရိုဂရမ်မာတစ်ဦးဖြစ်သူကိုရဲဝင်းအောင်က
မှတ်ချက်ပေးသည်။
ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီ က ဇွန်လ ၂၇ ရက်နေ့တွင် Telenor နှင့် Ooredoo ကုမ္ပဏီများကို လိုင်စင်ချထားပေးရန် ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Weekly , RangonNewsDaily
kolatt(PBDN): 28.6.2013
ဈေးနှုန်းမြင့်မားပြီး ဝန်ဆောင်မှု အားနည်းချက်များကြောင့်သုံးစွဲသူများစိတ်ပျက်နေသည့် မြန်မာ့ဆက်သွယ်
ရေး လုပ်ငန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူများနှင့် ပူးပေါင်းကာ အများပိုင်ကုမ္ပဏီ အဖြစ် အသစ်ပြန်
လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
"မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မကြာမီမှာ ကော်ပိုရေးရှင်း ပြောင်းတော့မယ်။ နောက်ဆိုရင် နိုင်ငံတော်
ဘဏ္ဍာ သိပ်မသုံးတော့ဘူး။ဒီတော့ကိုယ့်ဟာကိုယ်ရပ်တည်ရင်အခက်အခဲတွေ ရှိနိုင်တယ်။ ဒါကြောင့် ပြည်
တွင်းပြည်ပကနေ လူ့စွမ်းအား အရင်းအမြစ်၊ ငွေကြေး၊နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုပြုလုပ်မယ့
တွင်း ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်" ဟု ၄င်းကဆိုသည်။
ယခင်က အများနှင့်မသက်ဆိုင်ဘဲ အစိုးရနှင့် ပတ်သက်ဆက်နွယ်မှုများ ရှိသော ရတနာပုံတယ်လီပို့ ကုမ္ပဏီ အနေနှင့်လည်းအများပိုင်ကုမ္ပဏီအဖြစ်အသွင်ပြောင်းတော့မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။"မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်းကို ကျွန်တော်တို့ ပုဂ္ဂလိကပိုင် လုပ်ပါမယ်။ အများနဲ့မသက်ဆိုင်တဲ့ ရတနာပုံတယ်လီပို့ ကို
လည်း အများနှင့်သ က်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲမယ်။ ဒါဆို အော်ပရေတာ လေးခုရှိလာမယ်" ဟု
ဆိုသည်။
ပြည်ပကုမ္ပဏီများ ရွေးချယ်ပြီးဖြစ်၍ အော်ပရေတာလေးခု ရှိလာမည်ဖြစ်ကာ ပြည်သူများ အနေနှင့်လည်း
ဈေးနှုန်းသက်သာ၍ အရည်အသွေး ကောင်းမွန်သောဝန်ဆောင်မှုများ ရရှိလာမည်ဖြစ်ကြောင်း ပြည်သူများ
စိတ်ကြိုက်ရွေးချယ်ခွင့် ရရှိစေမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
"ဒီလိုပြုပြင်ပြောင်းလဲမှု တွေကြောင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာမယ်။ ပြီးတော့ ဒါနဲ့ ဆက်စပ်ကဏ္ဍ
တွေလည်းတိုးတက်လာမယ်။GDPလည်းတိုးတက်လာမယ်"ဟုပရိုဂရမ်မာတစ်ဦးဖြစ်သူကိုရဲဝင်းအောင်က
မှတ်ချက်ပေးသည်။
ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီ က ဇွန်လ ၂၇ ရက်နေ့တွင် Telenor နှင့် Ooredoo ကုမ္ပဏီများကို လိုင်စင်ချထားပေးရန် ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Weekly , RangonNewsDaily
kolatt(PBDN): 28.6.2013
No comments:
Post a Comment