"စီဒီအမ်အေ ၈ဝဝ ငါးသိန်းဖုန်းပေါက်ဈေး ဆက်ထိုးဆင်း"
စီဒီအမ်အေ ၈ဝဝ ငါးသိန်းဖုန်း ပေါက်ဈေးမှာ နှစ်သိန်းတစ်သောင်း
အထိကျဆင်းသွားပြီဟု ဖုန်းဈေးကွက်မှ သိရသည်။ဒုတိယအကြိမ် ကျပ်တစ်ထောင့်
ငါးရာတန်ဖုန်းများ ရောင်းချပေးသည့် အချိန်မှ စ၍ အထက်ပါဈေးဖြစ်ခဲ့ခြင်း
ဖြစ်ပြီး ယင်းကာလမတိုင်မီ ကျပ်ငါးသိန်း ဖုန်းများ၏ ပေါက်ဈေးမှာ
ကျပ်နှစ်သိန်း ခြောက်သောင်းဖြစ်သည်။
''ဒီဈေးပေါက်တယ်ဆိုပေမယ့် ဝယ်လက်ရှိမှ အလုပ်ဖြစ်တာပါ။ ဝယ် လက်မရှိရင်တော့
ဒီဈေးနဲ့ဝယ်ပြီး မ လှောင်ထားပါဘူး''ဟု ကျောက်တံတား မြို့နယ်မှ
ဝါရင့်ဖုန်းအကျိုးဆောင် မစိုး က ပြောသည်။
လက်ရှိဖုန်းပွဲစားဈေးကွက်၌ ရှိ သည့်မိုဘိုင်းဖုန်းပေါက်ဈေးမှာ
ကျပ်ငါးသိန်း CDMA 450 MHz ဖုန်းမှာ ကျပ် နှစ်သိန်းလေးသောင်း၊
ကျပ်ငါးသိန်း ဂျီဖုန်းမှာ ကျပ်နှစ်သိန်းခုနစ်သောင်း၊
ကျပ်နှစ်သိန်းဂျီဖုန်းမှာ ကျပ်နှစ်သိန်း ငါးထောင်၊ ကျပ်ထောင့်ငါးရာတန် CDMA
800 ဖုန်းမှာ ကျပ်ခြောက် သောင်းငါးထောင်ဈေးရှိကြောင်း ယင်း
ဈေးနှုန်းမှာပွဲစားများမှ ဝယ်ယူသည့်နှုန်း ထားများဖြစ်ကြောင်း သိရသည်။
''ပြန်ရောင်းတဲ့ဈေးကတော့ နှုန်း ထားတစ်မျိုးနဲ့ရောင်းတယ်။ ဈေးနှုန်းကို အရှင်ထားတယ်။ ဝယ်လက်က တကယ် ဝယ်ချင်တဲ့ပုံစံမျိုးဆိုရင်တော့
အရောင်း အဝယ်ဖြစ်အောင် ဈေးညှိပြီး ရောင်းပါ တယ်''ဟု
ဗဟန်းမြို့နယ်ရွှေဂုံတိုင်ဆက် သွယ်ရေးဝင်းအနီးရှိ ဖုန်းပွဲစားကိုမောင်
မောင်က ပြောသည်။
လက်ရှိဖုန်းပွဲစားအများစုမှာ မို
ဘိုင်းဖုန်းများနှင့် ပတ်သက်၍ အင်တာ နက်၊ ကတ်ပျက်၊ ကတ်ပျောက်လျှောက်
သည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ခြင်းမရှိကြတော့ဘဲ ဖုန်းဝယ်ရောင်း
ကိုသာ အဓိကလုပ်ကိုင်လာကြကြောင်း ယင်းဈေးကွက်မှ
သိရသည်
ဈေးကွက်မိုဘိုင်းဈေးနှုန်းများ အတက်အကျဖြစ်ပေါ်ခြင်းသည် အစိုးရ မှ ရောင်းချပေးသည့် ဖုန်းအသစ် ထွက် ရှိမှုအပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်လျက်ရှိသည်။
PN-052(Popular Myanmar), RangonNewsDaily
kolatt(PBDN): 20.6.2013
No comments:
Post a Comment