Pages

Pages - Menu

Thursday, June 20, 2013

အကြိမ် (၅၀)မြောက် ကျောက်မျက် ရတနာ ရောင်းချပွဲ ၌ ၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီး ပျောက်ဆုံး

Thursday, June 20, 2013

နိုင်ငံတော် ဒုတိယသမ္မတ ဖွင့်လှစ်ခဲ့သည့်အကြိမ် (၅၀)မြောက် ကျောက်မျက် ရတနာ ရောင်းချပွဲ စတင်ချိန်

၌ ၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီးပျောက်ဆုံးမှုကို ဇွန်လ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း ကျောက်မျက်
လုံခြုံရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ဇမ္ဗူသီရိ ကျောက်မျက်ကုမ္ပဏီ၌ဖွင့်ပွဲကျင်းပနေစဉ် နိုင်ငံခြားသားများဝင်ရောက် လေ့လာနေချိန်တွင် ပျောက်
ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊စိန်အသေး၁၀ ပွင့် ခြယ်ထားသည့် ကျောက်စိမ်းဆွဲသီးသည် ၃၂ ကာရက်ရှိပြီးအလေး
ချိန် စုစုပေါင်း ၂၀ ဒသမ ၇၂ ဂရမ် ရှိကြောင်း ယင်းပြပွဲထံမှ သိရသည်။

ယင်းဆွဲသီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အမှုဖွင့်ထားကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲစခန်းက တာဝန်ကျ ရဲအ

ရာရှိက အတည်ပြု ပြောကြားသည်။

ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီ၏ အရောင်းတာဝန်ခံ ဒေါ်နှင်းဝေကို၏ တိုင်ကြားမှုကိုပထမသတင်းပေး
တိုင်

ချက် အမှတ် (ပ)/၅၅/၂၀၁၃- ပုဒ်မ ၃၈၀ ဖြင့် ဇမ္ဗူသီရိ မြို့နယ် ရဲစခန်းက လက်ခံထားသည်ဟု ၎င်းကပြော
ဆိုသည်။

ကျောက်မျက် ရတနာပြပွဲ စတင်ခဲ့သည့်ရက်မှာ ဇွန်လ ၁၅ ရက်ဖြစ်သည်။ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီ

သည် ကျောက်မျက် ရတနာပြခန်းပေါင်း ၇၀ အနက် အကြီးဆုံး ပြခန်းသုံးခန်းတွင် တစ်ခန်းပါဝင်ပြသထား
သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 20.6.2013

No comments:

Post a Comment