Pages

Pages - Menu

Wednesday, June 5, 2013

မလေးရှားရောက် မြန်မာလူမျိုးအားလုံး အထူးသတိပြုရန်

မလေးရှားရောက် မြန်မာလူမျိုးတရားဝင်၊တရား မဝင်၊ Passportရှိသူ၊ မရှိသူ၊ Visa ရှိသူ၊ မရှိသူ အားလုံးကို ယခု ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီမှစပြီးKuala Lumpur မြန်မာ့အသိုင်းအဝိုင်းတဝိုက်နှင့် Pudu Raya တဝိုက်၊ Kota Raya တဝိုက်/Bangkok Bank အနီးအနားတွင်မ လေးရှား အာဏာပိုင် အင် အား ၁၀၀ ကျော်ဖြင့် ဖမ်းဆီးပြီး Cable tie ဖြင့်ချုပ်နှောင်သွားကြောင်းသတင်းရရှိပါသည်။ မြန်မာလူမျီုးသီသန့် ဘယ်ဘာသာဝင်မဆို ကိုသာဖမ်းဆီးပြီး အခြားနိုင် ငံသားများကိုတော့
ဖမ်းဆီးခြင်းမရှိပါ။မြန်မာနိုင် ငံအစိုးရ၏ လူမျီုးတုံးသတ်ဖြတ်မူနှင့်ဆက်နွယ်ကြောင့်သိရှိရပါသည်။

“ မနက်က မြို့ထဲကို ၉ နာရီလောက်ကနေ ကျနော် ရောက်နေတာဗျ..အဲဒီအချိန်ထိတော့ အေးဆေးပဲ..ဘာရဲမှလည်းမတွေ့ဘူး...၁၀ နာရီ ၁၅ မိနစ်လောက်ကျတော့ ကားတွေ သုံးလေးစီး ထိုးရပ်ပြီး အကုန် စစ်ဆေးတာ..စစ်ဆေးတာသာ ပြောတာပါ..ကားပေါ်အကုန်တင်တာပဲ လို့မျက်မြင်တွေ့ရှိခဲ့ရသူတစ်ယောက်ကပြောပြပါတယ်။

အချုပ်ကား ၄ စီး ရပ်ထားတယ်..ဇေယျာ မြန်မာဆိုင်ရှေ့မှာ နှစ်စီး..ကိုတာရာယာ ကုန်တိုက် နားမှာ နှစ်စီး...နိုင်ငံခြားသားဆို အကုန် ဆွဲပြီး ကားပေါ်တင်တာ..ရဲစခန်းရောက်မှ ရှင်းပေါ့..တစ်ချို့ အလုပ်လာတဲ့ သူတွေ အဖမ်းခံရတာရှိတယ်..ပါမစ်ရှိလည်း ဖမ်းတာပဲ..ရဲစခန်းမှာ သေချာ စစ်ဆေးပြီးမှ ပြန်လွတ်တာလေ...ကျနော် ပြောချင်တာက မလေးရှားမှ ရွှေညီကိုများ အသွားအလာ ဆင်ခြင်ဖို့ပဲ ပြောချင်တယ်..
 
အခု ကျနော်တောင် မန္တလေး မြန်မာဆိုင်ပေါ် တက်တာမြန်လိုက်လို့..မဟုတ်ရင်ကျနော်တောင် ကားပေါ် ပါသွားလောက်ပြီ” လို့ ကွာလာလမ်ပူမြို့ထဲကို ရောက်ရှိနေတဲ့ မိတ်ဆွေတစ်ဦးကလည်း ဖုန်းဆက်ပြီး သတင်းပေးပို့ထားပါတယ်။

ထို့အတူ ကွာလာလမ်ပူ မြို့ရဲ့ အနီး တ၀ိုက် နေရာ တော်တော်များများကို လည်း ဆက်လက် ၀င်ရောက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့လည်း ကလမ်းလာမ မှာ 99 ကုန်စုံဆိုင်တွင် အလုပ်လုပ်နေသော မြန်မာ တစ်ဦးမှလည်း သတင်းပေးပို့ထားပါတယ်။

“ အခု ကျွန်တော်တို့ အနားမှာ ၀င်ဖမ်းနေတာဗျ..ကျနော်က အလုပ်ချိန် နေ့ခင်း ၂ နာရီမှ ၀င်ရမှာ..အခု အိပ်ရာကနိုးလို့ထမင်းသွားစားမယ်ဆိုပြီး အောက်ကို ဆင်းတော့ ဌာနပေါင်းစုံ (အော်ပရာစီ)၀င်ရောက်ဖမ်းနေတာတွေ့တယ်..ပါမစ် ရှိသူတွေရော..ပါမစ်မရှိသူတွေရော..UNHCR ကဒ်ရှိသူတွေပါ ကားပေါ်ခေါ်တင်နေတာတွေ့တယ်” လို့ ပြောပြပါတယ်။

ထို့ကြောင့် မြန်မာလူမျိုးများအနေဖြင့် သွားလာနေထိုင်မှု ဆင်ခြင်ကြပါရန် အသိပေး တိုက်တွန်း
လိုက်ပါသည်။
ကိုထွန်းသာ (မလေးရှား) ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃

No comments:

Post a Comment