Pages

Pages - Menu

Sunday, June 23, 2013

မကွေးတိုင်းဒေသကြီး ရေစကြို ရှစ်အိမ်တန်းရွာတွင် ကမ်းပါးပြိုမှုကြောင့် နှစ်ရက်အတွင်း နေအိမ် ၁၁ လုံး ရွှေ့ပြောင်းခဲ့ရ

Photo: ရေစကြို ရှစ်အိမ်တန်းရွာတွင် ကမ်းပါးပြိုမှုကြောင့် နှစ်ရက်အတွင်း နေအိမ် ၁၁ လုံး ရွှေ့ပြောင်းခဲ့ရ
Sunday, June 23, 2013

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ရှစ်အိမ်တန်း ကျေးရွာတွင် ဇွန်လလယ်မှစ၍ မြစ်ကမ်းပါး ပြိုကျမှုကြောင့် နှစ်ရက်အတွင်း နေအိမ် ၁၁ လုံး ရွှေကပြောင်းခဲ့ပြီး နေထိုင်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

အဆိုပါ ကျေးရွာမှာ ယခင်နှစ် ချင်းတွင်းမြစ်ရေ မြင့်တက်စဉ်ကလည်း မြစ်ကမ်းပါးပြိုမှုကြောင့် နေအိမ် ၉၅ လုံး ရွှေ့ပြောင်းခဲ့ရကာ ယခုနှစ် မြစ်ကမ်းပါး ပြိုကျမှုတွင်လည်း နေအိမ် ၁၁ လုံး ထပ်မံရွှေ့ပြောင်းခဲ့ရခြင်းကြောင့် ရွှေ့ပြောင်းခဲ့ရသည့်အိမ်ပေါင်း ၁၀၆ အိမ်ထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

"ရေက အခုမှ စတက်တုန်း ရှိသေးတယ်။ နောက်ရက်တွေဆို ကမ်းကဆက်ပြိုဦးမှာပဲ။ အခု လလယ်ပိုင်း (ဇွန်လ) မှာ ရေက နှစ်ရက်လောက်ပဲ တက်တယ်။ အဲဒီနှစ်ရက်မှာပဲ ကမ်းကတအားပြိုလို့ အိမ် ၁၁ လုံးလောက် ရွှေ့လိုက်ရတယ်။ မနှစ်ကဆိုရင် ရေတက်စကနေ ၁၁ လပိုင်းအထိ ၉၅ အိမ် ရွှေ့ရတယ်။ အခုဆို အိမ်ရွှေ့ထားရတဲ့ မိသားစုတွေမှာ ရွာလယ်ကွင်းတွေထဲ ဖြစ်သလို တဲထိုးနေရတယ်။ လုပ်စားမြေဆိုတာလည်း မကျန်တော့ဘူး။ လူမှုရေး အခက်အခဲတွေလည်း အများကြီး ကြုံရတယ်။ တာဝန်ရှိသူတွေ အနေနဲ့ နေရာပြန်လည် ချထားပေးတယ် ဆိုရင်တောင် အရင်က နေဖြစ်ထိုင်ဖြစ်တဲ့ မြေနေရာမှာပဲ စီစဉ်ပေးစေချင်တယ်" ဟု ရှစ်အိမ်တန်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသောင်းဌေးက ပြောကြားခဲ့သည်။

"ကမ်းပြိုလို့ နေအိမ်ရွှေ့ပြောင်း ရသူတွေအတွက် ဒေသအာဏာပိုင်တွေကနေ ၃ ဒသမ ၀၉ ဧက အကျယ်ရှိတဲ့ မြေနေရာကို အစားပြန်ပေးမယ်လို့ ပြောပါတယ်။ တကယ်ကမ်းပြိုလို့ နေအိမ်ရွှေ့ပြောင်းထားတဲ့ အရေအတွက်ဆိုရင် လက်ရှိပြန်ပေးဖို့ စီစဉ်နေတဲ့ နေရာက ကျဉ်းလွန်းတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ မီးလောင်ကျွန်း၊ ဖြုံဘူး၊ ပေါက်တောကျွန်း၊ ငမြာကြီး၊ ငမြာလေး၊ ပခန်းငယ်နှင့် ချစ်သူကျေးရွာများမှာလည်း ယခင်နှစ် မြစ်ရေတက်စဉ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်မြေနေရာ အများအပြား ပြိုကျပျက်စီးခဲ့ရပြီး အချို့ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါး ရွှေ့ပြောင်းခဲ့ရကြောင်း၊ ယခုနှစ် ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်ချိန်တွင်လည်း အဆိုပါ ကျေးရွာများအနီးတွင် ကမ်းပြိုမှုများ စတင်ဖြစ်ပေါ်နေကြောင်း သိရသည်။

EMG

ရေစကြိုမြို့နယ် ရှစ်အိမ်တန်းကျေးရွာ ကမ်းပြိုမှုအား တွေ့ရစဉ်
ရေစကြိုမြို့နယ် ရှစ်အိမ်တန်းကျေးရွာ ကမ်းပြိုမှုအား တွေ့ရစဉ်
Sunday, June 23, 2013

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ရှစ်အိမ်တန်း ကျေးရွာတွင် ဇွန်လလယ်မှစ
၍ မြစ်ကမ်းပါး ပြိုကျမှုကြောင့် နှစ်ရက်အတွင်း နေအိမ် ၁၁ လုံး ရွှေကပြောင်းခဲ့ပြီး နေထိုင်ရေး အခက်အခဲ
များနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။ အဆိုပါ ကျေးရွာမှာ ယခင်နှစ် ချင်းတွင်းမြစ်ရေ မြင့်တက်စဉ်ကလည်း မြစ်ကမ်းပါးပြိုမှုကြောင့် နေအိမ် ၉၅ လုံး ရွှေ့ပြောင်းခဲ့ရကာ ယခုနှစ် မြစ်ကမ်းပါး ပြိုကျမှုတွင်လည်း နေအိမ် ၁၁ လုံး ထပ်မံရွှေ့ပြောင်းခဲ့ရခြင်း
ကြောင့် ရွှေ့ပြောင်းခဲ့ရသည့်အိမ်ပေါင်း ၁၀၆ အိမ်ထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

"ရေက အခုမှ စတက်တုန်း ရှိသေးတယ်။ နောက်ရက်တွေဆို ကမ်းကဆက်ပြိုဦးမှာပဲ။ အခု လလယ်ပိုင်း (ဇွန်
လ)မှာ ရေက နှစ်ရက်လောက်ပဲတက်တယ်။အဲဒီနှစ်ရက်မှာပဲကမ်းကတအားပြိုလို့ အိမ် ၁၁ လုံးလောက် ရွှေ့
လိုက်ရတယ်။ မနှစ်ကဆိုရင် ရေတက်စကနေ ၁၁ လပိုင်းအထိ ၉၅ အိမ် ရွှေ့ရတယ်။ အခုဆို အိမ်ရွှေ့ထားရ
တဲ့ မိသားစုတွေမှာ ရွာလယ်ကွင်းတွေထဲ ဖြစ်သလို တဲထိုးနေရတယ်။
 
လုပ်စားမြေဆိုတာလည်းမကျန်တော့ဘူး။လူမှုရေးအခက်အခဲတွေလည်း အများကြီး ကြုံရတယ်။ တာဝန်ရှိသူ
တွေ အနေနဲ့ နေရာပြန်လည် ချထားပေးတယ် ဆိုရင်တောင် အရင်က နေဖြစ်ထိုင်ဖြစ်တဲ့ မြေနေရာမှာပဲ စီ
စဉ်ပေးစေချင်တယ်" ဟု ရှစ်အိမ်တန်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသောင်းဌေးက ပြောကြားခဲ့သည်။

"ကမ်းပြိုလို့ နေအိမ်ရွှေ့ပြောင်း ရသူတွေအတွက် ဒေသအာဏာပိုင်တွေကနေ ၃ ဒသမ ၀၉ ဧက အကျယ်ရှိ
တဲ့ မြေနေရာကို အစားပြန်ပေးမယ်လို့ ပြောပါတယ်။ တကယ်ကမ်းပြိုလို့ နေအိမ်ရွှေ့ပြောင်းထားတဲ့ အရေ
အတွက်ဆိုရင်လက်ရှိပြန်ပေးဖို့ စီစဉ်နေတဲ့ နေရာကကျဉ်းလွန်းတယ်"ဟု ၎င်းကဆက်လက် ပြောကြားသည်။

ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ မီးလောင်ကျွန်း၊ ဖြုံဘူး၊ ပေါက်တောကျွန်း၊ ငမြာကြီး၊ ငမြာ
လေး၊ပခန်းငယ်နှင့်ချစ်သူကျေးရွာများမှာလည်းယခင်နှစ် မြစ်ရေတက်စဉ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့်
နေအိမ်မြေနေရာ အများအပြား ပြိုကျပျက်စီးခဲ့ရပြီး အချို့ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါး ရွှေ့ပြောင်းခဲ့ရ
ကြောင်း၊ ယခုနှစ် ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်ချိန်တွင်လည်း အဆိုပါ ကျေးရွာများအနီးတွင် ကမ်းပြိုမှုများ စတင်ဖြစ်ပေါ်နေကြောင်း သိရသည်။

EMG , RangonNewsDaily
kolatt(PBDN): 23.6.2013


No comments:

Post a Comment