ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက
တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက
သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။
ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီ ဒီဆောင်းပါးကိုအရင်ဖတ် ကြည့်ပါ။
ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခများက မြန်မာ့နိုင်ငံရေးပြုပြင်ြေ ပာင်းလဲမှုများကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။ ဆယ်စုနှစ်ငါးစုခန့် မျက်စိလည်လမ်းမှားနေခဲ့ပြီး လမ်းကြောင်းပြန်
တည့်ဖို့ ကြိုးစားနေသည့် လူ့အဖွဲ့အစည်းကို နောက်ပြန်လှည့်ဖို့အားထုတ်သ ည့် ပြဿနာဖြစ်သည်။
ဘာကြောင့် ဘာသာရေးလူမျိုးရေးပဋိပက္ခများကို ပြည်ထောင်စုသားတိုင်းက အပြင်းအထန်ဆန့်ကျင်သင့်
သည် ယခုပဋိပက္ခများကပြည်ထောင်စု အနာဂတ်ကို ဘယ်လို ခြိမ်းခြောက်နေသည်ဆိုသည့် အကြောင်းရင်း
ခုနစ်ချက်ကို ဖော်ပြပါမည်။
၁။ ပြည်ထောင်စုဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် ပြည်
ထောင်စုတွင်းရှိ အခြားသော လူနည်းစုများကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့စေသည်။ လူနည်းစုများဖြစ်
သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများ
စုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့
သည့် 
တပ်မတော်နှင့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် ဖွဲ့ စည်းထားသော
အစိုးရအဖွဲ့တွင် တာဝန်ရှိပါသည်။ တိတ်ဆိတ်နေသော အတိုက်အခံသည်လည်း
လူနည်းစုများ၏ အခွင့် အရေးအတွက်တာဝန်ရှိပါသည်။
၂။ အဝေးရောက် မိသားစုဝင်များအင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများအပါအ၀င် မွတ်ဆလင်နိုင်ငံအသီးသီးနှင့်  ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်၊ အခြေချနေထိုင်နေကြသည့် မြန်မာတို့အတွက် လုံခြုံရေးအရ စိုးရိမ်စရာ
အကောင်းဆုံးအခြေ အနေ ရင်ဆိုင်နေရသည်။ ပြည်တွင်းမှအစွန်းရောက် သူ၊ မသမာသူအချို့ကြောင့် ပြည်
တွင်းပြည်ပမိသားစုဝင်အများအပြား
စိုးရိမ်ပူပန်နေကြရသည်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသည့် မြန်
မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံးရှိနိုင်
သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါးတစ်စောင်ကဆိုသည်။
ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချနေသည့်သဘာဝဓာတ်ငွေ့မှရရှိသည့်ငွေထက်အမြောက်
အမြားပိုပါသည်။ ပြည်သူအများစုကို ထမင်းကျွေးနေသည့် ကဏ္ဍဖြစ်သည်။
၃။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ
နှစ်ငါးဆယ်ကျော် ခေတ်နောက်ကျကျန်နေခဲ့ပြီး နိုင်ငံတကာအကူ
အညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ဖွံ့ဖြိုး တိုးတက်အောင်လုပ်၍မရပါ။ နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ရနေသည့်တိုင် ဆင်းရဲမွဲတေမှုကို ခ၀ါမချနိုင်သည့် နိုင်ငံအများအပြား ရှိ
သည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နှစ်လျှင်နိုင်ငံတကာမှ အကူအညီပျမ်းမျှ၁ ဒသမ ၂ဘီလီယံဒေါ်
လာရရှိနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းများပေါ်တွင်
ယာဉ်တိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးနေသည့် စရိတ်က ၁ ဒသမ ၂
ဘီလီယံဒေါ်လာရှိနေသည်။ မထင်မှတ်သည့် ပြဿနာတစ်ခုတည်းကြောင့် နိုင်ငံတကာကအကူအ
ညီအားလုံးကို
ဆုံးရှုံးနေသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဘာသာရေး၊
လူမှုရေးပဋိပက္ခ
များကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များ လုပ်ကိုင်ဖို့မဖြစ်နိုင်ပါ။
၎။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ေ ရးနောက်ပိုင်း
နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာဗုဒ္ဓဘာ
သာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါ
သည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အနိုင်ကျင့်အကြမ်းဖက်မှုများ မရှိစေဖို့ ကြိုတင်တားမြစ်နိုင်မှသာ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်။“လူ
အချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း
အချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ ”
၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှ
တိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ဘာသာရေးအခြေခံ
သည့် မီးကိုမွှေးလျှင်ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လော င်ကျွမ်းမည်ကိုဆင်ခြင်တွေး
တော၍ ရနိုင်လိမ့်မည်။
အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအ
လှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်
များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။
၆။ တရားဥပဒေစိုးမိုးရေးမည်သည့် အကြောင်းပြချက်နှင့်မဆို တရားဥပဒေကိုချိုးဖောက်ဖို့ ကြိုးစားအားထုတ်
မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်း
အတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက် မှုအမျိုးမျိုးကို ရက်ရောစွာ ဖိတ်ခေါ်နေသည်။ ပြည်သူအ
ချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်
အဖွဲ့အစည်းများကို လည်း ပြည်သူများအပေါ် မတရားဖိနှိပ်မှုပြုလုပ်ဖို့ အားပေးတိုက်တွန်းသယောင်ဖြစ် သည်။ဥပဒေအထက်မှာ မည်သူမှ မရှိရပါ။
၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူ
များအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှု
သည်စစ်တပ်အုပ်ချုပ်ရေးကိုတိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ် ပါသည်။ နှစ်ငါးဆယ်သည်လုံလောက်သော ခြောက်
အိပ်မက်ရှည်တစ်ခုဖြစ် ပြီး ထိုအိပ်မက်ကို ပြန်မက်ချင်သူ အများအပြားရှိမည်ဟုမထင်ပါ။ တပ်မတော်သားများအပါအ၀င် ဖြစ်ပါသည်။
အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင်ဘဲ ဖြေရှင်းနိုင်သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း သက်သေပြဖို့လိုပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြော င်း သက်သေပြ
ဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။
ရေးသားသူ- ရဲမိုး
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7days News, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃
ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခမျာ
တည့်ဖို့ ကြိုးစားနေသည့် လူ့အဖွဲ့အစည်းကို နောက်ပြန်လှည့်ဖို့အားထုတ်သ
ဘာကြောင့် ဘာသာရေးလူမျိုးရေးပဋိပက္ခမျာ
သည် ယခုပဋိပက္ခများကပြည်ထောင်စု
ခုနစ်ချက်ကို ဖော်ပြပါမည်။
၁။ ပြည်ထောင်စုဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် ပြည်
ထောင်စုတွင်းရှိ အခြားသော လူနည်းစုများကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့စေသည်။ လူနည်းစုများဖြစ်
သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများ
စုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့
သည်
၂။ အဝေးရောက် မိသားစုဝင်များအင်ဒိုနီးရှာ
အကောင်းဆုံးအခြေ
တွင်းပြည်ပမိသားစုဝင်အမ
မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံးရှိနိုင်
သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါးတစ်စောင်ကဆိုသည်။
ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချနေသည့်သဘာဝဓာတ်ငွေ့မှရရှိသည့်ငွေထက်အမြောက်
အမြားပိုပါသည်။ ပြည်သူအများစုကို ထမင်းကျွေးနေသည့် ကဏ္ဍဖြစ်သည်။
၃။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလ
အညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ
သည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နု
လာရရှိနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းမျာ
ညီအားလုံးကိ
များကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း
၎။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ေ
သာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါ
သည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ
အချင်းချင်းလှည့်ပတ်ခြင်
အချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ
၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင
တိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည
သည့် မီးကိုမွှေးလျှင်ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လော
တော၍ ရနိုင်လိမ့်မည်။
အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအ
လှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်
များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။
၆။ တရားဥပဒေစိုးမိုးရေးမည်သည့်
မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်း
အတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက်
ချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်
အဖွဲ့အစည်းများကို
၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူ
များအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှု
သည်စစ်တပ်အုပ်ချုပ်ရေးကိုတိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ်
အိပ်မက်ရှည်တစ်ခုဖြစ်
အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင်ဘဲ ဖြေရှင်းနိုင်သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း
ဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။
ရေးသားသူ- ရဲမိုး
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7days News, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃
No comments:
Post a Comment