Tuesday, June 04, 2013
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် မိုဘိုင်းအော်ပရေတာ ဖြစ်လာမည်ဖြစ်သော ရတနာပုံတယ်လီပို့
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် မိုဘိုင်းအော်ပရေတာ ဖြစ်လာမည်ဖြစ်သော ရတနာပုံတယ်လီပို့
ကုမ္ပဏီတွင်ရှိသည့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ရှယ်ယာများကို
ပြန်လည်ထုတ်ယူ သွားမည်ဖြစ်သည်ဟု ဆက်သွယ် ရေးနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင် က ပြောကြားသည်။ အဆိုပါရတနာပုံတယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် မကြာမီတွင်ပြောင်းလဲသွားမည် ဖြစ်ရာ ယင်းကုမ္ပဏီ
ရှိ ဝန်ကြီးဌာနပိုင်ရှယ်ယာများကို
ကုမ္ပဏီအများပိုင်ပြောင်းလဲပြီးမကြာမီတွင်ထုတ်ယူသွားရန်
စီစဉ်ထားခြင်း
ဖြစ်သည် ဟု ဒုဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။
ထုတ်ယူမည့်အချိန်ကို အတိအကျပြောကြားထားခြင်း မရှိသေးဘဲ အစိုးရပိုင်ရှယ်ယာများကို အော်ပရေတာ
ထုတ်ယူမည့်အချိန်ကို အတိအကျပြောကြားထားခြင်း မရှိသေးဘဲ အစိုးရပိုင်ရှယ်ယာများကို အော်ပရေတာ
များတွင် ပါဝင်၍မရသောကြောင့်
ထုတ်ယူသွားမည်ဖြစ်ရာ ယင်းကုမ္ပဏီသည် မြန်မာလုပ်ငန်းရှင်များပါဝင်
သည့်
အများပိုင်ကုမ္ပဏီတစ်ခုဖြစ်လာမည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။
ဦးသောင်းတင်က ''ရတနာပုံတယ်လီပို့က ရှယ်ယာတွေကို ထိုက်သင့်တဲ့ အချိန်မှာ နုတ်ထွက်သွားမှာပါ။ ဥပ
ဦးသောင်းတင်က ''ရတနာပုံတယ်လီပို့က ရှယ်ယာတွေကို ထိုက်သင့်တဲ့ အချိန်မှာ နုတ်ထွက်သွားမှာပါ။ ဥပ
ဒေတွေရှိပြီးသား။ အစိုးရပိုင် ဆုရှယ်ယာတွေကို
အောပ်ရေတာလေးခုမှာ ဟိုဘက်မှာလည်းပါမယ်၊ ဒီဘက်
မှာလည်း ရှယ်ယာပါမယ်ဆိုပြီး
လုပ်သွားလို့မရဘူး။ အဲဒါ ကြောင့် ဥပဒေအတိုင်းပဲ လုပ်သွားမှာပါ'' ဟု
ပြော
သည်။
ပြည်တွင်းတွင် မိုဘိုင်းဖုန်းလုပ်ငန်းများ အော်ပရေတာအဖြစ် လုပ်ကိုင်ရန် ကုမ္ပဏီလေးခုကို ရွေးချယ်သွား
ပြည်တွင်းတွင် မိုဘိုင်းဖုန်းလုပ်ငန်းများ အော်ပရေတာအဖြစ် လုပ်ကိုင်ရန် ကုမ္ပဏီလေးခုကို ရွေးချယ်သွား
မည်ဖြစ်ကာ ယင်းကုမ္ပဏီထဲတွင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် သီးခြားရပ်တည်
မည့်
ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ ပါဝင်မည်ဖြစ်သည်။ လက်ရှိတွင်
ရတနာပုံတယ်လီပို့ကုမ္ပဏီ အနေဖြင့်အများပိုင်ကုမ္ပဏီအဖြစ်မပြောင်းလဲရသေးဘဲမကြာခင်ပြောင်းလဲသွားရန်ရှိသည်ဟုရတနာပုံကုမ္ပဏီ
လီမိတက်၏
အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောသည်။
ဦးတင်ဝင်းက ''ကုမ္ပဏီကို အများပိုင်အဖြစ် ပြန်ပြောင်းဖို့ကလောလောဆယ်တော့ ဘာမှမလုပ်ရသေးပါဘူး
ဦးတင်ဝင်းက ''ကုမ္ပဏီကို အများပိုင်အဖြစ် ပြန်ပြောင်းဖို့ကလောလောဆယ်တော့ ဘာမှမလုပ်ရသေးပါဘူး
။ ဘာမှမဆုံးဖြတ်ရသေးဘူး။
အများပိုင်အဖြစ် ပြောင်းမယ်ဆိုတာကတော့ ဆုံးဖြတ်ပြီးသား။ မနေ့တစ်နေ့က
ပဲ
အဲဒီကိစ္စတွေလုပ်ဖို့ အမိန့်ကျတယ်။ နာမည်တွေ ပြောင်းလဲတဲ့ကိစ္စတွေ၊
အစုရှယ်ယာကို ပြည်သူလူထုကို
ပြန်ရောင်းမယ့်ကိစ္စတွေကတော့ လောလောဆယ် မဆုံးဖြတ်ရသေးလို့ အသေးစိတ်ပြောလို့ မရသေးပါဘူး'' ဟု ဇွန် ၂ ရက်တွင် မဇ္ဈိမသို့ ပြောသည်။
မိုဘိုင်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်ပကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် အပြီးသတ်ရွေးချယ်မ

ည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်
နည်းပညာဝန်ကြီးဌာနမှတရားဝင်ပြောကြားထားပြီးဖြစ်
ကာနောက်ဆုံး အဆင့်ရွေးချယ်ရန် ပြည်ပကုမ္ပဏီ ၁၂ ခု အထိ ပဏာမရွေးချယ် ထားသည်။
ယင်းပမာဏရွေးချယ်ထားသည့် ကုမ္ပဏီ ၁၂ ခုမှ ဗြိတိသျှအခြေစိုက် Vodafone အုပ်စုနှင့် China Mobileအုပ်
ယင်းပမာဏရွေးချယ်ထားသည့် ကုမ္ပဏီ ၁၂ ခုမှ ဗြိတိသျှအခြေစိုက် Vodafone အုပ်စုနှင့် China Mobileအုပ်
စုတို့ နုတ်ထွက်သွားခဲ့သည်။နုတ်ထွက်ရခြင်းအကြောင်းရင်းကို မသိရသော်လည်း ဆက်လက် တင်ပြရမည့်
အဆိုပြုချက်များကို ထပ်မံတင်ပြခြင်း မရှိတော့ဘဲ နုတ်ထွက်သွားခြင်း ဖြစ်သည်။
အော်ပရေတာ လုပ်ကိုင်ခွင့်ပေးရာတွင် ၁၅ နှစ်လုပ်ခွင့်ပေးမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများသည် မိုဘိုင်းဖုန်းချပေးရန် Frequency Licence Fees ကို ၁၅ နှစ်စာဝယ်ယူ ရမည်ဖြစ်သည်။
Mizzima ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၄.၆.၂၀၁၃

No comments:
Post a Comment