Thursday, June 27, 2013
ကွန်ဖရက်ဒရေးရှင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဥရုဂွေးအသင်းနှင့်တွေ့ဆုံခဲ့သည့် ဘရာဇီးလ်အ
ကွန်ဖရက်ဒရေးရှင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဥရုဂွေးအသင်းနှင့်တွေ့ဆုံခဲ့သည့် ဘရာဇီးလ်အ
သင်းသည်ကွင်းလယ်ကစားသမားပေါ်လင်ဟို ၏နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိကာ
ဗိုလ်လုပွဲစဉ်သို့တက်
ရောက်သွားခဲ့ပြီဖြစ်သည်။ ဥရုဂွေးအသင်းသည် ပွဲချိန် ၁၄
မိနစ်တွင်ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်းဘရာဇီးလ်အသင်း၏၀ါရင့်
ဂိုးသမား ဂျူလီယိုဆီဇာ လက် စွမ်းပြကာကွယ်ခဲ့သဖြင့်
ဦးဆောင်ဂိုးရရှိမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။
ဘရာဇီးလ်အသင်းတွင် ဟော့ခ်၊ နေမာ၊ ပေါ်လင်ဟို၊ဖရဒ်၊ အော်စကာ၊ဂူစတာဗို၊မာဆယ်လို၊ ဒန်နီယယ်အဲလ်
ဘရာဇီးလ်အသင်းတွင် ဟော့ခ်၊ နေမာ၊ ပေါ်လင်ဟို၊ဖရဒ်၊ အော်စကာ၊ဂူစတာဗို၊မာဆယ်လို၊ ဒန်နီယယ်အဲလ်
ဗက်စ်၊ ဒေးဗစ်လူးဝစ္စ၊သီယာဂိုဆေးလ်ဗား၊ဂျူလီယိုဆီဇာ
တို့ဖြင့်လူစုံခဲ့ပြီး ဥရုဂွေးအသင်းတွင် ဖော်လန်၊ ဆွာ
ရက်ဇ်၊ ကာဗာနီ
တို့၏တိုက်စစ်အတွဲဖြင့် ပွဲထွက်လာ ခဲ့သည်။ အိမ်ကွင်းပရိသတ်ရှေ့မှောက်တွင်
ဘရာဇီးလ်
အသင်း အကောင်းမွန်ဆုံးပုံစံဖြင့် ပွဲထွက်လာခဲ့သော်လည်း ပွဲချိန် ၁၄
မိနစ်တွင် ဒေးဗစ်လူးဝစ္စ ကြောင့်ဘရာ
ဇီးလ်အသင်း ပင်နယ်တီပေးခဲ့ရသည်။
အဆိုပါ ပင်နယ်တီအား ဥရုဂွေး အသင်း၏၀ါရင့်တိုက်စစ်မှူး ဖော်လန် ကန်သွင်းသော်လည်း ဘရာဇီးလ်ဂိုးသ
အဆိုပါ ပင်နယ်တီအား ဥရုဂွေး အသင်း၏၀ါရင့်တိုက်စစ်မှူး ဖော်လန် ကန်သွင်းသော်လည်း ဘရာဇီးလ်ဂိုးသ
မား ဂျူလီယိုဆီဇာ လက်စွမ်းပြပုတ်ထုတ်ကာကွယ်သွားခဲ့သည်။ ဥရုဂွေးအသင်းသည် ယခုပွဲစဉ်တွင် ဘရာဇီး
လ်အသင်းအားအကောင်းမွန်ဆုံးဖိအားပေးနိုင်ခဲ့ သော်လည်း၄၁မိနစ်အရောက်တွင် ပေါ်လင်ဟို၏အကောင်း
မွန်ဆုံးပေးပို့မှုအား ဘရာဇီးလ်တိုက်စစ်မှူး နေမာ အဆုံး
သတ်ရန်ကြိုးစားခဲ့သော်လည်း ဥရုဂွေး ဂိုးသမားနှင့်
ထိပြီး
ပြန်ထွက်လာသည့်ဘောလုံးအား တိုက်စစ်မှူး ဖရဒ် သွင်းယူ ခဲ့သဖြင့်
ဘရာဇီးလ်အသင်းဦးဆောင်ဂိုးရ
ရှိခဲ့သည်။
ဦးဆောင်ဂိုးပေးလိုက်ရသည့်အတွက်ပိုမိုကြိုးစားလာသည့် ဥရုဂွေး အသင်းသည် ဒုတိယပိုင်း ၄၈ မိနစ်တွင် ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗား ၏ဘောလုံးပေးပို့မှုမသေသပ်ပုံမှ တဆင့် တိုက်စစ်မှူး ကာဗာနီ က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။

သို့သော် အိမ်ကွင်းပရိသတ်ရှေ့မှောက်တွင်
အထူး ကြိုးစားနေသောဘရာဇီးလ်အသင်းသည်ပွဲချိန် ၈၆
မိနစ်
တွင်ရရှိသောဒေါင့်ကန်ဘောမှတဆင့် ပေါ်လင်ဟို ခေါင်းတိုက်
သွင်းယူခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ၂-၁ ဖြင့်
ဘရာဇီးလ်အသင်းအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။
yatanarpon , RangonNewsDaily
kolatt(PBDN): 27.6.2013
yatanarpon , RangonNewsDaily
kolatt(PBDN): 27.6.2013
No comments:
Post a Comment