ပန်းခြံပိစိလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ရောက်ပါပြီ (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ) |
Saturday, June 22, 201
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် (Traders Hotel)ရဲ့ ဘေးမှာ Traders Square ဆိုတာကြီး ဆောက်နေပါ

တယ်။အဲဒါကြီးဆောက်ဖို့လိုအပ်တဲ့ မြေနေရာကိုအဲဒီအနားမှာဝယ်ခဲ့ပုံပါပဲ။ဆိုင်းဘုတ်ပန်းခြံဆိုတဲ့ ပန်းခြံလေး
လည်း အ၀ယ်ခံရတဲ့ထဲ ပါသွားပါတယ်။အနော်ရထာလမ်း နဲ့ ဆူးလေဘုရားလမ်းဒေါင့်ကအဲဒီပန်းခြံဟာ စည်
ပင်သာယာလက်အောက်၊ မြို့တော်ဝန်လက်အောက်ကပါ။ပန်းခြံ ပါသွားတာ မြို့တော်ဝန် မသိဘူးလားဆိုပြီး မေးခွန်းထုတ်လိုသူတွေ ရှိကောင်း ရှိပါလိမ့်မယ်။အင်း...
၊ မြို့ဝန်မင်း ခွင့်ပြုတော်မူလို့ ပန်းခြံလည်း အထပ်မြင့်အဆောက်အအုံ ဖြစ်တော်မူတော့မှာပေါ့။
ပန်းခြံရှေ့က အုန်းပင်များကို ဖယ် မဖယ် မသိရပါ။ပန်းခြံထဲက အများသုံး အခပေးအိမ်သာကြီးနဲ့ အဲဒီနောက်

က ညောင်ပင်ကြီးကိုတော့ ဖယ်ရှားမယ့်ပုံပါပဲ။
အဆောက်အအုံတွေအတွက် ပန်းခြံ/ကစားကွင်းတို့ကို စတေးနေကြပါပြီ။
ရန်ကုန်မှာ ဒီလို အနိုင်ကျင့်တာတွေနဲ့ ပတ်သက်ပြီး တရားစွဲတာတို့ ဘာတို့ မခံရတဲ့အတွက်စည်ပင်သာယာ

လူကြီးမင်းတို့၊ မြို့တော်ဝန်တို့ ကံကောင်းတယ်လို့ဆိုရမယ်။ပန်းခြံ/ကစားကွင်းတွေကို တန်ဘိုးထားသူ အရေ
အတွက် များလာရင်တော့ ကံကောင်းတော့မယ် မဟုတ်ပါဘူး။
ရန်ကုန်မှာ ၈ ထပ် ကျော်တဲ့ တိုက်တွေ ဆောက်ခွင့် မရှိ၊ ဆောက်ချင်ရင် အထပ်မြင့်အဆောက်အအုံများကြီး

ကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက် လိုကြောင်း
သိရပါတယ်။
အခု ခွင့်ပြုချက်ရလို့ Traders Square ဆိုတာကြီးကို ဆောက်နေတာဖြစ်ပါလိမ့်မယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရေးထားချက်အရဆိုရင်အထပ် ၂၀ အဆောက်အအုံဖြစ်တယ်၊ မြေအောက်

မှာ ၃ ထပ် ဆောက်မယ်-ကားရပ်နားဖို့၊အပေါ်မှာလည်း ကားရပ်ဖို့ နဲ့ လုပ်ငန်းတချို့အတွက် ၆ ထပ်ဆောက်
မယ် တဲ့။ဒီတော့ စုစုပေါင်း ၂၉ ထပ် ရှိမယ် ဆိုပါစို့။
ကားရပ်ဖို့ အထပ်အများကြီး လိုသလား ဆိုတော့ သိပ် ...... လိုတာပေါ့။ကုန်သည်ကြီးများဟိုတယ် ဆောက်

တုန်းက ကားရပ်ဖို့နေရာတွေ ထည့်ခဲ့တာမှ မဟုတ်တာ။ဒါကြောင့်သူတို့ရဲ့စီမံကိန်းအသစ်မှာကားရပ်ဖို့ နေ
ရာ ပိုပိုသာသာ
ထည့်ရမယ်၊ ပြီးတော့ .... ရန်ကုန်မှာလည်း ကားတွေ လျှံထွက်နေပြီလေ။ ဒါကြောင့်
အထပ် များများ လိုပြီ။
ဒီ ၂၉ ထပ် အဆောက်အအုံကို စင်္ကာပူ အဖွဲ့များက ဆောက်မယ်လို့ ဆိုတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်

ရှေ့ စိုက်ထောင်ထားတဲ့ ဆိုင်းဘုတ်မှာတော့ စင်္ကာပူ ကုမဏီကြီး ၅ ခု နာမည်ကို တွေ့ရမှာပါ။
မနှစ်တုန်းဆီက ဖတ်ခဲ့ရတဲ့ သတင်းတချို့အရ ဆိုရင် ဒီ ဆောက်လုပ်ရေး စီမံကိန်းကို ၂၀၁၅ မှာ အဆုံးသတ်

ပါမယ် တဲ့။
ရန်ကုန်မှာ ပျော်ပျော်ပါးပါး သွားလည်ဖို့၊ ချိန်းတွေ့ဖို့၊ ဈေးဝယ်ထွက်ဖို့ သင့်တော်မယ့် Traders Square ကြီး

ပေါ်လာရေး
သိပ်မဝေးတော့ဘူးလို့ ဆိုရပါမယ်။
ခန့်ခန့်ငြားငြားကြီးတွေ ပေါ်လာဖို့ ပန်းခြံတွေ ဖယ်ပေးနေရပေမယ့် စိတ်ဆိုးနေလဲ အပိုပဲ ဖြစ်မယ် ထင်တယ်။
ပန်းခြံတွေ၊ ကစားကွင်းတွေ အသစ် ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့တော်ဝန်ကြီးက စဉ်းစားကောင်း စဉ်း

စားနေမှာပေါ့။ဘယ်သူပြောနိုင်မလဲ။မြန်မာနိုင်ငံကြီးက ပြောင်းလဲနေပြီမဟုတ်လား။
ဧရာဝတီ , RangonNewsDaily
kolatt(PBDN): 22.6.2013
ဧရာဝတီ , RangonNewsDaily
kolatt(PBDN): 22.6.2013
No comments:
Post a Comment