Pages

Pages - Menu

Sunday, June 30, 2013

ဖြူးမြို့နယ်တွင် အမျိုးသမီး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်မှ လက်ဗွေရာများ ရရှိလာသဖြင့် ကျူးလွန်သူများကို ရှာဖွေနေ

၃၀.၆.၂၀၁၃၊ တနင်္ဂနွေနေ့

တောင်ငူခရိုင် ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး တံတားအောက်တွင် ဖေဖော်ဝါရီလ အတွင်းက တွေ့ရှိခဲ့သော အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့် အမှုဖြစ်စဉ်မှ လက်ဗွေရာများကို ရရှိလာသဖြင့် ကျူးလွန်ခဲ့သူများကို ဆက်စပ်ရှာဖွေ ဖော်ထုတ်စစ်ဆေးနေပြီဖြစ်ကြောင်း ဇွန် ၂၉ ရက် နံနက်ပိုင်းက ဖြူးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ဇဟားကျေးရွာ ချောင်းတံတားအောက် အနောက်ဘက် ကမ်းစပ်အနီးတွင် ပီနံအိတ် အဖြူရောင်ဖြင့် ထည့်ထားသော ခေါင်းပြတ်ခန္ဓာကိုယ်အား တွေ့ရှိခဲ့ရပြီး စစ်ဆေးရာမှတစ်ဆင့် ဦးခေါင်းအား ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂/၁၃၈ ရှိလမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းအား တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်း စစ်ချက်အရ သိရသည်။

ဖြူးမြို့နယ် ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဒီအမှုကိုတော့ CID က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေတယ်။ အမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကတော့ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်နဲ့ အခင်းဖြစ်စဉ် အနီးကနေ လက်ဗွေရာတွေကို စစ်ဆေးရရှိ နေပါပြီ။ အဲ့ဒီ လက်ဗွေရာတွေကို လ.၀.က ဌာနနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟုဆိုသည်။

အဆိုပါ အမျိုးသမီးမှာ ပဲခူးတိုင်း ဒေသကြီးအတွင်း နေထိုင်သူ မဟုတ်ကြောင်းနှင့် တခြားတစ်နေရာမှ လာရောက်စွန့်ပစ်သွားခြင်း ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးမြ၀င်းက ပြောကြားခဲ့သည်။ ဖြူးရဲစခန်းမှ(ပ) ၃၆/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

Eleven , RangonNewsDaily
kolatt(PBDN): 30.6.2013

No comments:

Post a Comment