(မန္တလေး၊ဇွန်-၁၂)
လားရှိုးမြို့တွင် ဓါတ်ဆီလောင်းမီးရှို့ခံရသောမီးလောင်ဒဏ်ရာရလူနာမအေးအေးဝင်း(၂၉)နှစ်၊(ဘ)ဦးမောင်
မောင်ဝင်းသ ည်လားရှိုးမြို့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာမှယနေ့နေ့လည်၁နာရီခွဲအချိန်ကမန္တလေး
အထွေထွေရောဂါကုဆေးရုံကြီး သို့လားရှိုးဆေးရုံမှလူနာတင်ယာဉ်ဖြင့် ရောက်ရှိလာကာ ဆေးဝါးကုသမှုများ
၎င်းနှင့်အတူ ဖခင်ဖြစ်သူ ဦးမောင်မောင်ဝင်း၊ခင်ပွန်းဖြစ် သူ စိုင်းအိုက်လျံ(ခ)အိုက်ထွန်း၊လားရှိုးဆေးရုံမှအ
ထက်တန်းသူနာပြုဆရာမတစ်ဦးတို့လည်းလိုက်ပါလာကြ သည်။ယခုအခါ မအေးအေးဝင်းမှာ အဖျားရှိနေသ
ဖြင့် လိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီးဆက်လက်၍ခွဲစိတ်ကုသမှုများကိုဆောင်ရွက်
ပေးသွားမည်ဖြစ်ကြောင်း ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်ကြီးတစ်ဦးမှ ပြောကြားခဲ့သည်။
ဆေးကုသရာတွင်အသုံးပြုနိုင်ရန်အတွက်ဆရာတော်ဦးဝီရသူမှအလှူငွေကျပ်ငါးသောင်း၊ဒေါ်ကြင်ကြင်မြိုင်
(ချ မ်းမြသုခလူမှုကူညီရေးအဖွဲ့)မှငါးသောင်းကျပ်စုစုပေါင်းတစ်သိန်းကျပ်ကို ဒေါ်ကြင်ကြင်မြိုင်မှမအေးအေး
ဝင်း၏ ခင်ပွန်းဖြစ်သူ စိုင်းအိုက်လျံ(ခ)
အိုက်ထွန်းအားပေးအပ်ခဲ့ကြောင်း သိရှိရသည်။
(News & Photo; Lin Yone)
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃
လားရှိုးမြို့တွင် ဓါတ်ဆီလောင်းမီးရှို့ခံရသောမီးလောင်ဒဏ်ရာရလူနာမအေးအေးဝင်း(၂၉)နှစ်၊(ဘ)ဦးမောင်
ဆေးကုသရာတွင်အသုံးပြုနိုင်ရန်အတ
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃
No comments:
Post a Comment