Pages

Pages - Menu

Sunday, June 16, 2013

ကိုယ့်ကြောက် သူ့ကြောက် ဖြစ်နေသည့် ကောလင်းမြို့ရဲ့ လတ်တလော အခြေအနေ

ကိုယ့်ကြောက် သူ့ကြောက် ဖြစ်နေသည့် ကောလင်းမြို့ရဲ့ လတ်တလော အခြေအနေ
========
ဇွန် ၁၅၊ ၂၀၁၃
M-Media
ထွန်းတောက်

ကောလင်း ။             ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့၌ ယနေ့တွင် လုံခြုံရေးများလှည့်လည် ကင်းလှည့်နေသည်ဟု ကြားသိရသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိပါသည်။

အဆိုပါ ကိစ္စအား ဆက်သွယ်စုံစမ်းမေးမြန်းရာ "အခုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ကောလဟလတွေကလည်း တအားကို ပွနေတယ်။ ဟုတ်ပါတယ်။ မီးသတ်ကားတွေ၊ ရဲတွေပတ်နေပါတယ်။ အဲဒီကိစ္စက ဟိုတစ်ခါကလည်း ပတ်သေးတယ်။ အခုတစ်ခါပတ်တာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အုပ်ချုပ်ရေးမှူးက တစ်ခုပြောထားတာ ရှိတယ်။ ကိုယ့်ဘာသာကိုယ် အုပ်စုလေးတွေဖွဲ့ပြီး စောင့်ပေးကြပါလို့ ပြောလာတယ်။ အဲဒါနဲ့ ၁၀-ရက်လောက်တော့ရှိပြီ တဖွဲ့ကို ၃-ရက်စီ ကင်းစောင့်နေလိုက်ကြတာ။ အခုဆို စတုတ္ထမြောက် အဖွဲ့ကို ရောက်သွားပါပြီ။ အကြောင်းတစ်ခုခု ထူးခြားတာနဲ့ ချက်ချင်းသိလို့ရအောင် ကင်းစောင့်လိုက်ကြတာပါ။ 

အခုဟာက ကောလင်းကို ၁၅-ရက်နေ့လုပ်မယ် ဆိုပြီး ကောလဟလတွေ နေ့တိုင်းပြန့်နေတာက တစ်ပတ်လောက်ရှိသွားပြီ။ အဲလိုဖြစ်နေတော့ ဒီက မွတ်စလင်မ်လူကြီးတွေက သက်ဆိုင်ရာကို အကြောင်းကြားပြီး ကိုယ်တိုင်လည်း ကင်းစောင့်နေလိုက်ကြပါတယ်။ မနေ့ညကတော့ တစ်ညလုံး မိုးအလင်းပဲ လမ်းတွေထဲမှာ ကင်းစောင့်လိုက်ကြတယ်။ ဒီနေ့ကျတော့ ၁၅-ရက်နေ့ဆိုတဲ့ ကောလဟလကြောင့်လို့ ထင်ပါတယ်။ အမှတ်(၁၂၀)ခြေမြန်တပ်ရင်း ကောလင်းတပ်ကနေ စစ်ကားတစ်စီးရယ်၊ အရံမီးသတ်တပ်ဖွဲ့ရယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရယ် ၂-အုပ်စုလုံးက မီးသတ်ကားတွေစီပြီး မြို့ထဲမှာ အင်အားပြတဲ့ပုံစံနဲ့ လှည့်နေတယ်။ လုံခြုံရေးရှိတယ်ဆိုတဲ့အကြောင်းကို အင်အားပြတဲ့ သဘောပါပဲ။ 

အခုအချိန်ထိ ကောလင်းတစ်မြို့လုံးကတော့ နိုးနိုးကြားကြား နေနေတယ်။ ဘာမှတော့ မဖြစ်သေးဘူး။ အမှန်တကယ်တော့ အခုဟာက သူတို့ကကိုယ့်ကြောက်၊ ကိုယ်က သူတို့ကြောက်ဖြစ်နေတာပါ။ တကယ်တမ်း ဖြစ်လာရင်တော့ အခြေအနေကောင်းမှာမဟုတ်ဘူး။ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေပါတယ်။"လို့ ကောလင်းမြို့ခံတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

#Kawlin #Sagaing #Burma

ဇွန် ၁၅၊ ၂၀၁၃

ကောလင်း ။ ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့၌ ယနေ့တွင် လုံခြုံရေးများလှည့်လည် ကင်းလှည့်နေ
သည်ဟု ကြားသိရသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိပါသည်။ အဆိုပါ ကိစ္စအား ဆက်သွယ်စုံစမ်းမေးမြန်းရာ "အခုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ကောလဟလတွေက
လည်း တအားကို ပွနေတယ်။ ဟုတ်ပါတယ်။ မီးသတ်ကားတွေ၊ ရဲတွေပတ်နေပါတယ်။ အဲဒီကိစ္စက ဟိုတစ်ခါ
ကလည်း ပတ်သေးတယ်။ အခုတစ်ခါပတ်တာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အုပ်ချုပ်ရေးမှူးက တစ်
ခုပြောထားတာ ရှိတယ်။ ကိုယ့်ဘာသာကိုယ် အုပ်စုလေးတွေဖွဲ့ပြီး စောင့်ပေးကြပါလို့ ပြောလာတယ်။ အဲဒါနဲ့ ၁၀-ရက်လောက်တော့ရှိပြီ တဖွဲ့ကို ၃-ရက်စီ ကင်းစောင့်နေလိုက်ကြတာ။ အခုဆို စတုတ္ထမြောက် အဖွဲ့ကို
 ရောက်သွားပါပြီ။ အကြောင်းတစ်ခုခု ထူးခြားတာနဲ့ ချက်ချင်းသိလို့ရအောင် ကင်းစောင့်လိုက်ကြတာပါ။

အခုက ကောလင်းကို၁၅-ရက်နေ့လုပ်မယ်ဆိုပြီး ကောလဟလတွေ နေ့တိုင်းပြန့်နေတာကတစ်ပတ်လောက်
ရှိသွားပြီ။ အဲလိုဖြစ်နေတော့ ဒီက မွတ်စလင်မ်လူကြီးတွေက သက်ဆိုင်ရာကို အကြောင်းကြားပြီး ကိုယ်တိုင်
လည်း ကင်းစောင့်နေလိုက်ကြပါတယ်။ မနေ့ညကတော့ တစ်ညလုံး မိုးအလင်းပဲ လမ်းတွေထဲမှာ ကင်းစောင့်
လိုက်ကြတယ်။ 
 
ဒီနေ့ကျတော့ ၁၅-ရက်နေ့ဆိုတဲ့ ကောလဟလကြောင့်လို့ ထင်ပါတယ်။ အမှတ်(၁၂၀)ခြေမြန်တပ်ရင်း ကော
လင်းတပ်ကနေ စစ်ကားတစ်စီးရယ်၊ အရံမီးသတ်တပ်ဖွဲ့ရယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရယ် ၂-အုပ်စုလုံး
က မီးသတ်ကားတွေစီပြီး မြို့ထဲမှာ အင်အားပြတဲ့ပုံစံနဲ့ လှည့်နေတယ်။ လုံခြုံရေးရှိတယ်ဆိုတဲ့အကြောင်းကို အင်အားပြတဲ့ သဘောပါပဲ။

အခုအချိန်ထိ ကောလင်းတစ်မြို့လုံးကတော့ နိုးနိုးကြားကြား နေနေတယ်။ ဘာမှတော့ မဖြစ်သေးဘူး။ အ
မှန်တကယ်တော့ အခုဟာက သူတို့ကကိုယ့်ကြောက်၊ ကိုယ်က သူတို့ကြောက်ဖြစ်နေတာပါ။တကယ်တမ်း
 ဖြစ်လာရင်တော့ အခြေအနေကောင်းမှာမဟုတ်ဘူး။ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေပါတယ်။"လို့
ကောလင်းမြို့ခံတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
 
M-Media , RangonNewsDaily
kolatt(PBDN): 16.6.2013


No comments:

Post a Comment