Pages

Pages - Menu

Wednesday, June 12, 2013

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့ကဆန္ဒပြ သူတွေကို စတင်ဖြိုခွဲ

Photo: အစ္စတန်ဘူလ် ဆန္ဒပြ ဖြိုခွဲ
Wednesday, June 12, 2013

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့လယ်က တာ့က်ဆင်မ် ရင်ပြင်ကို တပတ် ကျော် သိမ်းပိုက် ထားတဲ့ ဆန္ဒပြ သမား တွေကို ရာနဲ့ ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယို ဗုံးတွေ ရေပိုက်တွေ သုံးပြီး ဖြိုခွဲ နေပါတယ် ။

တာ့က် ဆင် ရင်ပြင်ကို ကြည့်လိုက်တယ် ဆိုရင် မျက်ရည်ယိုဗုံး အငွေ့တွေ တိမ်တွေ ဖုံးသလို လွှမ်းခြုံနေတယ်လို့ အစ္စတန်ဘူလ်က ဘီဘီစီ သတင်းထောက် မာ့က် လိုဝင်က ပြောပါတယ်။
လူတွေက လူတံတား လုပ်ပြီး လက်ချင်းချိတ် ပိတ်ဆို့ ထားပါတယ်။ အခြေအနေ ပိုမို ဆိုးဝါး လာလိမ့်မယ် လို့လဲ ဆန္ဒပြသူ အားလုံးက နားလည် နေကြပါတယ်။

ရင်ပြင်နဲ့ တဆက်တည်း ရှိနေတဲ့ ပြဿနာ စတင် ဖြစ်ပွားရာ ဂေဇီ ပန်းခြံ ဘက်ကို ဆန္ဒပြသူ တွေ ရှောင်တိမ်း စုဝေး နေကြပြီး လူ ၇ဝ ကျော်ကို ဖမ်းဆီး ထားပါတယ်။

ဆန္ဒပြသူ တွေ ချိတ်ဆွဲ ထားတဲ့ ပိုစတာ တွေကို ဖယ်ရှားပြီး တူရကီ နိုင်ငံ အလံနဲ့ နိုင်ငံ ဖခင်ကြီး ကီမယ်လ် အာတားတပ်ရဲ့ ရုပ်ပုံကို အစားထိုး ချိတ်ဆွဲ လိုက် ပါတယ်။

ရင်ပြင် ထောင့် တနေရာ မှာတော့ ဆန္ဒပြ သူတွေက မီးပန်းတွေ လက်လုပ် ဓာတ်ဆီ ဗုံးတွေ ခဲတွေနဲ့ ရဲတွေကို ပြန်လည် တိုက်ခိုက် ခဲ့ကြပါတယ်။

ဆန္ဒပြ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖို့ တနင်္လာ နေ့တုန်းက သဘော တူ ခဲ့တဲ့ တူရကီ ဝန်ကြီးချုပ် အာဒိုအမ် ကလဲ ဆန္ဒပြ ပွဲတွေကို ဆက်ပြီး သည်းမခံ တော့ဘူး၊ ပန်းခြံထဲက ဆန္ဒပြသူတွေကို လူစု ခွဲကြပါလို့ ပြောကြား လိုက်ပါတယ်။

မနက်ဖြန်မှာ ဝန်ကြီးချုပ် အာဒိုအမ်နဲ့ ဆန္ဒပြ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ကြဖို့ ချိန်းထားပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး သံလွင်ခက် ကမ်းလှမ်းလိုက်တာလို့ အစကတော့ ထင်ထား ခဲ့ကြတာပါ။

စားပွဲဝိုင်း နည်းနဲ့ ပြေပြေလည်လည် ဖြေရှင်း တော့မယ်လို့ ထင်ခဲ့ပါတယ်။ ခုတော့ ဆွေးနွေးပွဲ မတိုင်ခင်မှာ ရဲက အလုံးအရင်းနဲ့ အင်အားသုံး လှုပ်ရှား လာတာကို ကြည့်ရင် မနက်ဖြန် ဆွေးနွေးပွဲ အတွက် မျှော်လင့်ချက် မှေးမှိန် သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြဿနာရဲ့ အစက ဂေဇီပန်းခြံကို ဖျက်ပြီး ဆောက်လုပ်ရေး လုပ်မယ်ဆိုတာကို ကန့်ကွက်တာက စပါတယ်။

ဒီကန့်ကွက်မှုကို အကြောင်း ပြုပြီး ဆန္ဒပြသူတွေဟာ လွန်ခဲ့တဲ့ ၁၂ ရက် ကတည်းက တာ့က်ဆင်မ် ရင်ပြင်မှာ အလံတွေ လွှင့်ထူ၊ ရွက်ဖျင်တဲတွေ ဆောက်လုပ် စခန်းချပြီး နိုင်ငံတကာ အော်ကျူပိုင်း လှုပ်ရှားမှု ပုံသဏ္ဍာန် လုပ်ဆောင် နေကြတာ လည်း ဖြစ်ပါတယ်။

BBC Burmese

Wednesday, June 12, 2013

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့လယ်က တာ့က်ဆင်မ် ရင်ပြင်ကို တပတ် ကျော် သိမ်းပိုက် ထားတဲ့ ဆန္ဒပြ သမား တွေကို ရာနဲ့ ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယို ဗုံးတွေ ရေပိုက်တွေ သုံးပြီး ဖြိုခွဲ
 နေပါတယ် ။ တာ့က် ဆင် ရင်ပြင်ကို ကြည့်လိုက်တယ်ဆိုရင်မျက်ရည်ယိုဗုံး အငွေ့တွေ တိမ်တွေ ဖုံးသလို လွှမ်းခြုံနေတယ်
လို့ အစ္စတန်ဘူလ်က ဘီဘီစီသတင်းထောက် မာ့က်လိုဝင်က ပြောပါတယ်။လူတွေကလူတံတားလုပ်ပြီးလက်
ချင်းချိတ် ပိတ်ဆို့ ထားပါတယ်။ အခြေအနေ ပိုမို ဆိုးဝါး လာလိမ့်မယ် လို့လဲဆန္ဒပြသူအားလုံးကနားလည် နေ
ကြပါတယ်။

ရင်ပြင်နဲ့ တဆက်တည်း ရှိနေတဲ့ ပြဿနာ စတင် ဖြစ်ပွားရာ ဂေဇီပန်းခြံ ဘက်ကိုဆန္ဒပြသူ တွေ ရှောင်တိမ်း
စုဝေး နေကြပြီး လူ ၇ဝ ကျော်ကို ဖမ်းဆီး ထားပါတယ်။

ဆန္ဒပြသူ တွေ ချိတ်ဆွဲ ထားတဲ့ ပိုစတာ တွေကို ဖယ်ရှားပြီး တူရကီ နိုင်ငံ အလံနဲ့ နိုင်ငံ ဖခင်ကြီး ကီမယ်လ် အာတားတပ်ရဲ့ ရုပ်ပုံကို အစားထိုး ချိတ်ဆွဲ လိုက် ပါတယ်။

ရင်ပြင် ထောင့် တနေရာ မှာတော့ ဆန္ဒပြ သူတွေက မီးပန်းတွေ လက်လုပ် ဓာတ်ဆီ ဗုံးတွေ ခဲတွေနဲ့ ရဲတွေ
ကို ပြန်လည် တိုက်ခိုက် ခဲ့ကြပါတယ်။

ဆန္ဒပြ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖို့ တနင်္လာ နေ့တုန်းက သဘော တူ ခဲ့တဲ့ တူရကီ ဝန်ကြီးချုပ် အာဒိုအမ် ကလဲ ဆန္ဒပြ ပွဲတွေကို ဆက်ပြီး သည်းမခံ တော့ဘူး၊ ပန်းခြံထဲက ဆန္ဒပြသူတွေကို လူစု ခွဲကြပါလို့ ပြောကြား လိုက်ပါတယ်။

မနက်ဖြန်မှာ ဝန်ကြီးချုပ် အာဒိုအမ်နဲ့ ဆန္ဒပြ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ကြဖို့ ချိန်းထားပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး သံလွင်ခက် ကမ်းလှမ်းလိုက်တာလို့ အစကတော့ ထင်ထား ခဲ့ကြတာပါ။

စားပွဲဝိုင်း နည်းနဲ့ ပြေပြေလည်လည် ဖြေရှင်း တော့မယ်လို့ ထင်ခဲ့ပါတယ်။ ခုတော့ ဆွေးနွေးပွဲ မတိုင်ခင်မှာ ရဲက အလုံးအရင်းနဲ့အင်အားသုံးလှုပ်ရှားလာတာကို ကြည့်ရင် မနက်ဖြန် ဆွေးနွေးပွဲ အတွက် မျှော်လင့်ချက်
မှေးမှိန် သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြဿနာရဲ့ အစက ဂေဇီပန်းခြံကို ဖျက်ပြီး ဆောက်လုပ်ရေး လုပ်မယ်ဆိုတာကို ကန့်ကွက်တာက စပါတယ်။

ဒီကန့်ကွက်မှုကို အကြောင်း ပြုပြီး ဆန္ဒပြသူတွေဟာ လွန်ခဲ့တဲ့ ၁၂ ရက် ကတည်းက တာ့က်ဆင်မ် ရင်ပြင်မှာ အလံတွေ လွှင့်ထူ၊ ရွက်ဖျင်တဲတွေ ဆောက်လုပ် စခန်းချပြီး နိုင်ငံတကာ အော်ကျူပိုင်း လှုပ်ရှားမှု ပုံသဏ္ဍာန် လုပ်ဆောင် နေကြတာ လည်း ဖြစ်ပါတယ်။

BBC Burmese , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃

No comments:

Post a Comment