Wednesday, June 05, 2013
ထိန်းချုပ်မှု မဲ့နေသော Luna အမည်ရှိ ဂျာမန် မောင်းသူမဲ့ လေယာဉ်သည် အာဖဂန် နိုင်ငံကို ဖြတ်ကျော် ပျံ
သန်းစဉ်လူ ၁ဝဝ ကို သယ်ဆောင်လာသော Ariana အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် တိုက်မိ
လု နီးနီး အခြေအနေ ဖြစ်ပွားခဲ့မှုကြောင့် ဂျာမနီနိုင်ငံတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်နိုင်ငံတွင် ပျံသန်းစဉ် ယင်းခရီးသည်တင် လေယာဉ်အနီးသို့ နှစ်

မီတာခန့် အကွာအထိ
ရောက်ရှိခဲ့ရာ တိုက်မိလု နီးပါးဖြစ်ပွားခဲ့ပုံကို မောင်းသူမဲ့ လေယာဉ်တွင်
တပ်ဆင်ထား
သော ကင်မရာမှ ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်များအနေဖြင့်အခြား လေယာဉ်များနှင့် တိုက်မိခြင်းမှ ကာကွယ်နိုင်သည့် နည်း
အဆိုပါ မောင်းသူမဲ့ လေယာဉ်များအနေဖြင့်အခြား လေယာဉ်များနှင့် တိုက်မိခြင်းမှ ကာကွယ်နိုင်သည့် နည်း
ပညာသည် အဖိုးအခ ကြီးမားလှသည့် အတွက်ကြောင့် Luna
မောင်းသူမဲ့ လေယာဉ်တွင် ယင်းနည်းပညာကို တပ်ဆင်ထားခြင်း မရှိကြောင်း ဂျာမနီ
ကာကွယ်ရေး ဝန်ကြီး သောမတ်စ်ဒီမီဇီရီက ပြောကြားခဲ့သည်။
၈၈ ပေါင်အလေးချိန်
ရှိသော Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်မြို့တော် ကဘူးလ်မြို့ အနီး
လေ
ယာဉ် အရေးပေါ် ဆင်းသက်မှု မပြုမီ Ariana ခရီးသည်တင် လေယာဉ်ကြောင့်
တိုက်မိလုနီးပါး ဖြစ်ခဲ့သော
ကြောင့် အစိုးရ၏ ဒရုန်းစီမံကိန်းနှင့် စပ်လျဉ်း၍
အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြ၀တီ ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃
မြ၀တီ ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃
No comments:
Post a Comment