Pages

Pages - Menu

Friday, June 14, 2013

တောင်တရုတ်ပင်လယ်ပြင်ထဲက လေဖိအားနည်းရပ်ဝန်းတခု မုန်တိုင်းတစ်ခုဖြစ်လာဖို့ အခြေစတည်နေပြီ


၁၄-၆-၂၀၁၃
မုတ်သုံလေဦးဟာ မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအပေါ် ရှိနေခဲ့ရာမှ ကနေ
့တော့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေ သ အပေါ်ကို ရောက်ရှိနေပြန်
ပါတယ်။ တချိန်တည်းလိုဘဲ တရုတ်ပြည်မကြီးပေါ်က လေဖိအား များတောင်တန်း(RIDGE) တစ်ခုကလည်း
 မြန်မာနိုင်ငံထဲကို အရှေ့ဘက်ကနေ တိုးဝင်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ မုန်တိုင်းတစ်ခုဖြစ်
လာဖို့ အခြေစတည်နေပါပြီ။ ဒီမုန်တိုင်းရဲ့ အရွေ့ဟာ မြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုအခြေအနေကို စကားပြော
ပါလိမ့်မယ်။

ဒါကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ အရှေ့ပိုင်းတွေမှာ မိုးအားလျော့နည်းသွားနိုင်ပြီး မြေလတ်ပိုင်းကစပြီး
အောက်မြန်မာပြည်ဒေသတစ်ခုလုံး မိုးအားပိုလာနိုင်ပါတယ်။အမေရိကန်ပြည်ထောင်စုရှိ NOAA အဖွဲ့ကြီး
ကလည်း ဇွန်လ(၁၂-၁၈)ရက်ကာလ ရက်သတ္တပတ်အတွက် ခန့်မှန်းချက်ကလည်း အောက်မြန်မာနိုင်ငံဒေ
သများမှာ မိုးပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဇွန်လ(၁၄)ရက် နံနက်အစောပိုင်းအချိန်အထိ လွန်ခဲ့တဲ့(၂၄)နာရီအတွင်း ရွာသွန်းခဲ့တဲ့ မိုးရွာသွန်းမှုအခြေ
အနေများအရ ဧရာဝတီတိုင်း(အရှေ့တောင်ပိုင်း)၊ ရန်ကုန်တိုင်း(တောင်ပိုင်း) နဲ့ ပဲခူးတိုင်း(တောင်ပိုင်း)တို့မှာ ရေဖုံးလွှမ်းနိုင်မှုအလားအလာ(Flood Potential) တွေ မြင့်မား (High)ဖြစ်နေပါတယ်လို့ NASA ရဲ့ ကောင်း
ကင်ဂြိုဟ်တုက တိုင်းတာချက်များက ဖေါ်ပြထားကြ ပါတယ်။ ဒါကိုတော့ အထူးသတိထားဖို့လိုပါတယ်။

မနှစ်က ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ် ၊ကရင်ပြည်နယ်တွေမှာ လယ်ကွက်တွေ ရေဖုံး
ပြီး မြုပ်သွားခဲ့တာ ဧက(၇)သိန်းနီးပါးရှိခဲ့ပြီး။ ရေမြုပ်တာ တစ်နှစ်ထဲ အကြိမ်ပေါင်း (၄)ကြိမ်ရှိခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်
MCCW
RangonNewsDaily
kolatt(PBDN): 14.6.2013

No comments:

Post a Comment