မလေးရှားနိုင်ငံတွင်ဖြစ်ပွားသော အကြမ်းဖက်မှု ပိုဆိုးရွာလာပါက မြန်မာလုပ်သားတင်ပို့မှုရပ်ဆိုင်းမည်
ရန်ကုန်-ဇွန်၈
မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲံ့သော အကြမ်းဖက်တိုက်ခိုက်မှုများယခုထက်
ပိုမိုဆိုးရွားလာပါက မြန်မာအလုပ်သမားစေလွှတ်မှုအားရပ်ဆိုင်းသွားရန် စီစဉ်ထားကြောင်း
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌဦးမင်းလှိုင်ကပြောသည်။
လက်ရှိအခြေအနေတွင် မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား
မလေးရှားရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် ဖမ်းဆီးလျက်ရှိသည့်အပြင်၊မြန်မာနိုင်ငံသားအချို့အား လူတချို့က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာအလုပ်သမားတချို့မှာ တိမ်းရှောင်နေရကြောင်း၊
ယခုထက် အခြေအနေများ ပိုမိုဆိုးရွားလာပါက အေဂျင်စီအသင်းချုပ်မှ့မလေးသို့အလုပ်သမားတင်ပို့မှုအားလုံးဝ ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း ၄င်းကပြောသည်။
အေဂျင်စီအသင်းချုပ်အနေဖြင့် လက်ရှိတွင်မလေးသို့ လုပ်သားစေလွှတ်မှုအား ယာယီရပ်ဆိုင်းထားလိုက်ပြီး
မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများ၏ အခြေအနေကို သိရှိနိုင်ရန်နှင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့်ဆေးရုံတက်ဆေးဝါးကုသမှုခံနေရသူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဇွန်လ ၉ ရက်နေ့တွင် အသင်းချုပ်မှအဖွဲ့ဝင် တစ်ဦးအားမလေးရှားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အသင်းချုပ်၏ ထုတ်ပြန်ချက်အရမလေးရှားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်နေသော
မြန်မာရွှေ့ပြောင်း လုပ်သားဦးရေ (တရာဝင်သွားရောက်သူ)မှာနှစ်သိန်းခန့်နှင့် မလေးရှားသို့စေလွှတ်သည့်
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပေါင်း ၁၆၂ ခုရှိသည်ဟု ထပ်မံသိရသည်။
သူရထွန်း
Popular Myanmar News,ရန်ကုန်နယူးဒေးလီးစ်
Rangon: ၈.၆.၂၀၁၃
No comments:
Post a Comment