Pages

Pages - Menu

Wednesday, June 19, 2013

"ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း" ဟူသော ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရန် ရည်ရွယ်သည့် ကြေညာချက်အတု သတင်း သစ်ထူးလွင်ဆိုဒ် ဖြန့်ချီ

"ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း" ဟူသော ဘာသာရေး ပဋိပက္ခ ဖြစ်ပွားရန် ရည်ရွယ်သည့် ကြေညာချက်အတု သတင်း သစ်ထူးလွင်ဆိုဒ် ဖြန့်ချီ
===============
ဇွန် ၁၈၊ ၂၀၁၃
M-Media
ထွန်းတောက်

ကျောက်ဆည် ။ ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးထားသည့် ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်းဆိုသည့် လိမ်လည်ထားသည့် ကြေညာချက် သတင်းတပုဒ်ကို သစ်ထူးလွင်ဘလော့ဂ် မှ စတင်ထုတ်ပြန်လိုက်ရာ ယနေ့ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံလျက်ရှိပါသည်။

အဆိုပါ သစ်ထူးလွင်ဘလော့စ်၏ ကြေညာချက် သတင်းနှင့် ပတ်သက်၍ လက်ပံကျေးရွာသို့ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

"ဟုတ်ကဲ့ပါခင်ဗျ လက်ပံကပါ။ ဟုတ်ကဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်စိုး ဆိုတာ လက်ပံကျေးရွာ အုပ်ချုပ်ရေးမှူးပါ။ ဟုတ်ပါတယ်ခင်ဗျ မွတ်စ်လင်မ်ပါ ခင်ဗျ။ ဂျီဟာဒ်ကြေညာခြင်းဆိုတဲ့စာရွက် ကျွန်တော် ဖတ်ကြည့်ဖူးပါတယ်။ အဲဒါ ကိုအောင်စိုးထုတ်တာလည်းမဟုတ်ဘူး။ အဲဒါ ဟိုး ၄-လပိုင်းလား ၅-လပိုင်းလား မမှတ်မိဘူး။ (၈)ရက်နေ့က တစ်ကြိမ်ထွက်တယ်။ အဲဒီစာက ခရိုင်အုပ်ချုပ်ရေးမှူးဆီ အရင်ရောက်တာ၊ စာတိုက်က ရောက်တယ်ပြောတယ်။ (၉)ရက်နေ့ မနက်ခင်းကျတော့ မြို့နယ် အုပ်ချုပ်ရေးမှူးကရော၊ အစ္စလာမ်ကောင်စီကရော ရှင်းလင်းပွဲလုပ်ပြီးပြီ။ ကိုအောင်စိုးရေးတာမဟုတ်ဘူး။ ကိုအောင်စိုးကို မလိုသူတွေကရေးပြီး သူ့ကို ထိခိုက်အောင်လုပ်တယ်ဆိုတာ ရှင်းသွားတယ်။ အဲဒါကို အခုတစ်ခါ ဒုတိယအကြိမ်ဆိုပြီးထပ်လုပ်လာတယ်။

ဟုတ်တယ်။ လက်မှတ်က ကိုအောင်စိုးလက်မှတ်ပါ။ ဒါတွေက လွယ်ပါတယ်။ တံဆိပ်တုံးကလည်း အတုလုပ်ထားတာပါ။ လက်မှတ်လည်း အဲဒီလိုပါပဲ။ သေချာတာကတော့ ကိုအောင်စိုး တကယ်ထုတ်ခဲ့တာ မဟုတ်ဘဲလုပ်ကြံမှုသာဖြစ်ပါတယ်။ ရှင်းလင်းထားပြီးသားကိစ္စတစ်ခုကို အခုလို ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်းဆိုပြီး မဟုတ်မမှန်ဖြန့်ဝေတာကတော့ ဘာသာရေး ပဋိပက္ခဖြစ်အောင် တမင်ကြံရွယ် လုပ်ဆောင်တာသာဖြစ်ပါတယ်"လို့ လက်ပံသို့ ဆက်သွယ်မေးမြန်းချက်တွင် လက်ပံကျေးရွာခံမှ M-Media ကို တိုက်ရိုက်ပြောပြခဲ့ပါတယ်။

အဆိုပါကြေညာချက် အလိမ်တွင် အစ္စလာမ် ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများကို မှားယွင်းစွာ ရေးသားထားခြင်းကို အက်တီးဗစ်တဦးဖြစ်သူ ကိုရဲရင့်သစ္စာက အောက်ပါအတိုင်းပြောပါတယ်။

"ကြေညာချက်မှာပါတဲ့ အာရဗီအသုံးနှုန်းတွေကို ရေးသားထားပုံကိုကြည့်တာ နဲ့ လုပ်ကြံထားကြောင်း အလွယ်တကူသိနိုင်တယ်။ "ဂျဟပ် (က်)" "အာလင်" "အစ္စလမ်" ဒီစာလုံးတွေ မြန်မာလိုအမှန်က "ဂျီဟာဒ်" "အာလင်မ်" "အစ္စလာမ်" လို့ပေါင်းတာပါ။ မွတ်စ်လင်မ်ဆိုရင် တော်ရုံမှားခဲပါတယ်လို့ " M-Media ကို ပြောပြပါတယ်။

သစ်ထူးလွင်ဆိုဒ်မှာ ဒီသတင်းကို စတင်ပြီးနောက်ပိုင်း အဓိကရုဏ်များစေဖြစ်ရန် အစဉ်တစိုက် သွေးထိုး လှုံ့ဆော်မှုတွေပြုလုပ်နေပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များ ဒီမိုကရေစီဘက်တော်သားများ အစဉ်တစိုက် လုပ်ကြံတိုက်ခိုက်နေသည့် သတင်းများ တင်သည့် လူုထုမောင်ကာဠုရဲ့ ဝါဒဖြန်ချီရေး FB စာမျက်နှာမှာ တင်လာတာကိုတွေ့ရပါတယ်။

ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း ကြေညာချက်အတုကို ပူးတွဲတင်ပြလိုက်ပါသည်။

လုပ်ကြံသတင်းမှား စတင်ဖြန့်ချီတဲ့ သစ်ထူးလွင် ဆိုဒ်လင်ခ် http://www.thithtoolwin.com/2013/06/blog-post_3951.html

ဇွန် ၁၈၊ ၂၀၁၃

ကျောက်ဆည် ။ ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး လက်မှတ်ထိုး
ထားသည့် ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်းဆိုသည့် လိမ်လည်ထားသည့် ကြေညာချက် သတင်းတပုဒ်
ကို သစ်ထူးလွင်ဘလော့ဂ် မှ စတင်ထုတ်ပြန်လိုက်ရာ ယနေ့ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံလျက်ရှိပါသည်။ အဆိုပါသစ်ထူးလွင်ဘလော့စ်၏ ကြေညာချက်သတင်းနှင့်ပတ်သက်၍လက်ပံကျေးရွာသို့ဆက်သွယ်မေးမြန်း
ခဲ့ပါသည်။

"ဟုတ်ကဲ့ပါခင်ဗျ လက်ပံကပါ။ ဟုတ်ကဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်စိုး ဆိုတာ လက်ပံကျေးရွာ အုပ်ချုပ်
ရေးမှူးပါ။ ဟုတ်ပါတယ်ခင်ဗျ မွတ်စ်လင်မ်ပါ ခင်ဗျ။ ဂျီဟာဒ်ကြေညာခြင်းဆိုတဲ့စာရွက် ကျွန်တော် ဖတ်ကြည့်
ဖူးပါတယ်။ အဲဒါ ကိုအောင်စိုးထုတ်တာလည်းမဟုတ်ဘူး။ အဲဒါ ဟိုး ၄-လပိုင်းလား ၅-လပိုင်းလား မမှတ်မိဘူး
။(၈)ရက်နေ့ကတစ်ကြိမ်ထွက်တယ်။အဲဒီစာကခရိုင်အုပ်ချုပ်ရေးမှူးဆီအရင်ရောက်တာ၊စာတိုက်က ရောက်
တယ်ပြောတယ်။ (၉)ရက်နေ့ မနက်ခင်းကျတော့ မြို့နယ် အုပ်ချုပ်ရေးမှူးကရော၊ အစ္စလာမ်ကောင်စီကရော ရှင်းလင်းပွဲလုပ်ပြီးပြီ။ ကိုအောင်စိုးရေးတာမဟုတ်ဘူး။ ကိုအောင်စိုးကို မလိုသူတွေကရေးပြီး သူ့ကို ထိခိုက်
အောင်လုပ်တယ်ဆိုတာ ရှင်းသွားတယ်။ အဲဒါကို အခုတစ်ခါ ဒုတိယအကြိမ်ဆိုပြီးထပ်လုပ်လာတယ်

ဟုတ်တယ်။ လက်မှတ်က ကိုအောင်စိုးလက်မှတ်ပါ။ ဒါတွေက လွယ်ပါတယ်။ တံဆိပ်တုံးကလည်း အတုလုပ်
ထားတာပါ။ လက်မှတ်လည်း အဲဒီလိုပါပဲ။ သေချာတာကတော့ ကိုအောင်စိုး တကယ်ထုတ်ခဲ့တာ မဟုတ်ဘဲ
လုပ်ကြံမှုသာဖြစ်ပါတယ်။ ရှင်းလင်းထားပြီးသားကိစ္စတစ်ခုကို အခုလို ဒုတိယအကြိမ်ဂျီဟာဒ်ကြေညာခြင်းဆို
ပြီး မဟုတ်မမှန်ဖြန့်ဝေတာကတော့ ဘာသာရေး ပဋိပက္ခဖြစ်အောင် တမင်ကြံရွယ် လုပ်ဆောင်တာသာဖြစ်
ပါတယ်"လို့ လက်ပံသို့ ဆက်သွယ်မေးမြန်းချက်တွင် လက်ပံကျေးရွာခံမှ M-Media ကို တိုက်ရိုက်ပြောပြခဲ့
ပါတယ်။

အဆိုပါကြေညာချက် အလိမ်တွင် အစ္စလာမ် ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများကို မှားယွင်းစွာ ရေးသား
ထားခြင်းကို အက်တီးဗစ်တဦးဖြစ်သူ ကိုရဲရင့်သစ္စာက အောက်ပါအတိုင်းပြောပါတယ်။

"ကြေညာချက်မှာပါတဲ့အာရဗီအသုံးနှုန်းတွေကို ရေးသားထားပုံကိုကြည့်တာနဲ့လုပ်ကြံထားကြောင်း အလွယ်
တကူသိနိုင်တယ်။ "ဂျဟပ် (က်)" "အာလင်" "အစ္စလမ်" ဒီစာလုံးတွေ မြန်မာလိုအမှန်က "ဂျီဟာဒ်" "အာလင်
မ်" "အစ္စလာမ်" လို့ပေါင်းတာပါ။ မွတ်စ်လင်မ်ဆိုရင် တော်ရုံမှားခဲပါတယ်လို့ " M-Media ကို ပြောပြပါတယ်။

သစ်ထူးလွင်ဆိုဒ်မှာ ဒီသတင်းကို စတင်ပြီးနောက်ပိုင်း အဓိကရုဏ်များစေဖြစ်ရန် အစဉ်တစိုက် သွေးထိုး လှုံ
့ဆော်မှုတွေပြုလုပ်နေပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များ ဒီမိုကရေစီဘက်
တော်သားများ အစဉ်တစိုက် လုပ်ကြံတိုက်ခိုက်နေသည့် သတင်းများ တင်သည့် လူုထုမောင်ကာဠုရဲ့ ဝါဒဖြန်
ချီရေး FB စာမျက်နှာမှာ တင်လာတာကိုတွေ့ရပါတယ်။

ဒုတိယအကြိမ် ဂျီဟာဒ်ကြေညာခြင်း ကြေညာချက်အတုကို ပူးတွဲတင်ပြလိုက်ပါသည်။

လုပ်ကြံသတင်းမှား စတင်ဖြန့်ချီတဲ့ သစ်ထူးလွင် ဆိုဒ်လင်ခ် http://www.thithtoolwin.com/2013/06/blog-post_3951.html
 
M-Media,  RangonNewsDaily
kolatt(PBDN): 19.6.2013

No comments:

Post a Comment