Pages

Pages - Menu

Wednesday, June 19, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး ဖွံ့ဖြိုးရေး အစီအစဉ် ဇေကမ္ဘာ ဦးခင်ရွှေ ငွေကြေးပံ့ပိုးမည်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး ဖွံ့ဖြိုးရေး အစီအစဉ် ဇေကမ္ဘာ ဦးခင်ရွှေ ငွေကြေးပံ့ပိုးမည်
Wednesday, June 19, 2013

ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ စီစဉ်မှုကို အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက
ငွေ ကြေးဖြင့် ဖြည့်ဆည်းပေးသွားရန် ရှိ ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ ရှေ့လမ်းသည် ဆေးရုံကား အဝင်အထွက် သွားလာ၍မကောင်းသောကြောင့် ကတ္တရာလမ်းခင်းခြင်းကို ဦးခင်ရွှေက
ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကော့မှူးမြို့ နယ်အတွင်း ဆေး ရုံနှင့်
ကျောင်းများမှ အခြားသော လိုအပ်ချက်များကိုလည်း ငွေကြေး ပိုင်းတွင် အကူအညီပေးရန် ဦး ခင်ရွှေအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
ပြောကြားထားသည်။

''စီစဉ်စရာ ရှိတာကို ကျွန်မ စီစဉ် မယ်။ ပိုက်ဆံကုန်စရာရှိရင် ဦးခင်ရွှေ က ပေးလိမ့်မယ်။ အဆင်ကိုပြေနေတာ ပဲ။ ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် လုပ်နေတာပါ။ ဒါအားနာနေလို့ မဖြစ်ပါ ဘူး။ လိုအပ်ချက်တွေကို တတ်နိုင်သ လောက် ဖြည့်ဆည်းရမှာပါ'' ဟု ဒေါ် အောင်ဆန်းစုကြည် က ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း များအား
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဇွန်လ ၁၆ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင် ဆန်းစုကြည်သည် ၄င်း၏ မဲဆန္ဒနယ်မြေ အတွင်းရှိ ကော့မှူးမြို့နယ်
ပြည်သူ့ဆေး ရုံနှင့် အခြေခံပညာအထက် တန်းကျောင်း သို့ ဦးခင်ရွှေနှင့်အတူ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများနှင့်
တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်တွင် ကော့မှူးမြို့နယ်ရှိကျေး ရွာများ၌ ကျန်းမာရေးအရ လိုအပ်နေသော ဆရာဝန်၊ သူနာပြုဦးရေနှင့် ဆေးရုံဝန် ထမ်းအိမ်ရာများကို လိုအပ်သလို ကူညီ ဖြည့်ဆည်းပေးသွားမည်ဟု ဒေါ်အောင် ဆန်းစုကြည် က ပြောကြားခဲ့သည်။

ယင်းအပြင် ကော့မှူးမြို့နယ်ရှိ ကလေးငယ်များမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယင်းကို ဦးခင်ရွှေက ဒေါ်အောင် ဆန်းစုကြည်အား''အစ်မအနေနဲ့ ဖြစ်နိုင် လို့ရှိရင် ယူနီဆက်ကို ကျန်တာပေးမယ့် အစား နို့မှုန့်ပေးစေချင် တယ်လို့ ပြော ပေးစေချင်တယ်။ မူလတန်းကလေးတွေ အာဟာရကျွေး လို့ရအောင်ပါ'' ဟု ပြော ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားေ ပးမည်ဟု ပြောဆိုခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း သို့ သွားရောက်စဉ်တွင်လည်း စာသင် ကျောင်းများ၌ လိုအပ်နေသော လျှပ်စစ် မီးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကစားကွင်းများ အသုံးမပြု နိုင်သည့် အခက်အခဲ၊ ကျောင်းသားတိုင်း ကျောင်းမတက်နိုင်သည့် အခက်အခဲနှင့် စာသင်ချိန်နည်းပါးခြင်း အခက်အခဲများ ကို ကျောင်းဆရာ၊ ဆရာမများက တင် ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ကူ ညီဖြေရှင်းပေးမည်ဟု ကတိပေးပြော ကြားသွားခဲ့သည်။

Popular


Wednesday, June 19, 2013

ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ စီစဉ်မှုကို အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ငွေ ကြေးဖြင့် ဖြည့်ဆည်းပေးသွားရန် ရှိ ကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ ရှေ့လမ်းသည် ဆေးရုံကားအဝင်အထွက်သွားလာ၍မကောင်းသောကြောင့်
ကတ္တရာလမ်းခင်းခြင်းကိုဦးခင်ရွှေကဆောင်ရွက်ပေးမည်ဖြစ်ပြီး ကော့မှူးမြို့နယ်အတွင်း ဆေးရုံနှင့်ကျောင်း
များမှအခြားသောလိုအပ်ချက်များကိုလည်း ငွေကြေး ပိုင်းတွင်အကူအညီပေးရန် ဦးခင်ရွှေအား ဒေါ်အောင်
ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။

''စီစဉ်စရာ ရှိတာကို ကျွန်မ စီစဉ် မယ်။ ပိုက်ဆံကုန်စရာရှိရင် ဦးခင်ရွှေ က ပေးလိမ့်မယ်။ အဆင်ကိုပြေနေ
တာ ပဲ။ ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် လုပ်နေတာပါ။ ဒါအားနာနေလို့ မဖြစ်ပါ ဘူး။ လိုအပ်ချက်တွေ
ကို တတ်နိုင်သ လောက် ဖြည့်ဆည်းရမှာပါ''ဟု ဒေါ် အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ
ရှိ ကျန်းမာရေးဝန်ထမ်း များအားတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဇွန်လ၁၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည်၎င်း၏ မဲဆန္ဒနယ်
အတွင်းရှိ ကော့မှူးမြို့နယ်ပြည်သူ့ဆေး ရုံနှင့် အခြေခံပညာအထက် တန်းကျောင်း သို့ ဦးခင်ရွှေနှင့်အတူ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်တွင် ကော့မှူးမြို့နယ်ရှိကျေး ရွာများ၌ ကျန်းမာရေးအရ လိုအပ်နေသော ဆရာဝန်၊ သူနာပြုဦးရေနှင့်
 ဆေးရုံဝန် ထမ်းအိမ်ရာများကို လိုအပ်သလို ကူညီ ဖြည့်ဆည်းပေးသွားမည်ဟု ဒေါ်အောင် ဆန်းစုကြည် က
 ပြောကြားခဲ့သည်။

ယင်းအပြင် ကော့မှူးမြို့နယ်ရှိ ကလေးငယ်များမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယင်းကို ဦးခင်ရွှေက ဒေါ်အောင် ဆန်းစုကြည်အား''အစ်မအနေနဲ့ ဖြစ်နိုင် လို့ရှိရင် ယူနီဆက်ကို ကျန်တာပေး
မယ့်အစား နို့မှုန့်ပေးစေချင်တယ်လို့ ပြော ပေးစေချင်တယ်။မူလတန်းကလေးတွေအာဟာရကျွေးလို့ရအောင်
ပါ'' ဟု ပြော ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားေ ပးမည်ဟု ပြောဆိုခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း သို့ သွားရောက်စဉ်တွင်လည်း စာသင် ကျောင်းများ၌ လိုအပ်နေသော လျှပ်စစ် မီးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကစားကွင်းများ အသုံးမပြု နိုင်သည့် အခက်အ
ခဲ၊ ကျောင်းသားတိုင်း ကျောင်းမတက်နိုင်သည့် အခက်အခဲနှင့် စာသင်ချိန်နည်းပါးခြင်း အခက်အခဲများ ကို
ကျောင်းဆရာ၊ဆရာမများကတင် ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြော
 ကြားသွားခဲ့သည်။

Popular Myanmar , RangonNewsDaily
kolatt(PBDN): 19.6.2013

No comments:

Post a Comment