မလေးရှားနိုင်ငံမှ
အခက်အခဲများကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံသို့ ယနေ့ ၁၅.၆.၂၀၁၃၊ နေ့လည် ၂
နာရီခန့်
တွင် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို Air Bagan မှ တာဝန်ရှိသူများ၊ လေယာဉ်မှူးများ၊
လေယာဉ်မောင်မယ်များနှင့်
ဝန်ထမ်းများမှ ရန်ကုန်အပြည်
ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့
သည်။
ယနေ့
ပြန်လည်ရောက်ရှိလာသော မလေးရှားနိုင်ငံပြန် မြန်မာနိုင်ငံသားများအား
လေဆိပ်မှ မထွက်ခွာမီ မိမိတို့နေရပ်ဒေသများသို့ ချောချောမွေ့မွေ့
ပြန်လည်ရောက်ရှိရန်Air Bagan မှ နေ၍အခမဲ့ လေကြောင်း
ခရီးစဉ်များဖြင့်
စီစဉ်ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံတစ်ခုတွင်
အခက်အခဲများဖြင့် ရင်
ဆိုင် ကြုံနေရသောကြောင့် နိုင်ငံသားချင်း
ကူညီရိုင်းပင်းလိုသည့် စိတ်ဓါတ်ဖြင့် အကူအညီပေးခဲ့ ကြခြင်းဖြစ်
ပါသည်။
နောက်လာမည့် နေ့ရက်များတွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
Information Counter ဆက်လက်ထားရှိပြီး ကူညီဆောင်ရွက်ပေးသွားရန်
စီစဉ်ထားရှိပါကြောင်း အသိပေးအပ်ပါသည်။
ဆက်သွယ်ဆောင်ရွက်လိုပါကPublic
Relation Department(ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄)သို့တိုက်ရိုက် မေးမြန်း
နိုင်ပါသည်။
ယနေ့မလေးရှားပြန်မြန်မာများကိုရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရစဉ် The Irrawaddy (Burmese Version) |

No comments:
Post a Comment